Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

ဆုတောင်းပေးကြရအောင်

7 ယောက်ဆွေးနွေးချက်
သင်္ကြန်တွင်း နေ့လည်ဖက် အွန်လိုင်းဝင်မိတဲ့ ကျွန်မကို မိုးသွေးငယ်က မလေးဘလော့ဂါများ ဆိုက်မှာ သင်္ကြန်ပွဲလေးလုပ်ထားတယ်လို့ ဖိတ်ခေါ်တာကြောင့် အဲဒီမှာ သင်္ကြန်သီချင်းများ နားထောင်ရင်း ရေပက်ကြတယ်။

အကြတ်နေ့ကလည်း နေ့လည်ပိုင်း မလေးဘလော့ဂါများဆိုက်မှာ သင်္ကြန်ရေကစားရင်း ပျော် နေမိပါသေးတယ်။ အဲဒီအချိန်မှာ သဇင်ဏီက ကန်တော်ကြီးက မဏ္ဍပ်တစ်ခုမှာ ဗုံးပေါက်တာ ကြားတယ် သေချာလား၊ မသေချာဘူး လား မသိသေးလို့ မေးနေတယ်ဆိုပြီး ၀င်ပြောပါတယ်။ ပထမတော့အမှတ်တမဲ့ သူရေးတာကိုမဖတ်မိသေးဘူး။ နောက်မှ သူပြောတဲ့သတင်းကို အိမ်က ညီမတစ်ယောက်ကိုပြောမိတော့ ကောလဟာလ ဖြစ်ပါလိမ့်မယ်တဲ့။ ချိုပြုံးတောင် ဦးနှောက် သွေးကြောပြတ်တယ်ဆိုပြီး ကောလဟာလဖြစ်သွားတာပဲလို့ပြောပါတယ်။

ဒါနဲ့ အွန်လိုင်းပေါ်ကထွက်ပြီး၊ မကြာပါဘူး အိမ်ကိုဖုန်းဝင်လာတယ်။ ကန်တော်ကြီးက မဏ္ဍပ် မှာ ဗုံးပေါက်လို့တဲ့။ ဒါဆိုရင်တော့ ဒီသတင်းကမှန်ပြီထင်တယ်လို့ မ၀ံ့မရဲတွေး...။ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေတွေဆီဖုန်းလှမ်း ဆက်မိသေးတယ်။

ဟုတ်တယ် တကယ်ပဲ ဗုံးပေါက်တာ...
ကိုယ်နဲ့သိတဲ့သူငယ်ချင်း မိတ်ဆွေတွေကတော့ အန္တရယ်ကင်းကြတယ်တဲ့။ ဒါပေမယ့် လူ အများကြီးတော့ ဒဏ်ရာလည်းရ၊ အသက်လည်းဆုံးရှုံးကြတယ်တဲ့လေ။ ညနေပိုင်းသတင်း မှာတော့ ကြေငြာတယ်။

၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့၊ မွန်းလွဲ ၃ နာရီခန့်အချိန်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး သုံးမိနစ်ခြား၍ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း နဲ့ ထိုသို့ဖြစ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူ အများအပြားရှိခဲ့ကာ သေဆုံးသူများလည်း ရှိကြောင်း၊ ဒဏ်ရာရရှိသူများကိုတော့ ရန်ကုန် ပြည်သူ့ဆေး ရုံကြီးမှာ တင်ပို့ထားကြောင်း တွေပါပဲ။ လူဦးရေတွေကတော့ စာရင်းကောက် ချက်တွေအရ အမျိုးမျိုးပါပဲ။ ဘယ်နှစ်ယောက်ပဲ ဖြစ်ဖြစ်ပါ။ ဒီသတင်းကြောင့် လူတိုင်း ထိန့်လန့် ကြရတာချည်းပါပဲ။

ကိုယ့်ရဲ့မြန်မာ့ရိုးရာသင်္ကြန်တွင်းမှာဖြစ်ရတယ်ဆိုတော့လည်း တကယ်ကိုစိတ်မကောင်းဘူး။ အပြစ်မဲ့ သေဆုံးသွားကြသူတွေကိုလည်း သနားမိတယ်။ တွေးကြည့်ရင် အဖြစ်အပျက်တွေက တကယ်မြန်ဆန်လွန်း ပါတယ်။ အမေတို့ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သွားသတိရမိတယ်။ နေ့မြင် ညပျောက်တဲ့ ခုတော့တကယ်ကို လက်တွေ့ကြုံနေကြရတယ်။ မနက်ကတောင် သူတို့အဖို့ပျော်မြူးလို့ကောင်းတုန်း နေ့လည်ရောက်တော့ သူတို့တွေ ပျက်စီးကုန်ကြတယ်။ သူတို့ကိုယ်သူတို့လည်း ဒီလိုဖြစ်မယ်လို့ ဘယ်သူမှတွေးထင်မိမယ် မထင်ဘူး။ အတိတ်က အကုသိုလ်အကျိုးပေးတွေပဲ ဖြစ်မလား။ ခုဘ၀မှာ ဒီလိုအဖြစ်နဲ့ကြုံရပေမယ့် နောက်ဘ၀တွေမှာ ကုသိုလ်ကံတရားများ ကောင်းကြစေဖို့ကို ကျွန်မအနေနဲ့ ဆုတောင်းပေးနေမိတယ်။ ဒဏ်ရာရသူများ သက်သာ ပျောက်ကင်းပြီး သေဆုံးသူများလည်း ကောင်းရာမွန်ရာ ရောက်ကြပါစေလို့ နှစ်သစ်နဲ့အတူ ကျွန်မတို့ ၀ိုင်းဝန်းဆုတောင်း ပေးကြရအောင်လား...။

၂၀၁၀ နှစ်သစ်ဆုတောင်း

11 ယောက်ဆွေးနွေးချက်

happy new year Pictures, Images and Photos
နှစ်သစ်မှာ ဘလော့ဂါအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

၂၀၁၀မှာ ဆန္ဒနဲ့ဘ၀တို့ တစ်ထပ်တည်းဖြစ်ကြပါစေ။

ဝမ်းနည်းမိပါကြောင်း

6 ယောက်ဆွေးနွေးချက်
ရွှေလမ်းငွေလမ်းဦးဝင်းကြည်နဲ့ သိခဲ့တာဘာမှမကြာသေးတဲ့ ရက်များကပါ။
ဦးဝင်းကြည်ရဲ့ ဘလော့ကနေဖတ်ရတဲ့ ရွှေဥမင်ဆရာတော်ကြီး၏သြ၀ါဒများကိုလိုချင် တာကြောင့် မေးလ်ပို့ ပြီး လှမ်းတောင်းမိရာက ဦးက invite လုပ်လာပါတယ်။ (အောင်ဦးဘလော့မှာတင်ပြီးသားပေမယ့် အဲဒီတုန်းက မဖတ်လိုက်ရလို့ ပါ)

ဦးနဲ့ chatting လုပ်မိတာက ခုအကြိမ်နဲ့ မှ ၂ကြိမ်ပါ။ ပထမတစ်ကြိမ်ကလည်း ကျေးဇူးတင် စကားပြောရင်း ကျွန်မကလှမ်းနုတ်ဆက်လိုက်ပါတယ်။ အထွေအထူးတော့ ဘာကိုမှမပြော ဖြစ်ပါဘူး။ လူတစ်ယောက်ကို ချက်တင်လုပ်ရမှာ တစ်ဖက်လူမအားမှာကို အားနာတတ်တာ ကြောင့်လည်းဖြစ်ပါတယ်။ (သူတို့ ရဲ့ အကျိုးရှိတဲ့အချိန်တွေကို ကျွန်မအတွက် အကျိုးမယုတ် စေလိုတာပါ။)

