Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

အနမ်းတွေကို စာဖွဲ့ ထားတယ်

14 ယောက်ဆွေးနွေးချက်

ဒီဘလော့ဂ်လေးရဲ့နာမည်နဲ့ လိုက်ဖက်အောင် အနမ်းတွေရဲ့အကြောင်း တစေ့တစောင်းကို စုဆောင်းတင်ဆက် လိုက်ပါတယ် ။ မထင်မရှားနဲ့ ပြောစရာရှားတဲ့ အကြောင်းတွေကို “စာမဖွဲ့လောက်ပါဘူး” လို့ သုံးတတ်ကြ တယ်မဟုတ်ပါလား ၊ အနမ်းတွေရဲ့ အကြောင်းကတော့ စုဆောင်းရင် စုဆောင်းသလောက် စာတစ်စောင်သာမက ကျမ်းတစ်စောင်တောင် ဖွဲ့နိုင်ကောင်းတယ် ။
သူတို့ အကြောင်းကို သိပ္ပံနည်းကျလေ့လာတဲ့ Philematology ဆိုတဲ့ ဘာသာရပ်တောင် ရှိပါသေးလား ၊ အနမ်းလေးတွေရဲ့ တန်ဘိုးကလည်း မြင့်ပါဘိ ၊ အနမ်းလေးတွေရဲ့ အဓိပ္ပါယ်ကလည်း ကျယ်ဝန်းပါဘိတော့ ၊
A kiss is worth a thousand words တဲ့ ဆိုစကား ရှိပါတယ် ၊ အနမ်းတစ်ခုဟာ စကားလုံးပေါင်း တစ်ထောင် အဖိုးထိုက်တန်သတဲ့လေ ၊ ဒါဆိုရင် အနမ်းတွေ အကြောင်းကို စာတစ်တန် ပေတစ်ဖွဲ့နဲ့ ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ လုံလောက်ပြီ ထင်ပါရဲ့ ။

လူတိုင်းလူတိုင်းနီးပါးဟာ အနမ်းတွေကို နှစ်သက်စွာခံယူခဲ့ကြဖူးပါလိမ့်မယ် ၊ ငယ်စဉ်ကတည်းက အဖေအမေတွေ ဦးကြီးဦးလေးတွေ ဒေါ်ကြီးဒေါ်လေးတွေက ကျနော်တို့ကို ချစ်ခင်ယုယစွာနဲ့ နမ်းခဲ့ကြတယ် ၊ အသက်အရွယ် ဖွံ့ဖြိုးလာတော့လည်း ရင်ခုန်စရာ အနမ်းတွေနဲ့ စိတ်ကူး ယဉ်ခဲ့ဖူးပါလိမ့်မယ် ၊ နေရာဒေသအလိုက် ၊ အသက်အရွယ်အလိုက် ၊ နမ်းတဲ့ ပုံစံ အနေအထားအလိုက် သင်္ကေတ အမျိုးမျိုးကို ဆောင်နဲ့ အနမ်းများစွာကို ကမ္ဘာတစ်လွှားက လူသားတွေ ပြုလုပ်ခဲ့ ကြတယ် ၊ လူတွေကို မဆိုထားနဲ့ မျောက် ၊ မြင်း ၊ ခွေး နဲ့ ငှက်တွေ စတဲ့ တိရစ္ဆာန်တွေတောင် သူ့နည်းသူ့ဟန်နဲ့ နမ်းကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ် ။

လူတွေကတော့ ပိုနမ်းတာပေါ့ ၊ ပိုပြီး ခံစားတတ်တာကိုး ၊ ပျမ်းမျှအားဖြင့် လူတစ်ဟာက်ဟာ ဘ၀မှာ မိနစ်ပေါင်း ၂၀,၁၆၀ နမ်းခဲ့ကြတယ်လို့ ပညာရှင်တွေက တွက်ချက်ထားကြတယ် ၊ အနမ်းတွေနဲ့ချည်းပဲ သီတင်းနှစ်ပတ်စာ ရှိတယ် ။ မနမ်ဖူးသေးဘူးလို့ ပြောတဲ့ သူလဲ ရှိပါလိမ့်မယ် ၊ ဒါပေမယ့် ဒီဂဏန်းဟာ ကမ္ဘာတစ်လွှားက လူတွေနဲ့ ပျမ်းမျှတွက်ထားတာမို့ပါ ။ ဥပမာအားဖြင့် အမေရိကန် အမျိုးသမီးတစ်ယောက်ဟာ လက်မထပ်ခင်မှာ လူဦးရေ (၈၀) လောက်ကို နမ်းပြီးခဲ့ပြီတဲ့၊ social kiss လို့ခေါ်တဲ့ နှုတ်ခွန်းဆက် အနမ်းလေးတွေလဲပါမှာပေါ့ ၊ ၅၀ % သော အသက် ၁၄ နှစ် အောက် ငယ်သူများဟာလည်း နမ်းဖူးနေကြပြီ ၊ သိတယ်မဟုတ်လား သူတို့ဆီကတော့ သိပ်လွပ်လပ်တယ်လေ ၊ ဒါပေမယ့် အဲဒီလွပ်လပ်တဲ့ နိုင်ငံမှာကိုပဲ တချို့နေရာတွေမှာ မနမ်းရ ဆိုပြီး သတိပေး ဆိုင်းဘုတ် ချိတ်ထားတာတွေ ရှိတယ်ဆိုတာ သိရတော့ အံ့သြရပြန်ပါရော ၊ အသွားအလာ ရှုပ်ထွေးတဲ့ နေရာမျိုးတွေမှာ သွားလာနေတဲ့ သူတွေကို အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါတဲ့ နောက်ဆုံးတင်ထားတဲ့ အကြာဆုံး အနမ်းစံချိန်ကတော့ ၃၁ နာရီ ၃၀ မိနစ်နဲ့ စက္ကန့် ၃၀ ကြာတဲ့ လန်ဒန်က စုံတွဲ တစ်တွဲ ဖြစ်ပါတယ် ၂၀၀ ၅ ခုနှစ်က တင်ထားတဲ့ စံချိန်ပါ ။

အနမ်းတွေကို လွပ်လွပ်လပ်လပ် ပေးနေကြတဲ့ နိုင်ငံတွေဆိုတော့ သူတို့ဆီကပဲ အဲဒါတွေကို စခဲ့လေမလားလို့ စပ်စုကြည့်မိပြန်တော့ လုံးဝလုံးဝ လွဲသွားရပြန်ပါတယ် ၊ အနမ်းတွေကို လူတွေ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုတာ သမိုင်းပညာရှင်တွေ မပြောနိုင်ကြဘူး ၊ စာပေအထောက်အထားအရတော့ BC 1500 လောက်ကတည်းက ရေးထားတဲ့ အန္ဒိယနိုင်ငံက သက္ကတဘာသာ ကျမ်းတစ်စောင်မှာ တွေ့ရတယ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ လောက်ကတည်းက အာရှမှာ တွင်တွင်ကျယ်ကျယ်ကြီး နမ်းနေခဲ့ကြပြီပေါ့ ၊ နောက်တစ်ခါ BC 300 လောက်မှာ ကတည်းက ရှိနေခဲ့တဲ့ သျတ္တရ ကျမ်းမှာ အနမ်း အမျိုးပေါင်း ၃၀ ကျော် ကို မှတ်တမ်းတင်ထားခဲ့တယ်ဆိုပဲ ၊ အဲဒီအထဲမှာ fighting of tongue လို့ အဓိပ္ပါယ်ရတဲ့ အနမ်းတစ်မျိုးတောင် ပါ..ပါသေးလား ၊ ဒါဆို လျှာကလဲ ပါလာပြီလို့ ဆိုရမှာပါ ၊ BC 326 မှာ ဂရိဘုရင် Alexander the Great ဟာ အိန္ဒိယကို တိုက်ခိုက်ပြီးတဲ့အခါမှာ ၊ အိန္ဒိယမှာ ထွန်းကားနေတဲ့ အနမ်းတွေကို ဥရောပကို သယ်ဆောင်သွားခဲ့တယ်လို့ ဆိုကြပါတယ် ။

စပ်စုမိပြီဆိုမှတော့ တော်တော်လေး ပြည့်စုံအောင် စပ်စုမှတော်ကာကျမယ်ထင်ပါရဲ့ ၊ ဒါနဲ့ပဲ အနမ်းတွေ အမျိုးပေါင်းဘယ်လောက် နာမည်တပ်ထားတာ ရှိသလဲ ၊ လူတွေ နမ်းကြတဲ့အခါ ဘယ်လိုပုံရှိသလဲ ၊ ကျန်းမာရေး လူမှုရေး စတာတွေ အတွက်ကော ကောင်းရဲ့လား စတဲ့ အဲလိုအချက်တွေကို စပ်စုမိတဲ့အခါ စိတ်ဝင်စားဖို့ ကောင်း တာကို တွေ့ရပါတယ် ။

ဂျာမန် တက္ကသိုလ်တစ်ခုက အတွဲရာပေါင်းများစွာရဲ့ နမ်းကြပုံတွေကို လေ့လာတဲ့အခါမှာ ၃ ပုံမှာ ၂ ပုံသော အတွဲများဟာ နမ်းနေစဉ်မှာ ခေါင်းကို ညာဖက်စောင်းထားကြပြီး အများစုက မျက်စေ့ကို မှိတ်ထားကြတယ်လို့တွေ့ရပါတယ် ၊ တွေ့ရတဲ့ အချက်တော်တော်များများကတော့ အနမ်းလေးတွေဟာ ဆေးဖက်ဝင်ပါတယ် ၊ နမ်းတဲ့ အခါ စိတ်တင်းကြပ်မှု Tension နဲ့ စိတ်ဖိစီးမှု Stress ကိုလျော့ပါးစေတယ် ၊ ပါးစပ်နဲ့သွား ရဲ့ ကျန်းမာရေးကို ပိုကောင်းစေတယ် ၊ နှလုံးကနေ သွေးကိုပိုပြီး ညှစ်ထုတ်ပေးလို့ နှလုံးနဲ့သွေး ကြောစနစ်ကိုကောင်းမွန်စေတယ်၊ ရင်ခုန်စေတဲ့ အနမ်းဆိုတာအမှန်ပါပဲ ၊ နှလုံးခုန်တာကို မြန်စေတယ် ၊ သွေး ဖိအားကို တစ်မိနစ်မှာ အကြိမ်တစ်ရာ ပိုလာစေတယ် ၊ နမ်းပုံ အမျိုးမျိုးပေါ်လိုက်ပြီး မျက်နှာပေါ်က ကြွက်သားတွေ ၂ ခုကနေ ၃ ၄ ခုလောက်ထိ အလုပ်လုပ်ရတယ် ၊ မျက်နှာပေါ်က ကြွက်သားတွေကို လေ့ကျင့်ခန်းတစ်ခု လုပ်လိုက်သလို ဖြစ်လို့ မျက်နှာမှာ အရေးအကြောင်းတွေကို လျော့စေတယ် ၊ နှစ်ယောက်စလုံးရဲ့ လျှာပေါ်မှာရှိတဲ့ အမျိုးပေါင်း ၂၇၃ မျိုး ရှိပြီး အရေအတွက် သန်းပေါင်းများစွာသော ဘက်တီးရီးယားတွေကို ဖလှယ်ကြတယ် ၊ အဲဒီအထဲက ၉၅ % လောက်ဟာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဖြစ်လို့ နမ်းဖို့အတွက် ကြောက်စရာ မလိုဘူးနော်။

ဒီထက်ပိုပြီး အသုံးဝင်တာတွေ ရှိသေးတယ် ၊ တစ်ခါနမ်းရင် ၆.၄ ကယ်လိုရီလောက် လောင်ကျွမ်းစေပြီးတော့ တစ်မိနစ်လောက်နမ်းရင် ၂၆ ကယ်လိုရီလောက်ကိုကုန်ဆုံးစေတယ် ၊ အဲဒီပမာဏဟာ ၅မိနစ်လောက် လမ်း လျှောက်ရတဲ့ လေ့ကျင်ခန်းလုပ်တာနဲ့ အတူတူပဲ ၊ ၀တဲ့သူတွေအဖို့တော့ ပိန်ဆေးတစ်မျိုး ရပြီပေါ့ ၊ Matrimonial လို့ခေါ်တဲ့ စစ်တမ်းကောက်သူများရဲ့ လေ့လာချက်တစ်ခုမှာ တွေ့ရတာက မနက်ခင်းတိုင်းမှာ ကိုယ့်ရဲ့ ဇနီးကို နမ်းပြီး အလုပ်သွား တဲ့ သူတွေဟာ ပျမ်းမျှဝင်ငွေပိုကောင်းပြီး အသက်လည်း ၅ နှစ်ပို ရှည်စေတယ်လို့ ဆိုပါတယ် ၊ ကဲ ၀င်ငွေတိုးပြီး အသက်ရှည်ချင်သူတွေကို လက်တို့လိုက်ပါတယ် ၊ ဒီနည်းလေးကို စမ်းသုံးကြည့် ကြ ပါလို့ ။

ဘာဖြစ်လို့ အသက်ကို ပိုရှည်စေသလဲဆိုတော့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေး နှစ်ခုစလုံးကို ရစေတဲ့ အတွက်ပါ ၊ အနမ်းဟာ အထက်မှာ ပြောခဲ့သလိုပဲ စိတ်တင်းကျပ်မှုတွေ ၊ စိတ်ဖိစီးမှုတွေကို လျော့စေတယ် ၊ စိတ်ကို သာယာကျေနပ်မှု ဖြစ်စေတယ် ၊ နှလုံးကို ပိုခုန်စေတဲ့အတွက် သွေးလှည့်ပတ်မှုကို မြန်စေတယ် ၊ အောက်ဆီဂျင်ကို ပိုပြီးရစေတယ် ၊ နမ်းနေတဲ့ အချိန်မှာ နာခေါင်း နှုတ်ခမ်း ၊ မျက်နှာပေါ်က အာရုံကြောတွေကနေ ခံစားရတဲ့ အချက်အလက်တွေကို ဦးနှောက်ဆီကို သတင်းပို့လိုက်တယ် ၊ ယုံချင်ရင်ယုံပါ နှုတ်ခမ်းလေးတွေဟာ လက်ချောင်းလေးတွေထက် ခံစားမှုကို အဆ (၁၀၀) ထိ ပိုပြီး သိနိုင်ပါသတဲ့ ၊ သတင်းပို့ချက် ရလိုက်တဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ဆီကို သူနဲ့ ဆက်နွယ်တဲ့ ဟော်မုန်းဓါတ်တွေ ထုတ်ပေးဖို့ အမိန့် ပေးလိုက်ပြန်ပါတယ် ၊ အဲဒါတွေကတော့ Oxytocin, Dopamine , Serotonin နဲ့ Adrenaline တို့ ဖြစ်ပါတယ် ။

Oxytocin က တွယ်တာမှုသံယောဇဉ် ၊ ယုံကြည်ကိုးစားမှု နဲ့ ချစ်ခင်နှစ်သက်မှုတွေကို ဖြစ်စေတယ် ၊ Oxytocin တွေတိုးပွားလာတဲ့အခါ လူရဲ့ ကိုယ်ခံအားစံနစ်ကို ပိုကောင်းစေတယ် ၊ Dopamine ကတော့ သာယာတဲ့ ခံစားမှု အာရုံတွေကိုဖြစ်စေတယ် ၊ စေ့ဆော်မှုတွေကိုဖြစ်စေတယ် ၊ Dopamine လျော့နည်းနေရင် မှတ်ဥာဏ်မကောင်း တာ ၊ အာရုံမစူးစိုက်နိုင်တာ ၊ အပြုအမူတွေ ပရမ်းပတာဖြစ်တာ၊ အလွဲလွဲအချော်ချော်ဖြစ်နေတာ စတဲ့ဆိုးကျိုး တွေကိုရလာနိုင်ပါတယ် ။

