သဲပြင် နှင့်ကျောက်တုံး

တစ်နေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး လမ်းလျှောက် ခရီး ထွက်လာကြတယ်။ ခရီးတစ်နေရာအရောက်မှာ သူတို့နှစ်ယောက်ဟာ စကားများပြီး ရန်ထဖြစ်ကြတော့တယ်။ အဲဒီလိုဖြစ်ကြတဲ့အခါမှာ သူငယ်ချင်းတစ်ယောက်က နောက် တစ်ယောက်ရဲ့ ပါးကို ထထိုးလိုက်တယ်။ အထိုးခံရတဲ့ လူငယ်လေးဟာ တော်တော် လေး နာသွားပြီး ဘာစကားမှပြန်မပြောပဲ သူဟာ သဲပြင်ပေါ်မှာ ဒီလိုရေးချလိုက်တယ်။ "ယနေ့ .. ငါ့အခင်ဆုံး သူငယ်ချင်း င့ါကိုထိုး၏။ "

အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရမှာရှိတဲ့ စိမ်းလန်းစိုပြေပြီး မြေသြဇာကောင်းတဲ့ နေရာ ကို ရောက်တဲ့အထိ ဆက်လျှောက်လာကြပြီး၊ အဲဒီမှာ ခြေ၊ လက်သန့်စင်ကာ တစ်ထောက်နားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီမှာ အထိုးခံရတဲ့ လူငယ်လေးဟာ အခန့်မသင့်ပဲ နွံနှစ်ပြီး၊ နွံထဲက ရုန်းမထွက်နိုင်ဘဲ သေလုမြောပါးဖြစ်နေခဲ့တယ်။ ထိုးလိုက်တဲ့ သူငယ်ချင်းက မြင်တော့ သေမယ့် ဘေး က ကယ်လိုက်ပါတယ်။ သေဘေးကလွတ်လာပြီး ပုံမှန်အနေအထားကိုရောက်လာတဲ့ အခါမှာ၊ သူဟာ ကျောက်တုံးကြီးတစ်ခုပေါ်မှာ နောက်တစ်ဖန်စာရေးလိုက်ပြန်တယ်။ “ယနေ့ငါ့အခင်ဆုံး သူငယ်ချင်း ငါ့အသက်ကို ကယ်ခဲ့၏။”

ဒီလက်နဲ့ ထိုးလည်းထိုး၊ ကယ်လဲကယ်ခဲ့တဲ့ သူငယ်ချင်း က သူငယ်ချင်းရဲ့ လုပ်ရပ်ကို နားမလည်နိုင်ပဲ မေးလိုက်ပါတယ်။" ငါ မင်းကို နာကျင်အောင်လုပ်တဲ့ အခါတုန်းက မင်းဟာ သဲပြင်ပေါ်မှာရေးခဲ့တယ်။ အခုလည်း ကျောက်တုန်းပေါ်မှာရေးပြန်ပြီ၊ ဒါဟာ ဘာကြောင့်လဲ။ "

သူ့ သူငယ်ချင်းက သူ့ကို ဒီလို ပြန်ဖြေခဲ့တယ်။ " သူငယ်ချင်း ရေ...တစ်စုံတစ်ယောက်က မင်း ကို နာကျင်အောင် ပြုလုပ်တဲ့အခါမှာ၊ မင်းရဲ့တုန့်ပြန်မှုတွေက ခွင့်လွှတ်ခြင်းတွေပါတဲ့ လေရဲ့ပယ်ဖျက် ခြင်းကိုခံရမယ့် သဲပြင်ပေါ်မှာရေးထားတဲ့ စာသားတွေလို မင်းလည်းပဲ သူတို့ မကောင်းတာတွေကို လေတွေလို အလွယ်တကူ ပယ်ဖျက်သင့်တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က မင်းကို ကောင်းတာ တွေလုပ်ပေးတဲ့အခါမှာတော့ လေတွေ အလွယ်တကူမဖျက်နိုင်တဲ့ ကျောက်တုံးပေါ်မှာ မှတ်တမ်းတင် ရေးသားထားသင့်တယ်။"

အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ နာကျင်မှု့တွေနဲ့ နာကျည်းမှုတွေကို သဲပေါ်မှာ ရေးထားတဲ့စာတွေလို အလွယ်တကူ ပယ်ဖျက်နိုင်ဖို့ ကြိုးစားသင့်သလို ကျွန်တော်တို့အတွက် ကောင်းကျိုးဖြစ်စေမယ့် အရာတွေကိုတော့ ကျောက်တုံးတွေ ပေါ်မှာ မှတ်တမ်းတင်ကြရအောင်လားဗျာ။

