တကယ်လို့ ..


တကယ်လို့ သာ တောင်ကြီးတွေက ရေးစရာမှတ်စရာ စာအုပ်ကြီးတွေများ ဖြစ်လာကြမယ်...
ရေကန်ထဲက ကန်ရေတွေဟာလည်း ရေးစရာ မှင်ရေတွေများ ဖြစ်ကုန်ကြပြီးတော့...
သစ်ပင်တွေကလည်း ရေးစရာ ချွတ်စရာ မှင်တံ၊ ကလောင်တံ၊ ခဲတံတွေများ ဖြစ်လာကြမယ် ဆိုရင်တောင်...


ဒီကမ္ဘာလောကကြီးထဲက အလွန့်အလွန် ကံဆိုးကြလွန်းလို့ အမြဲတမ်းဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အတိဒုက္ခဖြစ်နေကြသူတွေရဲ့ အစစ်အမှန် ဘဝသရုပ်ကို အဲဒီ စာအုပ်ကြီးတွေထဲမှာ ကန်ရေတွေလောက်ရှိတဲ့ မှင်တွေနဲ့ သစ်ပင် သစ်ကိုင်းတွေက ဖြစ်ပေါ်လာ ကြတဲ့ မှင်တံ ကလောင်တံတွေ သုံးပြီး ဖော်ပြဖို့ရာ စုံစုံစေ့စေ့ ပြည့်စုံလုံလောက်အောင် ရေးစွမ်းနိုင်ကြမှာ မဟုတ်ပါဘူး လို့ ပညာရှင် ဂျက်ကော့ဘိုဟ်မီး ကဆိုထားပါတယ်။

ဓမ္မဝီရ-သန္တာ

0 ယောက်ဆွေးနွေးချက်: