Showing posts with label အတိုအထွာစာစုများ. Show all posts
Showing posts with label အတိုအထွာစာစုများ. Show all posts

အခြားတစ်ဖက်

12 ယောက်ဆွေးနွေးချက်










ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ
မုန်းခြင်းတွေရှိနေမယ်..


ကြင်နာခြင်းရဲ့အခြားတစ်ဖက်မှာ
နာကြင်ခြင်းတွေရှိနေမယ်..


မှန်ကန်ခြင်းရဲ့အခြားတစ်ဖက်မှာ
လိမ်ညာခြင်းတွေရှိနေမယ်..


ရိုးသားခြင်းရဲ့အခြားတစ်ဖက်မှာ
ကောက်ကျစ်ခြင်းတွေရှိနေမယ်..


ယုံကြည်ခြင်းရဲ့အခြားတစ်ဖက်မှာ
သံသယဖြစ်ခြင်းတွေရှိနေမယ်..


ဒါကို ဆန့်ကျင်ဖက်နိယာမတွေလို့
သတ်မှတ်ထားမယ်ဆိုရင်..
မင်းအပြောတွေရဲ့ အခြားတစ်ဖက်မှာ
ဘာများရှိနေလိမ့်မလဲလို့ ငါတွေးမိနေဆဲ…။

ဖြစ်ချင်တယ်

15 ယောက်ဆွေးနွေးချက်

















ငါဟာ လူအများဖြတ်သန်းသွားလာဖို့

တံတားကြီးတစ်စင်း မဟုတ်ရင်တောင်

လူအနည်းငယ်လောက် ဖြတ်ကူးနိုင်မယ့်

ပေါင်းကူးတံတားလေးတော့ ဖြစ်ချင်တယ်


ငါဟာ လူအများလုံခြုံစွာနေထိုင်ဖို့

အိမ်ကြီးတစ်လုံး မဖြစ်နိုင်ရင်တောင်

လူတစ်ချို့အတွက် အမိုးလုံတဲ့

ဇရပ်လေးတစ်ခုတော့ ဖြစ်ချင်တယ်


ငါဟာ လူအများအမြင့်တက်နိုင်ဖို့

ဓါတ်လှေကားကြီးတစ်စင်း မဟုတ်ရင်တောင်

လူအချို့ တက်ရောက်နိုင်မယ့်

သစ်သားလှေကားလေးတော့ ဖြစ်ချင်တယ်


ငါဟာ လူအများကို လိုရာပို့ဆောင်နိုင်မယ့်

မော်တော်ကားတစ်စီး မဖြစ်ရင်တောင်

လူတစ်ယောက်အတွက် လိုရာရောက်နိုင်မယ့်

စက်ဘီးလေးတစ်စီးတော့ ဖြစ်ချင်တယ်


ငါဟာ လူအများကို အအေးဓါတ်ရစေမယ့်

အဲယားကွန်းကြီး မဟုတ်ရင်တောင်

လူတစ်ယောက်ကို အပူသက်သာစေမယ့်

ယပ်တောင်လေး တစ်ချောင်းတော့ ဖြစ်ချင်တယ်


ငါဟာ……

…………………

……………………

………………………………..ဖြစ်ချင်တယ်


ငါဟာ…….

……………..

………………………….ဖြစ်ချင်တယ် ဖြစ်ချင်တယ်

နားကန်းသူ

16 ယောက်ဆွေးနွေးချက်
လေမှာလွင့်ပျောက်
အကောင်အထည်မရှိ
ဖမ်းဆုတ်မရနိုင်
မမြင်သောအရာ
ပါးစပ်ကပြောတဲ့
ထိုထို စကားများ
နားဝင်ချိုအောင်
မပြောတတ်သူတို့ အတွက်
ငါ့ရဲ့ နားဟာ. အကန်းပါ.....လို့ ။ ။

မိုးရွာနေသောနှလုံးသား

3 ယောက်ဆွေးနွေးချက်
မျက်လုံးထဲကမထွက်သေးဘူး။
သွားလာခဲ့တဲ့ပုံရိပ်တွေက
မနေ့ တစ်နေ့ ကအထိ
ထင်ကျန်နေဆဲရင်ထဲမှာ
သြော်ဘ၀ဆိုတာ…ဒါပဲလား
တွေ့ ကြုံဆုံပြီး ခွဲခွာရတာ
ဓမ္မတာလို့ သိခဲ့ပေမယ့်
ကိုယ်မသွားခင်..အရင်သွားပြီ
ခွဲခွာခြင်းကို သူ စခဲ့ပြီ။
ကျရှုံးသွားတဲ့နှလုံးသားနဲ့ 
ရင်ထဲမိုးများရွာသွန်းဆဲမို့ 
ဖြေမဆည်နိုင်သေးတဲ့.
ခဏတာမှာတော့..
ညီမလေးရေ.. သတိရနေဆဲပါ။

