နားကန်းသူ

လေမှာလွင့်ပျောက်
အကောင်အထည်မရှိ
ဖမ်းဆုတ်မရနိုင်
မမြင်သောအရာ
ပါးစပ်ကပြောတဲ့
ထိုထို စကားများ
နားဝင်ချိုအောင်
မပြောတတ်သူတို့ အတွက်
ငါ့ရဲ့ နားဟာ. အကန်းပါ.....လို့ ။ ။

16 ယောက်ဆွေးနွေးချက်:

မောင်ကောင်း said...

ကဗျာရဲ့ အနှစ်သာရလေးကို လာရောက်ခံစားသွားပါတယ်.. အဓိပ္ပါယ်လေးစဉ်းစားမိရင်း ကျေနပ်မိပါတယ်အစ်မ... ပျော်ရွှင်ပါစေ..။

ကိုလူထွေး said...

.........................
.........................
.........................
.........................

(ဟင်... ဘာမှလည်း မကြားရပါလား...း)

kiki said...

ဒါဆိုရင် သကြားလုံးရယ် .. candy ရယ် sweets ရယ် ..ပျားရည် ရယ် ရောငုံ ပြီး ပြောမယ် ..
စကား ချိုချို လေး ........

ကြားပြီလား ....
ဒါမှ မကြားသေးဘူးဆိုရင် ENT သွားပြတော့နော်..
အချိန်မလွန်ခင် ...

ကြယ်ပြာ said...

အဲ့လိုစကားတွေအတွက် အဲ့လိုနေနိုင်တာ အကောင်းဆုံးနည်းလမ်းပါပဲ .... တခါတလေတော့လဲ အကန်းလိုမနေမိရင် ကိုယ်ပဲစိတ်ပင်ပန်းရတတ်တယ် ... ဒီကဗျာလေးက ပေးတဲ့ရသလေးကောင်းပါတယ် မအနမ်းရေ ....

ဝက်ဝံလေး said...

အဲ အဲဒီ ကိုလူထွေးနဲ့ ဖွားကိ ဟာလေ သိပ်နောက်တာပဲ သိလား သူများက ကောင်းကောင်းလေးရေးထားတဲ့ဟာကိုနော် ဟွင်းးး

အနမ်းရေ လာဖတ်သွားတယ်နော်

Khyl said...

ကဗျာတွေ ရေးတတ်လိုက်ကြတာ.... အားကျပါတယ် ညီမရေ.... လာလည်ပါတယ်နော်...

Angel Shaper said...

မမရေ... ကဗျာလေးကို ဖတ်ရင်း အဲလို နားလေးလဲ ကန်းတတ်ဖို့ ကျင့်ယူသွားပါတယ်။ တကယ်လိုအပ်တာပဲနော်။ ကျေးဇူးလဲ တင်ပါတယ်။
မနမ်း အဆင်ပြေပျော်ရွှင်ပါစေ။

Lucifer said...

အဓိပ္ပါယ်အပြည့်ပါနေတဲ့ ကဗျာလေးနော်...
မဆိုးဘူး ... အဲ့ဒီလိုနေရာမှာ နာကန်းနေတာလည်း
စိတ်ချမ်းသာရတယ်....

မိုးစက်အိမ် said...

နားဟာ ကန်းနေတယ် မော်ဒန်ပါဘဲ ဗျာ :)

ခြေလှမ်းသစ် said...

ဟုတ်တယ်ဗျ ဒါမျိုးဆို အကန်း သာ နေလိုက်သင့်တယ်ဗျ

ကိုတိုး said...

ကဗျာလေးက အဓိပ္ပါယ်နဲ့တော်တော်လေးပြည့်စုံတာပဲ အမရဲ့ အဲ့လိုမျိုးဆိုရင် အကန်းပဲနေလိုက်ချင်တော့တယ်။ အဆင်ပြေပါစေနော် အမ

desertraindrops said...

ကဗျာလေး ကောင်းတယ်။ တိုတိုလေးနဲ့ ဆိုလိုရင်းကို ထိနေတာပဲ။ ဦးလူထွေးကတော့ ဘာမှမကြားလိုက်လို့တဲ့။ :)

သူကြီးမင်း (တုံးဖလား) said...

မကြားသင့်တဲ့စကားအတွက် ကန်းပေးလိုက်တာက ပိုကောင်းပါတယ်။

မမြင်သင့်တဲ့အရာတွေအတွက်လဲ ကန်းပေးလိုက်တာ ပိုကောင်းပါတယ်။

အဆင်ပြေပါစေ အမ။

Anonymous said...

အဲဒါ အကောင်းဆုံးသောနည်းပါပဲ၊ ဒါပေမဲ့ အတိုင်းအတာတော့ ရှိရမှာပေါ့ဗျာ နော..။

ပန်းခင်းလေး said...

နားဝင်ချိုအောင်
မပြောတတ်သူတို့ အတွက်
ငါ့ရဲ့ နားဟာ. အကန်းပါ.....လို့ ။ ။

အရမ်းကို ထိမိတာပဲ ..
ရသကောင်းလေးပေးစွမ်းတာ
ကျေးဇူးအနန္ဒနော် :)

ခင်တဲ့ 

ပန်းခင်းလေး

ပန်းခင်းလေး said...

နားဝင်ချိုအောင်
“မပြောတတ်သူတို့ အတွက်
ငါ့ရဲ့ နားဟာ. အကန်းပါ.....လို့ ။ ။”

အရမ်းကို ထိမိတာပဲ ..
ရသကောင်းလေးပေးစွမ်းတာ
ကျေးဇူးအနန္ဒနော် :)

ခင်တဲ့ 

ပန်းခင်းလေး