Serotonin ကတော့ လူရဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေတယ် ၊ သူကျဆင်းနေရင် စိတ်ဓါတ်ကျဆင်းမှုကို ဖြစ်စေတယ် ၊ ပုံမှန်ထက် အနည်းငယ်မြင့်နေမယ်ဆိုရင်တော့ စိတ်တက်ကြွမှုကို ရရှိစေတယ် ၊ Adrenaline ကတော့ နှလုံးခုန်နှုန်းကို အားကောင်းစေပြီးသွေးဖိအားကို မြင့်စေတယ် ၊ လုပ်ဆောင်မှု (performance) ကို မြင့်မားစေတယ် ၊ အချို့သော အားကစားသမားတွေဟာ စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် Adrenaline ဆေး ကို သုံးစွဲကြတယ် ၊ ဒါပေမယ့် ပင်ကိုယ်စွမ်းဆောင်ရည်ကသာ အမှန်ဖြစ်တဲ့အတွက် အဲဒီဆေးကိုသုံးစွဲမှု တားမြစ်ထားပါတယ် ၊ ဒါလောက်ဆို အနမ်းလေးတွေက တော်တော်ခရီးရောက်တယ်ဆိုတာ သိလောက်ပါပြီ ။
အဲဒီလို အစွမ်းထက်တဲ့ အနမ်းတွေကို အမျိုးမျိုးနာမည်ပေး ထားတာလေးတွေကိုလည်း ပြောပြချင်ပါသေးတယ် ၊ ရှေးရောမခေတ်က အနမ်းတွေကို သုံးမျိုးခွဲခဲ့တယ် ။

အဲဒါတွေကတော့

(၁) Osculum တဲ့ ပါးလေးကို နမ်းတာ ၊
(၂) Basium ဆိုတာက နှုတ်ခမ်းလေးတွေကို နမ်းတာ
(၃) Savolium ဆိုတာကတော့ deep kiss တဲ့ ၊ ဘာသာပြန်ဖို့ အခက်အခဲ ရှိတာကြောင့် အင်္ဂလိပ်အတိုင်းပဲ ထည့်ပေးလိုက်ပါတယ် ၊ deep kiss ဆိုတာ ဘယ်လိုများပါလိမ့် သိချင်စရာပဲနော် ၊ အခုခေတ်မှာတော့ အနမ်းတွေက နည်းပေါင်းတော်တော်များလာပါပြီ ၊ ဗဟုသုတ အဖြစ်နဲ့ သိသမျှ အနမ်းတွေကို အောက်မှာ ဖေါ်ပြလိုက်ပါတယ် ၊ ထူးခြားတယ်လို့ ထင်တဲ့ အနမ်းလေးများကိုပဲ အဓိပ္ပါယ်ဖွင့်ပေးလိုက်ပါတယ် ။

(၁) Butterfly kiss နှာခေါင်းတို့ ပါးစပ်တို့ မပါပဲနဲ့ မျက်တောင်လေးတွေနဲ့ပဲ လိပ်ပြာလေး တောင်ပံခတ်သလို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ရဲ့ပါးပြင်ပေါ်ကို ထိခတ်စေတာ
(၂) Eskimo Kiss ဒါကတော့ နှာခေါင်းလေးတွေချည်းပဲ ဘယ်ညာခတ်ပြီး တွတ်ထိုးတာ
(၃) Platonic kiss ( Socratic kiss ) ပါးပြင်ပေါ် နမ်းတာလေးပါ
(၄) Good night kiss အမေက သားသမီးလေးတွေကို သိပ်တဲ့အခါ နမ်းတဲ့အနမ်းပါ ၊ ဒါမှမဟုတ် အိပ်ခန်းထဲကို မပို့ခင် Good night လို့နှုတ်ဆက်ပြီး နမ်းတဲ့အနမ်းပါ
(၅) Wake up kiss မနက် အိပ်ယာက နှိုးတဲ့ အနမ်းလေးပေါ့
(၆) Eye Kiss
(၇) Ear Kiss
(၈) Forehead kiss
(၉) Angel kiss
(၁၀) Shy Kiss
(၁၁) Passionate Kiss
(၁၂) Static Kiss
(၁၃ )Open-Mouth Kiss
(၁၄) Combination Bite & Kiss
(၁၅) Tease Her Kiss
(၁၆ ) Body Kiss
(၁၇) Swoon Kiss:
(၁၈) The Rocking Kiss
(၁၉) Upside-down Kiss
(၂၀) French Kiss ( Soul Kiss )
နောက်ထပ်အများကြီး ရှိပါသေးတယ် ၊ ရေးရင် မကုန်နိုင်လို့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ် ၊ ကိုယ်ပိုင် အနမ်းလေးတွေ ရှိရင်လည်း ပြောပြကြပါ ၊ အခုတော့ ဖတ်လာရတာ တော်တော်လေး ရှည်သွားပြီမို့ ဒီလောက်နဲ့ ပဲ ရပ်ပါရစေ။နွေးထွေး ချိုမြိန်သော အနမ်းများ ဖူးပွင့်ဝေဆာနိုင်ကြပါစေ .....