ဦးဝင်းကြည်နဲ့ ပထမတစ်ကြိမ် ကျေးဇူးတင်နုတ်ဆက်ပြီး၊ ကျွန်မလည်းလိုင်းထဲမရောက် ဖြစ်ပါဘူး။ ဒီနေ့ တော့ ဦးကို နောက်တစ်ခါထပ်တွေ့ တာမို့  နုတ်ဆက်မိပါသေးတယ်။ သာကြောင်းမာကြောင်းမေးရင်း၊ ဘလော့မ၀င်ဖြစ်တဲ့ အကြောင်းလေးပါပြောရင်းပါ။
အဲဒီမှာပဲ ဦးက မနေ့ ကပဲ သူ့ ညီဆုံးသွားလို့ ပါတဲ့။ ကျွန်မလည်း ရုတ်တရက်ဘယ်လိုဖြစ်မှန်း မသိအောင် အံ့သြမိပြီး အနည်းငယ်မေးမြန်းမိပါတယ်။ စိတ်မကောင်းလည်းဖြစ်သွားရတယ်။

သိတာမကြာသေးပေမယ့်လည်း ဘလော့ဂါတွေကို ကိုယ့်မောင်နှမသားချင်းတွေလိုပဲ သဘော ထားမိတာကြောင့် လားတော့မပြောတတ်ပါဘူး။ ၀မ်းနည်းမိပါတယ်။
ကိုယ်လည်းတစ်နေ့ တော့ ဒီလမ်းသွားရမယ်ဆိုတာသိပေမယ့်လည်း.......
ဝမ်းနည်းကြောင်းလေးတော့ ဘလော့ကနေရေးချင်လာတာနဲ့ ခုလို ပိုစ့်ရေးဖြစ်သွားပါတယ်။

ဦးရေ..ဦးရဲ့ ညီလေး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

အနမ်း

မြန်မာတို့ ရဲ့နှစ်ဆန်းတစ်ရက်...

0 ယောက်ဆွေးနွေးချက်

Glitter Text



နှစ်ဟောင်းလွန်၍ နှစ်သစ်ဆန်းစ ပထမနေ့ ကို “နှစ်ဆန်းတစ်ရက်နေ့ ”ဟုခေါ်ဆိုကြသည်။ အချို့  ကလည်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်နေ့ ဖြစ်သဖြင့် “နှစ်သစ်ကူးနေ”့ ဟုခေါ်ကြသည်။ ထိုနေ့ကို ‘မင်္ဂလာရှိသောနေ့ ’နေ့ထူးနေ့ မြတ်အဖြစ် နိုင်ငံတိုင်း၌ ကိုယ့်ဓလေ့ နှင့် ကိုယ် ကျင်းပကြကာ၊ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်၍ ထားကြသည်။

ကမ္ဘာပေါ်တွင် လူမျိုး အလိုက်၊ ဘာသာအလိုက် ကိုယ့်စရိုက် ကိုယ့်ဘာသာနှင့် နှစ်များကို ရေတွက်သည့် အစဉ် အလာသည် လူ့ ယဉ်ကျေးမှုထွန်းကားသည့်အချိန်မှစ၍ ရှိလာခဲ့သည်။ “နှစ်”ဟူသည် အပိုင်း အခြား ကိုသတ်မှတ်သည့်အစဉ်အလာ ရှိချိန်မှစ၍ နှစ်ဆန်းတစ်ရက်နေ့ ဟူသော ဝေါဟာရ ပေါ်လာသည် ဟုယေဘူယျအားဖြင့် ယူဆရန်ရှိသော်လည်း မည်သည့် ခုနှစ်သက္ကရာဇ်မှစ၍ “နှစ်ဆန်းတစ်ရက်နေ့ ”ဟု နေ့ ထူးနေ့ မြတ်ဖြင့် သတ်မှတ်ကျင်းပခဲ့သည် ကို တတ်အပ်မဆိုနိုင်ချေ။

အဟောင်းမှအသစ်သို့ ပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်သည်။ ထို့ ကြောင့် နှစ်သစ်ကူး ပြောင်းခြင်းကို “မင်္ဂလာ” ဟု အများကလက်ခံကြသည်။ ယင်းသို့ မင်္ဂလာရှိသောနေ့ ကို သတ်မှတ်ပုံ၊ ကြိုဆိုပုံ၊ ကျင်းပပုံခြင်းကား လူတစ်မျိုးနှင့်တစ်မျိုးမတူချေ။ အချို့ က ဧပြီလ ထဲအတွင်း နှစ်ဆန်း၍ အချို့ က ဇန်န၀ါရီလအတွင်း နှစ်ဆန်းသည်။ ကြိုဆိုကျင်းပနည်းလည်း ရိုးရာဓလေ့ထုံးစံ အလိုက်ကွဲပြားကြသည်။

