ချစ်သူများနေ့ ဆုတောင်း



Valentine Day (ချစ်သူများနေ့ ) လို့ ဆိုကြပါတယ်။
Vanentine Day နဲ့ ပတ်သတ်လို့ လူတိုင်းလည်းသိပြီးကြသလို၊ ရေးသားထားကြမယ်လို့  လည်းထင်ပါတယ်။ ဒါကြောင့်အထွေအထူးရေးစရာလိုတော့မယ်မထင်ဘူး။ (အပျင်းထူတာလေးP)

တကယ်တမ်းပြောရမယ်ဆိုရင်လည်း ချစ်သူများနေ့ ဆိုတဲ့ အဲဒီနေ့ နဲ့ ကျွန်မကမပတ်သတ် ခဲ့ဖူးဘူး။ နှစ်စဉ်ဒီအချိန်ရောက်တိုင်းလည်း သူများပျော်လို့ မပျော်နိုင်ဆိုတာမျိုးလိုပါပဲ။
ကြွားတယ်လို့ တော့မထင်ပါနဲ့ ။ ဒီအရွယ်ရောက်မှအမြီးမပေါက်ဖူးလားလို့ ပြောရင်လည်း၊ ခံရမှာပါ။ မယုံရင်တော့ ပုံပြင်ပေါ့။း)

လွဲချော်ခဲ့တာလေးတွေများသွားလို့ လို့ ထင်တာပဲ။ လွဲလွဲလေးပဲကောင်းပါတယ်(ထူးအိမ်သင်)
(ရတာမလို၊ လိုတာမရလေ။းP)
ဒါနဲ့ ပဲ အပျိုကြီးဆိုတဲ့ ဘွဲ့ ထူးဂုဏ်ထူးကိုရခဲ့တာပေါ့။ မဆိုးဘူးနော်၊ အလကားနေရင်းရတာ ဆိုတော့..းD
ဒါပေမယ့်လည်း သူများတကာ ချစ်သူ၊ စုံတွဲတွေကိုဆုတောင်းပေးချင်လို့ ဒီ post လေးကိုရေး လိုက်တာပါ။ ကိုယ်နဲ့ သိကျွမ်းတဲ့ သူငယ်ချင်း၊ မိတ်ဆွေများနဲ့ Blogger မောင်နှမများအားလုံး ကို ဆုတောင်းပေးပါတယ်။ ၂၀၀၉ခုနှစ်ရဲ့  Valentine Day (ချစ်သူများနေ့ ) မှာ ချစ်သူတိုင်း ပျော်ရွှင်နိုင်ပါစေလို့ ….။

Valentine
Floral delivery
I would rather have
One rose and a kind
World from
A friend while I’m here
Than
A whole truck load when I’m gone

အနမ်း

1 ယောက်ဆွေးနွေးချက်:

Welcome said...

ချစ်သူများနေ့မှာ
ချစ်ကြသူတိုင်း
ချစ်တတ်သူတိုင်း
ပျော်ရွှင်နိုင်ကြပါစေ .. ..