ယောနိသောရှိမှ စိတ်ကောင်းရ

ယောနိသောရှိမှ စိတ်ကောင်းရ

ယောနိသောရှိမှလည်း စိတ်ကောင်းနှလုံးကောင်းရရှိနိုင်ကြသည်။ တွေ့ ရာကြုံရာကိစ္စ၌ သင့်တော် အောင် နှလုံးသွင်းမှုကို “ယောနိသောမနသိကာရ” ဟုခေါ်သည်။ ယခုကာလ၌ မနသိကာရကို ဖြုတ်၍ “ယောနိသော” ဟုပြောကြသည်။ ထိုကဲ့သို့ သင့်တော်အောင် နှလုံး သွင်းမှု ယောနိသော ရှိလျှင် အကုသိုလ်စိတ် (မကောင်းစိတ်) မဖြစ်ပဲ စိတ်ကောင်းချည်း ဖြစ်သည်။ ယောနိသောမရှိလျှင် စိတ် ကောင်းဖြစ်လောက်သော အရာရာ ကိစ္စများ၌ပင် စိတ်မကောင်းဖြစ်နေတတ်၏။ ထို့ ကြောင့် များစွာ သော ရှင်လူအပေါင်းတို့  စိတ်ကောင်းရဖို့ ရာ “ယောနိသော” သာလျှင်အရေးအကြီးဆုံးဖြစ်ပေသည်။

ယောနိသောရှိခြင်းမရှိခြင်းတို့ ၏အကြောင်းများကား စာကောင်းပေကောင်းကြည့်ရှုခြင်း၊ မကြည့်ရှုခြင်း ပညာရှိထံနည်းခံခြင်း၊ မခံခြင်းများပေတည်း။ စာကောင်းပေကောင်းကို ကြည့်ရှုလေ့ရှိသူ၊ ပညာရှိ ၊သူတော်ကောင်းထံ နည်းခံလေ့ ရှိသူ (ပညာရှိ သူတော်ကောင်းနှင့် ပေါင်းလေ့ရှိသူ) ဖြစ်လျှင်အကြား အမြင်တိုးပွား၏။ ထိုသို့ အကြားအမြင်တိုးပွားသူမှာ “ ငါ့သန္တာန်၌ အမြဲစိတ်ကောင်းဖြစ်စေမည်” ဟု ဓိဌာန်ထားလျှင် တွေ့ ရာကြုံရာအာရုံများ၌ ယောနိသော ရှိနေတတ်၏။ စာကောင်းပေကောင်းများကို လည်းမကြည့်ရှု သူတော်ကောင်း များထံလည်း နည်းမခံသူသည် အကြားအမြင်နည်းပါး၍ စိတ်မထား တတ်ပဲရှိလေသည်။ ဟု ဆရာတော် အရှင်ဇနကာဘိဝံသ ကရေးသားထားခဲ့ပါတယ်။

ထို့ ကြောင့်ပင် မိမိအတွက်အကျိုးရှိသော စာပေများကိုသာ များများဖတ်ယူသင့်ကြပါတယ်။ ထို့ နောက် “အသေ၀နာစ ဗာလာနံ” ဆိုတဲ့ လူမိုက်နှင့်မပေါင်းသင်းရာ ဆိုတာ မင်္ဂလာ တရားတော်မှာ ပါပါတယ်။ ကိုယ်ပေါင်းသင်းတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ် အသိဆုံးပါပဲ။ ကိုယ်ကျင့်တရားဟာလည်း အလွန်အရေးကြီးပါတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့သူနဲ့ ပေါင်းသင်းခြင်းဟာလည်း၊ မကောင်းတဲ့ အကျင့်ဆိုး ညာဏ်ဆိုးတွေကို ဖြစ်စေတာပါပဲ ၊ ထိုသူတို့ အတိုင်း ကိုယ်ကျင့်တရားမပျက်ပဲနေနိုင်သည် ထားအုံး ဥပမာ ။ ။ ထိုသူရဲ့ စရိုက်ဖြစ်တဲ့ ကျယ်လောင်စွာပြောဆိုတတ်ခြင်း၊ စကားပြောကြမ်းတမ်းခြင်း (ဖရုဿဝါစာ) ၊ ကိုယ့်ကိုတစ်ခွန်းပြောတာခံရတာနဲ့  ပြန်ခံပြောခြင်း(သည်းမခံနိုင်ခြင်း) သူတစ်ပါးကို မလိုမုန်းထားခြင်း(အလကားနေ သူတပါးကိုကြည့်ကာ အပြစ်တင်နေခြင်း) အထူးသဖြင့် ကိုယ့်ပြိုင် ဘက်များကို မနာလိုခြင်း (မစ္ဆရိယစိတ်ဖြစ်ခြင်း) စတာတွေ ဖြစ်လာတတ် ပါတယ်။

ကိုယ်ကျင့်တရားကို ဦးစားပေးတတ်တဲ့ ကျွန်မအကျင့်ကြောင့် ကိုယ်ကျင့်တရား ပျက်ယွင်းတဲ့သူများ ကို ကျွန်မစက်ဆုတ်မိသလို ပေါင်းသင်းဖို့ ရာ ၀န်လေးပါတယ်။ အခု ကျွန်မတို့ ကြုံတွေ့ နေရတဲ့ ခေတ် ကာလအချိန်အခါဟာ အင်မတန် ဆိုးရွားပါတယ်။ မိန်းခလေး အတော်များများပင် ကိုယ်ကျင့်သိက္ခာ များ ကင်းမဲ့လာကြပါတယ်။ တစ်ချို့  မှာ ကိုယ့်အိမ်ထောင်ရှိပါလျှက် အခြားသောယောကျာင်္းများနဲ့  အတူတွဲ၍ သွားလာ နေထိုင်ကြခြင်း များကို ပေါ်ပေါ်တင်တင်ပဲ လုပ်ဆောင်နေတာတွေ့ သိရလို့ လည်း အင်မတန်မှ အံ့သြခြင်း ဖြစ်ရပါတယ်။ သူတို့ ဟာ အခြားနိုင်ငံတွေရဲ့ အကျင့်စရိုက်တွေကိုများအားကျမိ လို့ လား၊ ဗုဒ္ဓဘာသာအစစ်အမှန်ဖြစ်တဲ့ အဲဒီလိုမိန်းခလေးမျိုးတွေ့ ရတာ ပိုပြီးဝမ်းနည်းဖို့ လည်းကောင်း ပါတယ်။ ယူကြုံးမရလည်းဖြစ်မိပါတယ်။ ထို့ ကြောင့်လည်း သူတော်ကောင်း များနဲ့ ပေါင်းသင်းဖို့ ရာ၊ မသူတော် များနဲ့ မပေါင်းဖို့ ရာအတွက်…

လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ 

မမှီဝဲနဲ့ ကင်းအောင်နေ

ပညာရှိကို အရှည်တွဲလို့ 

မှီဝဲဆည်းကပ် နည်းယူစေ ဆိုပြီး ၃၈ဖြာမင်္ဂလာတရားတော်မှာဖော်ပြထားပါတယ်။

လူမိုက်ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ လူဆိုး၊ သူခိုး၊ ဓါးမြ သေရည် အလွန် သောက်သုံးသူများ စသည်ဖြင့် အမျိုးမျိုးပါပဲ။ ကျွန်မခုန တင်ပြသလို ကိုယ်ကျင့်တရား မကောင်းတဲ့သူမျိုးလည်း ပါဝင်နေ တာပါပဲ။ အချို့ က ဒါလူမိုက်မှမဟုတ်တာလို့ ယူဆမိမှာစိုးလို့ ပါ (ကလေးတွေး၊ ညာဏ်အဆင့်မမီ သူများအတွေးသာ) လူမိုက်ဆိုတာ မိုက်ရူးရဲဆန်တဲ့ အလုပ်လုပ်နေသူများကိုသာ ဆိုလိုခြင်းမဟုတ်။ ဘုရားတရားတော်နဲ့ အညီ အနည်းဆုံး ငါးပါးသီလချိုးဖျက်သူများလည်းပါဝင်တာကြောင့်ပါ။

ဆရာတော်က ယောနိသောရှိခြင်း ဟာ စာကောင်းပေကောင်းများဖတ်ခြင်းနဲ့  သူတော်ကောင်း များနဲ့  ပေါင်းသင်းဆက်ဆံခြင်းတို့ ဖြစ်တယ်လို့ ဆိုတာကြောင့် မိမိတို့ ကိုယ်ကို မိမိတို့  မည်သည့် စာကောင်း ပေကောင်းများဖတ်ဖြစ်သလဲ မည်သည့်သူတော်ကောင်းများနဲ့ ပေါင်းသင်းနေသလဲကို သုံးသပ်ကြည့် နိုင်ပါတယ်။ ဒါမှလည်း တွေ့ ရာကြုံရာကိစ္စ၌ ယောနိသောရှိသဖြင့်၊ သင့်လျော်အောင်နှလုံးသွင်းကာ အရာရာ၌ ဗြဟ္မစိုရ်တရား လက်ကိုင် ထားလျှက် ကြီးမားသောစိတ်သဘောရှိသူ၊ အပေါင်းအသင်းဆံသူ ဖြစ်စေပါလိမ့်မယ်။ ဆရာတော်ကလည်း ဤသို့ဖြစ်စေရန်ရည်ရွယ်ခဲ့ပါတယ်။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ မှ ယောနိသောရှိမှ စိတ်ကောင်းရ အား ကိုးကား၍ တင်ပြ ပါသည်။

6 ယောက်ဆွေးနွေးချက်:

kiki said...

မှတ်သားဖွယ်ရာများကို ဖတ်သွား မှတ်သွားပါ၏ ။
ကြိုးစားကြည့်ပါဦးမည် ကြီးဒေါ်နမ်း...။

သူကြီးမင်း (တုံးဖလား) said...

အတုယူစရာပို့စ်လေးတစ်ခုပါဘဲ။
နေရာတိုင်းမှာ အမပြောပြတဲ့လူတွေ ရှိနေတတ်တယ်။

မိုးစက်အိမ် said...

အမပြောတာတွေက တော်တော်မှန်ပါတယ် . . . ခုခေတ်
ကိုက အလိုဖြစ်နေတာဆိုတော့ အင်း ရွှေမြန်မာများဟာ
ရေမြေခြားရောက်တာများလာကြတော့ အဲနိုင်ငံတွေဆီက
ကောင်းတာမယူဆိုးတာယူလာရင်တော့လည်း ကိုယ်ရဲ့ 
အကျင့်စရိုက်တွေဘဲပြောင်းလည်း ကုန်မှာပေါ့ . . .
ကိုယ်ကျင့်တရား မကောင်းတဲ့သူနဲ့ ပေါင်းသင်းခြင်းဟာလည်း၊ မကောင်းတဲ့ အကျင့်ဆိုး ညာဏ်ဆိုးတွေကို ဖြစ်စေတာပါပဲ ဆိုတာကတော့ အမှန်ဘဲ
အမရေ လမ်းပြလို့ မရတော့ရင်တော့ စိတ်ပေါင်းကိုယ်ခွာ
မုဒိတာပွားဖို့ ဘဲရှိတော့တာပေါ့

မောင်ကောင်း said...

ဟုတ်ပါတယ်အစ်မရေ..
တရားရခြင်းရဲအဓိက အကြောင်းအရင်း အခြေခံ အချက်ဟာလည်း အစ်မပြောတဲ့ ပိုစ့်လေးအတိုင်းပါပဲ.. မှတ်သားသွားပါတယ်အစ်မရေ.. အမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့ စာပေတွေကို အမြတ်တနိုးတန်ဖိုးထားပါတယ်.. အစစအရာရာ အဆင်ပြေပါစေအစ်..

desertraindrops said...

ဖတ်မှတ်သွားတယ် မနမ်းရေ..

Unknown said...

အစ်မ အနမ်းရေ...
အကျိုးရှိလွန်းတဲ့ ပို့စ်လေးပါပဲ
ကျေးဇူးအရမ်းတင်တယ် ..း)
လေးစားလျှက်
ညီမလေး နှင်းဟေမာ