အချို့ သူတို့ ၏ နှစ်ဆန်းပွဲအတွင်း ရေကစား၍ အချို့ က မီးထွန်းကြသည်။ အချို့ က ကခုန် ကြ၍ အချို့ က ဘုရားရှိခိုး ဆုတောင်းပွဲပြုကြသည်။ အချို့ ကမူ မီးရှူး၊ မီးပန်းများ မည်သို့ ပင် ဖြစ်စေ၊ နှစ်ဆန်းသည့်အချိန်အတွင်း နှစ်ဟောင်းမှ အညစ်အကြေးတို့ ကို ဆေးကြော ပယ်ဖျက်လိုခြင်း၊ နှစ်သစ်ကို ၀မ်းပန်းတသာ ခင်းကျင်း ကြိုဆိုခြင်း၊ တစ်နှစ်ကုန် ၍ အသက်ဝါ ကြီးရင့်လာသည်ကို အသိအမှတ်ပြုထားသည့် လက္ခဏာဖြင့် သက်ကြီးဝါကြီး၊ မိဘ၊ ဘိုးဘွား တို့ အား ပူဇော်ဂါရ၀ပြုခြင်း၊ ဘာသာဓလေ့များ အရ စိတ်ကောင်းမွေး၍ ကောင်းမှုကုသိုလ် များပြုလုပ်ခြင်းတို့ ၌ တစ်သဘောတည်းပင် ဖြစ် ကြလေသည်။

နှစ်ဆန်းအချိန် လူကြီးမိဘ၊ ဆရာသမားတို့ အား ပူဇော်ကန်တော့ခြင်း၊ အဖိုးအဖွားတို့ အား ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းတို့ ဖြင့် ကုသိုလ်ယူကြသလို အိမ်တွင်းအိမ်ပြင်ရှိ အညစ်အကြေး၊ အမှိုက်သရိုက်များကိုရှင်းလင်းခြင်း၊ ဦးခေါင်းဆေးလျှော် ကြခြင်း၊ စေတီပုထိုး ကျောင်းကန်များသို့ ထွက်၍ ဥပုသ်သီတင်း စောင့်တည်ကာ ဒါနပြုကြခြင်း


ဘုရားပုထိုး ရုပ်ပွား တော်များကို ရေသပ္ပါယ်ခြင်းများ၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းအစရှိသည် တို့ ဖြင့်လည်းကောင်းမှုကုသိုလ်အသီးသီးတို့  ပြုလုပ်လေ့ရှိကြပါသည်။

နှစ်ဆန်း တစ်ရက်နေ့ အတွင်း ရရှိသော ငွေကြေးကို အမှတ်တရ သိမ်းခြင်း၊ ငွေကုန်ကြေးကျ မများအောင် ထိန်းသိမ်းခြင်းများ လုပ်တတ်သည့်ဓလေ့ မှာလည်း မြန်မာတို့ ၌ ရှေးယခင် က ပင်ရှိခဲ့သည်။

နှစ်ကူးပွဲများသည် တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ပင်ဖြစ်ကြသော်လည်း၊ ယေဘူယျ အားဖြင့်မူ လူတိုင်းသည် နှစ်သစ်ကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံလိုသော ဆန္ဒဖြင့် ကြိုဆိုကြခြင်းပင်ဖြစ်တော့သည်။ ထိုသို့ ကြိုဆိုသည့်အတိုင်း၊ သည်နှစ်ရဲ့ နှစ်သစ်ကူးပြောင်း သည့် နှစ်သစ်မင်္ဂလာအခါသမယ မှာလည်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံဖို့ ဆန္ဒ ပြုလိုက်ပါတယ်။
အားလုံးသော ဘလော့ မိတ်ဆွေ၊ သူငယ်ချင်းများလည်း နှစ်သစ်နဲ့ အတူ ကျန်းမာ ချမ်းသာ ကာ၊ ဘေးဘယာတွေ ကင်းဝေးကြပါစေ။