(ဒီအကြောင်းလေးကို တော်တော်များများ သိကြ၊ ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ မေလ်းထဲကရတဲ့ အနှစ်သာရရှိတဲ့အကြောင်းလေးမို့ ပြန်လည်ဝေမျှခြင်း သက်သက်သာဖြစ်ပါတယ်။ ကျွန်မတို့ လည်းပဲ ဒီလိုကျင့် နိုင်ကြဖို့ အတော်လေးကြိုးစားကြရအုံးမလားပဲ။ ဒေါသဖြစ်ရင် ဒေါသအလျှောက် အမှားတွေ မပြုကြပဲနဲ့ အသိ ညာဏ်လေးနဲ့ သုံးသပ်တတ်အောင်၊ ကျေးဇူး ရှိရင်လည်း အဲဒီကျေးဇူးတွေကို တန်ဖိုး ထားတတ်အောင်ပါ။)

မှတ်ချက်။ ။ စာရေးသူအမည်နာမကိုတော့သေချာမသိတာကြောင့် အကယ်၍ရေးသားသူကို သိပါက ပြောကြားပေးနိုင်ပါတယ်။ နိုင်းနိုင်းစနေကလည်း သည်အကြောင်းလေးကိုရေးထားဖူး တာသိရပါတယ်။

http://www.nineninesanay.net/2007/12/blog-post_8772.html မှာဖတ်နိုင်ပါတယ်။

19 ယောက်ဆွေးနွေးချက်:

kiki said...

တစ် ရပြန် ပြီ .
( ရ မှာ ပေါ့ လေ ..သိတယ် ဟုတ် )
ဖွားကိ တို့ ကတော့ သဲပြင်မှာရော ကျောက်တုံး ပေါ်မှာ ပါ ဘာမှ မရေးပါဘူး ။
E ခေတ်ကြီးထဲ ရောက်နေပြီ ဆိုတော့ ..ကြိုက်တာတွေရော မကြိုက်တာတွေရော ... blogspot.com ပေါ်မှာပဲ ရေးတော့တယ် သိလား ..း)) ၊။
မလိုချင်တဲ့ အချိန် delete လုပ်လိုက် ၊ ပြီးတာပဲ လေ...း))))

( blogspot ကြီး အဖျက်ခံရတဲ့ အချိန်ဆိုရင်တော့ ဘယ်မှာ ရေးရမလည်း သိသေးဘူး )

နေကောင်းအောင်နေပါ ။။
သဲပြင်ပေါ်လည်း ထွက်မနေနဲ့  ။ ကျောက်တုံးပေါ်လည်း တက် မနေနဲ့  သိလား ။ အပူရှပ်၊ချော်လဲ နေမှာစိုးလို့  နော် ။း))))

ဂျပန်ကောင်လေး said...

ဟုတ်တယ်... ဒီစာလေးကို ဖတ်ဖူးတယ်. ကြိုက်လည်း ကြိုက်တယ်.. အခုလည်း ထပ်ဖတ်တယ်.. ထပ်ကြိုက်တယ်...

Anonymous said...

စာလေးလာဖတ်တယ်သိလား
ဖတ်ပြီးသားလေးပါကြိုက်တယ်
မမ နေမကောင်းဖူးလား???
နေမြန်မြန်ကောင်းပါစေနော်
အပေါ်ဆုံးက ကလေးဇိုးကြီး
၁ ရတာသဘောခွေ့ နေတယ်
ဟီ ဟီ ပြေးးးးးးးးးးးးပြီ လာသတ်နေမှာဆိုးလို့ 

မိုးစက်အိမ် said...

မဖတ်ဘူးဖူးအမရ အဓိပာယ်လေး သဘောကျမိတယ်ဗျာ
ကျွန်တော်တို့ တတွေလည်း သဲပြင်မှာထက် ကျောင်တုံးမှာ
စာတင်ကြရအောင်လားဗျာ :)

ကိုလူထွေး said...

ဘလော့စာမျက်နှာတွေကရော သဲတွေလား ကျောက်တုံးတွေလား...

းဝ)

ဂျစ်တူး ( မုံရွာ ) said...

တကယ့်ကိုတန်ဘိုးထားသင့်ပါတယ်-
မေးထဲကိုပို့လို့ဖတ်ဘူးတယ်-ပြန်ရှာကြည့်တယ်မတွေ့တော့ဘူး-ဘယ်သူပို့သလဲဆိုတာသိချင်လို့ပါ-တကူးတကမှတ်တမ်း
တင်ထားတဲ့အတွက်ပိုပြီးလေးစားမိပါတယ်-ပျော်ရွင်ကြည်
နူးနိုင်ပါစေခင်ဗျာ

ရေတမာ said...

ဒီလိုစာတွေအရေးများတာ မနိုင်းနိုင်းပဲရှိတာပဲ။ သူ့ဆီက ဖြစ်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် သတိလေး ရှိအောင် ပြန်လည်ဖော်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်

neking said...

မှတ်သားပါတယ်... လိုက်နာကျင့်သုံးသင့်တဲ့.. လူ့ကျင့်ဝတ်တစ်ခုပေါ့ဗျာ

နိုင်းနိုင်းစနေ said...

http://www.nineninesanay.net/2007/12/blog-post_8772.html

ရေးဖူးပါတယ်.. အနမ်းး)

ဒီစာကို စာရေးဆရာ တော်တော်များမျာ ဘာသာပြန်ဖူးမယ်ထင်တယ်.. အကြောင်းအရာတူပေမယ့် ရေးနည်းကွာတယ်လေ..

ဘာပဲဖြစ်ဖြစ် အမှတ်ထပ်ရစေတာပေါ့

ဝက်ဝံလေး said...

သဲပြင်နဲ့ကျောက်တုံးအကြောင်းလေး လာဖတ်သွားပါ၏

မရေ မအားလို့ပါ မရောက်ဖြစ်တာ ဘယ်မှတောင် မလည်နိုင်တာ ကြည့်တော့

မရော နေကောင်းတယ်မလား

ဗလာဗလာဗလာ said...

ကျွန်တော်ရဲ့ရေးချင်ရာ လျှောက်ရေးထားတဲ့
အိမ်လေးကိုလာလည်သွားတဲ့အတွက်ကျေး
ဇူးတင်ပါတယ်။ အခုလိုစာကောင်းလေးတွေ
ပြန်လည်မျှဝေတဲ့အတွက်လဲကျေးဇူးတင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မဖတ်မိလိုက်
တဲ့တစ်ချို့စာတွေကိုလေ့လာမှတ်သားဗဟုသုတ
ယူရလို့ပါ။

ဖိုးဂျယ် said...

ဟုတ်ပါ့ အမရေ

ဖတ်ဖူးတယ်။ ဘယ်သူရေးလဲတော့ မသိဘူး။

ခင်မင်လျှက်

ဖိုးဂျယ်

မောင်ကောင်း said...

အင်မတန်မှတ်သားသင့်တဲ့ အတွေးအခေါ်လေးပါ...။
ကျေးဇူးပါအစ်မရေ.. ကျန်းမာပျော်ရွှင်ပါစေ..။

ဂျေဂျူဝိုင် said...

ဖတ်ဖူးပေမယ့် အတော်ကြာခဲ့ပြီ။ မေ့လည်း မေ့နေပြီ။ ခုတော့ ပြန်သတိရပြီ။ ဒေါသတွေကို အဲလို ရေးချင်တယ်။ ကျေးဇူးတွေကို ကျောက်ဆောင်မှာ ထွင်းထု ထားချင်ပါတယ်။

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။
ကောင်းကွက်တွေကို ကျောက်ထက်အက္ခရာတင်ထားသင့်ပါတယ်။
ဆိုးကွက်တွေကိုတော့ ကောင်းကွက်ကလေးတွေနဲ့ ချေဖျက်ကြရမှာပေါ့။

ညီမလေး said...

အဲ့စာကိုဖတ်ဖူးတယ် ဟိုးကတည်းက ...
အဲ့တုန်းကလဲ ကြိုက်တယ်. ခုလဲကြိုက်တယ်း)

may16 said...

ကောင်းလိုက်တဲ့ အတွေးအခေါ်လေးပါ မအနမ်းရေ မှတ်သားစရာပါ..

desertraindrops said...

ကောင်းလိုက်တာ။ အခုမှ ဖတ်ဖူးတယ်။

Welcome said...

စံထားသင့်တဲ့ စိတ်ထားမြတ်လေးပဲ။

ပြန်ရှယ်ပေးလို့ ကျေးဇူးပါ။