ဦးလေးကြီး(or) KWNO
ကျွန်မဘလော့ကို လာလည်ရင်း၊ ကျွန်မ နာမည်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးကိုတင်ပေးဖို့ တောင်းဆို မေလ်းပို့လာတဲ့အတွက် တင်ပေးရခြင်းဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးအဖြစ် ပဲမြင်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဦးလေးကြီး ဆိုတဲ့သူကိုလည်း ကျေးဇူးပါလို့ ..။

သိခြင်း၅မျိုး၊ မသိခြင်း၅မျိုး

8 ယောက်ဆွေးနွေးချက်
ခုတစ်လော စိတ်တွေထွေနေတာကြောင့် စာရေးဖို့ အားအင်မရှိသလို၊ ဘာရေးရမှန်း မသိ သေးတာကြောင့် ဗုဒ္ဓဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဗဟုသုတလေးတွေကိုသာ ပိုစ့်တင်ဖြစ်နေပါတယ်။

သိခြင်း(၅)မျိုး
၁။ ၀ိညာဏ်သိ အများသိသော အသိမျိုး
၂။ အမှတ်အသားဖြင့်သိသော အသိမျိုး
၃။ ပညာဖြင့်သိသော အသိမျိုး
၎။ အဘိညာဏ်တန်ခိုးဖြင့် သိသော အသိမျိုး
၅။ ပရိညာဉ်ဆိုက်အောင် သိသော ညာဏ်အသိမျိုး

မသိခြင်း(၅)မျိုး
၁။ မိမိမည်သည့်ဘ၀မှကူးလာသည်ဟူ၍မသိခြင်း
၂။ မိမိမည်သည့်အရွယ်ရှိအောင်နေရမည်ဟူ၍မသိခြင်း
၃။ မိမိမည်သည့်အနာရောဂါဖြင့်သေရမည်ဟူ၍မသိခြင်း
၎။ မိမိမည်သည့်အရပ်၌ သေရမည်ဟူ၍မသိခြင်း
၅။ မိမိ မည်သည့်ဘ၀သို့ ကူးပြောင်းရမည်ဟူ၍မသိခြင်း

ဓမ္မပါဒ-လာ
(စိန္တာမဏိ ဦးချစ်မောင်ရဲ့  ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေဗဟုသုတ မှ)

အိပ်မက်နဲ့ အိပ်မက်မက်ရခြင်း

9 ယောက်ဆွေးနွေးချက်

ကျွန်မတို့ တစ်တွေ အိပ်တဲ့အခါမှာ သူသူ ကိုယ်ကိုယ် အများအားဖြင့် အိပ်မက်တွေမက်တတ်ကြပါတယ်။အိပ်မက်ကိုတွေမြတ်နိုးကြသလားတော့မသိဘူး။ ညအိပ်တော့မယ်ဆိုရင် အချင်းချင်း တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်တတ်ကြတာက Goodnight ,Sweet Dream တဲ့။ အိပ်မက်လှလှ လေးတွေမြင်မက်ကြဖို့ ကိုဆုတောင်းပေးကြတယ်။


ကျွန်မကတော့ အိပ်မက် မက်မှာကိုပဲ စိုးကြောက်မိနေတယ်။ အိပ်မက်မက်ရင် အိပ်ရေးမ၀ သလိုပဲလေ၊ နောက်ပြီး အိပ်မက်ထဲမှာ ရန်ဖြစ်ပြီးစကားများတာတို့ ဒေါသထွက်တာတို့ မြင်မက်မိရင် ပိုဆိုးမယ် ထင်တယ်။ တစ်ချို့ ကလည်း အိပ်မက်မက်လို့ မနက်မိုးလင်းရင်ကိုပဲ ညက အိပ်မက်ထဲမှာ ဘယ်လို မက်တာ စသည်ဖြင့်ပြောပြီး အတိတ်တွေ၊ နမိတ်တွေကောက်တတ်ကြသေးရဲ့ ။ ကောင်း၏ မကောင်း၏ စသည်ဖြင့်ပေါ့။ အိပ်မက်ကျမ်းတွေလည်း ဖတ်ကြတယ်။း)


ကျွန်မနဲ့ အတူလာအိပ်တဲ့ ညီမတစ်ယောက်ရှိတယ်။ သူက ညတိုင်းမှာ အိပ်မက်တွေမက်သလို ယောင်ယောင်ပြီးလည်း ထ အော်တတ်တယ်။ ရယ်လိုက်၊ ငိုလိုက်၊ ရန်တွေဖြစ်လိုက်နဲ့ ပေါ့။ မနက်နိုးလို့ သူ့ ကိုပြောရင် ညက ဘယ်လိုအိပ်မက်လို့ ဘာညာနဲ့ ပြောပြပြီး၊ အဲဒါ ကောင်းလား ဆိုးလား လာမေးနေပါသေးတယ်။ သူ အိပ်မက် မမက်တဲ့ ညကမရှိပါဘူး။ ကိုးရီးယားကား ကြည့်လို့ အိပ်မက်ရတာကတစ်မျိုး၊ ရည်းစားကိုသတိရလို့ မက်ရတာကတစ်ဖုံ နဲ့ အမျိုးကို စုံနေတာပါပဲ။းD မယုံမရှိနဲ့ တကယ်ပြောတာ။ မနက်ဆိုရင် သူ့ အိပ်မက်ကို ပြန်မေးရတာက လည်းအမော။ မကောင်းဘူးလို့ တစ်ယောက်ယောက်ကပြောမိရင် အဲဒါ သူ့ မှာ တစ်နေကုန် မရွှင်လန်းတော့ဘူး။ စိတ္တဇ တောင်ဖြစ်မလားပဲ။းP

တကယ်တော့ အိပ်မက်မက်ရခြင်း အကြောင်း(၄)ပါးရှိတယ်လို့ သိရပါတယ်။ အဲဒါတွေက….