စာရေးသူ။ ။ မ အနမ်း
ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း အတွဲ( ၆ )

အမအတွက်မွေးနေ့ ဆုတောင်း

2 ယောက်ဆွေးနွေးချက်


ံHappy Birthday ama (ki)

မွေးနေ့မှာ ပျော်ရွှင်ပါစေ။ နောင်နှစ်ပေါင်းများစွာအထိပေါ့။
အချိန်မရလို့ အမ အတွက် ဒီPresent ပဲ ယူတော့နော်း))
နောက်နှစ်ကို ကောင်းကောင်းပေးမယ်။ :P


ချစ်သူများနေ့ ဆုတောင်း

1 ယောက်ဆွေးနွေးချက်


Valentine Day (ချစ်သူများနေ့ ) လို့ ဆိုကြပါတယ်။
Vanentine Day နဲ့ ပတ်သတ်လို့ လူတိုင်းလည်းသိပြီးကြသလို၊ ရေးသားထားကြမယ်လို့  လည်းထင်ပါတယ်။ ဒါကြောင့်အထွေအထူးရေးစရာလိုတော့မယ်မထင်ဘူး။ (အပျင်းထူတာလေးP)

တကယ်တမ်းပြောရမယ်ဆိုရင်လည်း ချစ်သူများနေ့ ဆိုတဲ့ အဲဒီနေ့ နဲ့ ကျွန်မကမပတ်သတ် ခဲ့ဖူးဘူး။ နှစ်စဉ်ဒီအချိန်ရောက်တိုင်းလည်း သူများပျော်လို့ မပျော်နိုင်ဆိုတာမျိုးလိုပါပဲ။
ကြွားတယ်လို့ တော့မထင်ပါနဲ့ ။ ဒီအရွယ်ရောက်မှအမြီးမပေါက်ဖူးလားလို့ ပြောရင်လည်း၊ ခံရမှာပါ။ မယုံရင်တော့ ပုံပြင်ပေါ့။း)

လွဲချော်ခဲ့တာလေးတွေများသွားလို့ လို့ ထင်တာပဲ။ လွဲလွဲလေးပဲကောင်းပါတယ်(ထူးအိမ်သင်)
(ရတာမလို၊ လိုတာမရလေ။းP)
ဒါနဲ့ ပဲ အပျိုကြီးဆိုတဲ့ ဘွဲ့ ထူးဂုဏ်ထူးကိုရခဲ့တာပေါ့။ မဆိုးဘူးနော်၊ အလကားနေရင်းရတာ ဆိုတော့..းD
ဒါပေမယ့်လည်း သူများတကာ ချစ်သူ၊ စုံတွဲတွေကိုဆုတောင်းပေးချင်လို့ ဒီ post လေးကိုရေး လိုက်တာပါ။ ကိုယ်နဲ့ သိကျွမ်းတဲ့ သူငယ်ချင်း၊ မိတ်ဆွေများနဲ့ Blogger မောင်နှမများအားလုံး ကို ဆုတောင်းပေးပါတယ်။ ၂၀၀၉ခုနှစ်ရဲ့  Valentine Day (ချစ်သူများနေ့ ) မှာ ချစ်သူတိုင်း ပျော်ရွှင်နိုင်ပါစေလို့ ….။

Valentine
Floral delivery
I would rather have
One rose and a kind
World from
A friend while I’m here
Than
A whole truck load when I’m gone

အနမ်း

နှစ်သစ် ဆုတောင်း

1 ယောက်ဆွေးနွေးချက်


ံHAPPY NEW YEAR 2009

" မင်္ဂလာပါ"
နှစ်သစ်မှာ Blogger (ဘလော့ဂါ) မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Blog မောင်နှမများ၊ မိတ်ဆွေများ အားလုံးကို ကျွန်မ ဘလော့မှ ကြိုဆိုပါတယ်။





၂၀၀၉ မှာ Post များများရေးနိုင်ကြပါစေ။းP