ညီမလေး(မွန်မွန်ကျော်)(၂၃နှစ်)သို့ …

နှုတ်ဆက်ပါတယ် ဒီဇင်ဘာ

0 ယောက်ဆွေးနွေးချက်








နှုတ်ဆက်ခဲ့ပြီ ဒီဇင်ဘာ

ငါ မင်းကိုမခွဲချင်ပေမယ့်
နှစ်သစ်ရဲ့ နေ့တစ်နေ့က
ငါ့ကို လက်ကမ်းကာ ကြိုနေပြီလေ
ဒီနေ့ဟာ မင်းရဲ့နောက်ဆုံးမို့
ငါကြေကွဲကာ ၀မ်းနည်းနေလည်း
မင်းရဲ့နောက်ဆုံး အချိန်လေးကို
အားလုံးပျော်ရွှင်အောင် ပေးဆပ်ခဲ့တာကြောင့်
ငါမေ့ရက်နိုင်မှာ မဟုတ်ပါဘူး ဒီဇင်ဘာရယ်။

အနမ်း


`အသိ`

3 ယောက်ဆွေးနွေးချက်
အချိန်တွေက ရွေ့လျားသွားနေတယ်
ကမ္ဘာကြီးက လည်ပတ်နေဆဲ
ဘယ်သူ့ကိုမှ မစောင့်တတ်တဲ့အချိန်ရယ်
မရပ်မနားလည်ပတ်နေတဲ့ ကမ္ဘာကြီးရယ်
လှုပ်ရှားနေကြတဲ့ လူတွေရဲ့ကြားမှာ
နင်ရယ်၊ ငါရယ် တစ်နေရာစီမှာတော့ ရှိနေကြသေးတယ်။

အနမ်း


မသိသော ..???

3 ယောက်ဆွေးနွေးချက်

တစ်ယောက်ကပြောတယ် အချစ်ဆိုတာ...
မီးတောက်ငယ်လေးတစ်ခုလို ပူလောင်တယ်တဲ့။
နောက်တစ်ယောက်က အချစ်ဆိုတာ...
ရှန်ပိန်တစ်ခွက်သောက်ရသလို ပူရှိန်းရှိန်းတဲ့။
နောက်ထပ်တစ်ယောက်ကတော့ အချစ်ဆိုတာ...
ပျားရည်အရသာလို ချိုမြမြလို့ ဆိုပြန်တယ်။
ဒါပေမယ့်၊ ငါထင်တာကတော့ အချစ်ဆိုတာ...
ဘာမှန်းမသိတဲ့ ရင်ထဲကခံစားချက် တစ်ခုပဲလို့ လေ။ ။

အနမ်း

သုံးသပ်ခြင်း

0 ယောက်ဆွေးနွေးချက်
လူတိုင်းမှာခံစားချက်ကိုယ်စီရှိကြတယ်နော်...
ကိုယ်လည်းကိုယ့်ရဲ့ခံစားချက်ဆိုတာရှိတာပဲလေ
ကိုယ့်ရဲ့ခံစားချက်တွေကိုအမှတ်တရအဖြစ်ရေးမယ်ဆိုရင်...
အဲဒီအမှတ်တရတွေဟာတစ်ချိန်ချိန်မှာအမှတ်တမဲ့ဖြစ်ပြီး
ကိုယ့်ရဲ့ခံစားချက်တွေဟာလည်း၊ကိုယ့်ရဲ့ဟာသအဖြစ်ပြောင်းလဲသွားမလားပဲ။

အနမ်း

နားမလည်နိုင်သော

0 ယောက်ဆွေးနွေးချက်
နားလည်နိုင်ပါ့မလား..?????
ဆွဲမရသော...........ပန်းချီ
ရေး၍မထင်သော....စာ
ပြော၍မရသော......စကား ဆိုတာရှိတယ်။
ဒါကိုနားလည်နိုင်ပါ့မလား..???

ဘဝ

1 ယောက်ဆွေးနွေးချက်
ဖြစ်ချင်တာက......ဆန္ဒ
ဖြစ်နေတာက......ဘဝ
ဖြစ်သင့်တာက.....သဘာဝ တဲ့
တစ်ခါတစ်လေကျတော့...
ဖြစ်ချင်တဲ့ဆန္ဒတွေကိုမျိုသိပ်ထားရပြီး
ဖြစ်နေရတဲ့ဘ၀မှာ
ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရတယ်လေ။