(၁) ဓာတုက္ခောဘ.. သည်းခြေ စသည်တို့ တုန်လှုပ်ချောက်ချားခြင်းကြောင့်မက်ခြင်း

(၂) အနုဘူတပုဗ္ဗ….. ရှေး၌ ခံစားဘူးသော အာရုံကြောင့်မက်ခြင်း

(၃) ဒေ၀တောပသံဟာရ…နတ်တို့ အာနုဘော်အစွမ်းဖြင့် ကောင်းကျိုး၊ မကောင်းကျိုး သိစေ

လို၍မက်ခြင်း

(၄) ပုဗ္ဗနိမိတ္တ………. ကုသိုလ်ကံ အကုသိုလ်ကံ အစွမ်းဖြင့် ကောင်းကျိုး၊ မကောင်းကျိုးကို

ကြိုတင်သိရှိစေသောကြောင့်မက်ခြင်း တို့ ပါပဲ။


ဆရာဦးအေးမောင်ရဲ့ (စိတ်ပညာနဲ့ စိတ်ငြိမ်းချမ်းမှု) မှာရေးသားထားတာကတော့  “ကျွန်ုပ်တို့  အိပ်ပျော်နေသောအခါ အတ္တနဲ့ ပရအတ္တသည် ငြိမ်ဝပ်နေ၍ မသိစိတ်ကိုပိတ်ပင်တားဆီး နိုင်စွမ်းမရှိကြတော့ချေ။ ထိုအခါ အချို့ သောမသိစိတ်များသည် အခွင့်ကောင်းယူ၍ အိပ်မက် ထဲ၌ ပေါ်လာကြသည်။” လို့ ဆိုထားပါတယ် ။


အတ္တ- ဇာတိစိတ်များကိုထိန်းချုပ်ထားသောအရာ

ပရအတ္တ- မိမိကိုယ် မိမိ ဆုံးမတားမြစ်သောတရား(၀ါ) မြန်မာတို့ နားလည်သော ကိုယ်စောင့် နတ်

ဒါ့အပြင် “အချို့ အိပ်မက်များ၏ ဦးတည်ချက်မှာ လူတို့ ၏ အလိုဆန္ဒများကိုအခိုက်အတန့် ဖြည့် စွက်ရန်ဖြစ်သည်။” လို့ လည်းဖော်ပြထားပါတယ်။

အိပ်မက်မမက်တာ ကြာပြီဖြစ်တဲ့ ကျွန်မလည်း ခုတစ်လော ညအိပ်တဲ့အခါ အိပ်မက်တွေမက် နေလို့ ဒီအကြောင်းလေးကို ပိုစ့်တင်ပြီးရေးဖြစ်သွားတာပါ။ ဒါပေမဲ့ မနက်မိုးလင်းတာနဲ့ ကျွန်မ ဘာတွေမက်ခဲ့လဲဆိုတာတော့ လုံးဝကိုသတိမရတော့ဘူး။း)


မှတ်ချက်။ ။ ဒီပိုစ့်လေးကြောင့် မည်သူကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိုပါ။


အနမ်း

လူ(၄)မျိုး၊ (၄)မျိုးသောလူ

12 ယောက်ဆွေးနွေးချက်


လူ အမျိုး(၄)ပါးနဲ့ (၄)မျိုးသောလူ ဟူ၍ရှိသည်။

လူအမျိုး( ၄ )ပါးဆိုတာက…
(၁) ခတ္တိယ (ခေါ်) မင်းမျိုး
(၂) ဗြာဟ္မဏ (ခေါ်) ပုဏ္ဏားမျိုး
(၃) ၀ဿ (ခေါ်) ကုန်သည်မျိုး
(၄) သုဒ္ဒ (ခေါ်) ဆင်းရဲသားမျိုး တို့ ပါပဲ။

ဒါဆိုကျွန်ုပ်တို့ က မည်သည့်အမျိုးထဲက လူတွေလဲ ????

လူ( ၄ )မျိုးဆိုတာကတော့…
(၁) ပြောသာပြော၏၊ ပြောသည့်အတိုင်းမလုပ်သောသူ
(၂) လုပ်ကားလုပ်၏၊ ပြောကားမပြောသောသူ
(၃) ပြောလည်းပြော၏၊ လုပ်လည်းလုပ်သောသူ
(၄) ပြောလည်းမပြော၊ လုပ်လည်းမလုပ်သောသူ

ကဲ ကျွန်ုပ်တို့ က ဘယ်လိုလူမျိုးလဲ????
နံပါတ်(၄) အချက်ကတော့အဆိုးဆုံးသောသူဖြစ်ပါတယ်။ ကျွန်မ၏မိတ်ဆွေများထဲ မည်သူမှ (၄) အချက်က လူမဖြစ်နိုင်ပါဘူးလို့ ယုံကြည်ပါတယ်။
ကျွန်မ တွေးတောမိတာလေး ကို ရေးသားမိခြင်းပါ။ မည်သည့်ရည်ရွယ်ချက်မှမပါပါ။

အနမ်း

“နှစ်သစ်ကူးသည့် မြန်မာ့သင်္ကြန်”

2 ယောက်ဆွေးနွေးချက်

“နှစ်သစ်ကူးသည့် မြန်မာ့သင်္ကြန်”

သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည်။ သကတ္တ ရရစ်သံနှင့် သင်္ကြန် ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။ 

မြန်မာလူမျိုးတို့ ၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင် ပွဲ တော်သည် အလွန်ကြီးကျယ် စည်ကားသော အမျိုးသားပွဲတော် တစ်ခုဖြစ်လာခဲ့သည်။

နိုင်ငံ၏ အဓိက ကိုးကွယ်သော ဗုဒ္ဓအယူဝါဒနှင့်တကွ အခြားသောယဉ်ကျေးမှု ဓလေ့ထုံးစံတို့  သည်လည်း ဟိန္ဒူအယူဝါဒနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံတို့ ရောထွေးကာ မြန်မာနိုင်ငံဖက်သို့  ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်ဆို၏။

မြန်မာလူမျိုးတို့ ၏ နှစ်ကူးသင်္ကြန်ပွဲတော်သည်လည်း ဟိန္ဒူ အယူဝါဒမှ ဆင်းသက်သော ဓလေ့ အတိုင်း ရှေးယခင်ကာလများ၌ မိဘ၊ ဆရာသမားများနှင့် သက်ကြီးဝါကြီးများကို သနပ်ခါး နံသာရေများ ၊ သပြေခက်ကလေးများဖြင့် ကန်တော့ကြသည့်အလေ့အထရှိခဲ့ကြသည်။

သင်္ကြန်ရေကစားသည့် အလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့သည်ကို နရသီဟပတေ့မင်းနှင့် မိဖုရားစောလုံ တို့ ၏ ရာဇ၀င်ဇာတ်ကြောင်းက သက်သေပြုနိုင်လေသည်။    

ရှေးယခင် ကတည်းက   နှစ်ကူးသင်္ကြန်ပွဲတော် ဟူ၍ ထူးခြားစွာရေပက်ဖျန်းကြသည့် အစဉ် အလာ မှာ ယခု ထက်တိုင် ထင်ထင်ရှားရှား တည်ရှိနေသေးသည်ကို တွေ့ မြင်နိုင်ကြပေသည်။  မြန်မာလူမျိုးတို့ ၏ နှစ်ကူးပွဲကို သင်္ကြန်ဟုသတ်မှတ် ခေါ်ဆိုခဲ့သည်။  နှစ်သစ်ကိုကြိုဆိုသည့် သဘောဖြင့် မြန်မာလူမျိုးတို့  သည် ရေပက်ကစားခဲ့ကြသည်။ 

ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့ နှင့် တစ်ဖွဲ့ အလွန်အကျူး အပြန်အလှန်ရေကစားမှုများ၊ အပြိုင်အဆိုင် စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ် ဆင်နွှဲမှုများအဖြစ် တဖြေးဖြေး အသွင် ပြောင်းးလာ ခဲ့ကြခြင်းဖြစ်သည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြသည့် အလေ့မှာ လာမည့် နှစ်တွင် ဘေးဘယာများကင်းစင်၍  ကြည်လင်အေးမြစေရန် ရည်သန် သည့် သဘော ဖြစ်သည်ဟု ဆိုကြသည်။

သင်္ကြန်ရက်များ ကို အကြိုနေ့ ၊ အကျနေ့ ၊ အကြတ်နေ့  နှင့် အတက်နေ့ ဆိုပြီး လေးရက်တိုင် တိုင် ကျင်းပလေ့ရှိကာ၊ နောက်တစ်နေ့ ကူးပြောင်းသည်တွင် နှစ်ဆန်းတစ်ရက်နေ့ ဟု သတ် မှတ်ခဲ့ကြသည်။ နှစ်ဟောင်း ကုန်၍ နှစ်သစ်ဆန်းစ ပထမနေ့ ကို နှစ်ဆန်းတစ်ရက် ဟုခေါ် ဆို ကြခြင်းပင်ဖြစ်သည်။  
 
ကမ္ဘာပေါ်ရှိ လူမျိုးတို့ သည် မိမိတို့ ၏ ဓလေ့ထုံးတမ်း အစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေရာ ‘နှစ်’ ဟူသည့်အပိုင်းအခြားကို သတ်မှတ်သည့် အစဉ်အလာရှိချိန်မှစ၍ နှစ် ဆန်း တစ်ရက်နေ့ ဟူသော ဝေါဟာရပေါ်လာသည်ဟု ယေဘူယျအားဖြင့် ယူဆရန်ရှိသော် လည်း မည်သည့်ခုနှစ်သက္ကရာဇ် မှ စ၍ နှစ်ဆန်းတစ်ရက်နေ့ ကိုနေ့ထူးနေ့ မြတ် အဖြစ်သတ် မှတ် ခဲ့သည် ကိုမူတတ်အပ်မဆိုနိုင်ကြပေ။

အဟောင်းမှအသစ်သို့  ကူးပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်သည်။ နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာ ဟုသတ်မှတ်ကြသည်။ နှစ်ဆန်းချိန်လူတစ်မျိုး နှင့်တစ်မျိုး မတူကြသကဲ့သို့  နှစ်သစ်ပွဲ ကျင်းပပုံချင်းလည်း မတူကြချေ။  

ယခုအခါ မြန်မာတို့ ၏ နှစ်တစ်နှစ်အကူး ရေပက်ဖျန်းကြသည့် ချစ်စရာ ရိုးရာအတာသင်္ကြန် ဓလေ့သည် ကမ္ဘာ နှင့် အ၀ှမ်း ယနေ့ ထက်တိုင် လူသိများထင်ရှား နေသည်ကို တွေ့ မြင်နိုင် ကြပေသည်။   

အနမ်း (သုခုမ)
မြန်မာ့စွယ်စုံကျမ်းအတွဲ(၆) ၊(၁၂) တို့ မှကိုးကားပါသည်။ 

ချစ်သူတို့ ရဲ့ ချစ်သက်တမ်း

4 ယောက်ဆွေးနွေးချက်

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ
1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်းများကိုမလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

(တကယ်ကိုယ်တွေ့အလုပ်ဖြစ်တဲ့ အချက်အလက်လေးတွေမို့ ပြန်မျှဝေတာပါ)ကျေးဇူးတင်ပါတယ် (
http://eyesaturnn.ning.com/) မှ mail ထဲသို့ ရောက်ရှိလာသော ဤစာကိုပြန်လည်တင်ပြခြင်းပါ။

မတတ်မြောက်သေးသည့်အရာ

0 ယောက်ဆွေးနွေးချက်

ကျွန်ုပ်တို့ သည်ကောင်းကင်တွင် ကျေးငှက်များကဲ့သို့ ပျံသန်းသွားကြသည်။
ပင်လယ်ထဲတွင် ငါးများကဲ့သို့ ကူးခတ်သွားကြသည်။
သို့ သော်လည်း ကျွန်ုပ်တို့ သည် ပထ၀ီမြေကြီးပေါ်၌ ညီအစ်ကိုမောင်နှမများကဲ့သို့ လက်တွဲပြီးသွားခြင်းမျိုးကို မသင်ကြားမတတ်မြောက်ကြသေးပေ။
မာတင်လူသာကင်း

လွယ်ကူခြင်း Vs ခက်ခဲခြင်း

2 ယောက်ဆွေးနွေးချက်
လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။

သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။

မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။

မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။

တပါးသူကို မိမိက ခွင်.လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင်.လွတ်ဖို. တောင်းဆိုရတာ ခက်ခဲပါတယ်။

စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။

အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။

ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။

နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။

ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။

ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။

သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။

အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။

ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။

တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။

ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။

ကျွန်တော်၏အွန်လိုင်းသူငယ်ချင်းများပျော်ရွှင်စေရန်၊အကျိုးရှိစေရန်ရည်ရွယ်ပြီးInformation သီတင်းအချက်အလက်များ၊နည်းပညာများ၊တေးသီချင်းများ၊ဟာသများ၊ဓာက်ပုံများစသည့်အီးမေးများကို
အလျှင်းသင့်လျှင်သင့်သလိုပို့ပေးနေပါသည်။

ကျွန်တော်၏မေးများကိုသူငယ်ချင်းများ၏သူငယ်ချင်းများထံသို့လည်းလက်ဆင့်ကမ်းပေးပါ။
အာဒမ်၏ပန်းသီးလေးမှကျေးဇူးတင်ပါသည်။

ကျွန်မ မေလ်းထဲကိုရောက်လာခဲ့တဲ့ သည်စာလေးကို နှစ်သက်လို့ ပြန်တင်ပြလိုက်ခြင်းပါ။

ပညာရှိ

0 ယောက်ဆွေးနွေးချက်
One is not wise
because one speaks much.
He who is peaceable,
friendly and fearless is called wise.

များစွာ စကားပြောကာမျှဖြင့် ပညာရှိမဖြစ်၊
သည်းညည်းခံတတ်၊ မုန်းသောရန်သူဟူ၍လည်း မထား။
အကြောက်လည်းမရှိသောသူကို ပညာရှိဟုခေါ်၏။

ဓမ္မပဒ

တကယ်လို့ ..

0 ယောက်ဆွေးနွေးချက်

တကယ်လို့ သာ တောင်ကြီးတွေက ရေးစရာမှတ်စရာ စာအုပ်ကြီးတွေများ ဖြစ်လာကြမယ်...
ရေကန်ထဲက ကန်ရေတွေဟာလည်း ရေးစရာ မှင်ရေတွေများ ဖြစ်ကုန်ကြပြီးတော့...
သစ်ပင်တွေကလည်း ရေးစရာ ချွတ်စရာ မှင်တံ၊ ကလောင်တံ၊ ခဲတံတွေများ ဖြစ်လာကြမယ် ဆိုရင်တောင်...


ဒီကမ္ဘာလောကကြီးထဲက အလွန့်အလွန် ကံဆိုးကြလွန်းလို့ အမြဲတမ်းဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အတိဒုက္ခဖြစ်နေကြသူတွေရဲ့ အစစ်အမှန် ဘဝသရုပ်ကို အဲဒီ စာအုပ်ကြီးတွေထဲမှာ ကန်ရေတွေလောက်ရှိတဲ့ မှင်တွေနဲ့ သစ်ပင် သစ်ကိုင်းတွေက ဖြစ်ပေါ်လာ ကြတဲ့ မှင်တံ ကလောင်တံတွေ သုံးပြီး ဖော်ပြဖို့ရာ စုံစုံစေ့စေ့ ပြည့်စုံလုံလောက်အောင် ရေးစွမ်းနိုင်ကြမှာ မဟုတ်ပါဘူး လို့ ပညာရှင် ဂျက်ကော့ဘိုဟ်မီး ကဆိုထားပါတယ်။

ဓမ္မဝီရ-သန္တာ