သင်္ကြန်နှင့် ပိတောက်ပွင့်ချိန်ကလည်း ကြုံကြိုက်တတ်တာကြောင့် ပိတောက်ပန်းများကို နှစ်သစ်နဲ့အတူ အမြဲယှဉ်တွဲပြီး မြင်တွေ့ရတာကိုက ကျွန်မတို့ရင်ထဲ ထူးထူးခြားခြားရှိလှပါတယ်။ ပိတောက်ပန်းပွင့်တိုင်း သင်္ကြန်ရောက်ပြီဆိုတာကိုလည်း ကျွန်မတို့ငယ်စဉ်ကတည်းက သိမှတ်ထားလေ့ရှိကြတယ်။ သင်္ကြန်မှာရွာတဲ့ မိုးစက်မိုးပေါက်လေးများကျတာနဲ့ “ဟေး၊ မနက်ဖြန်ဆို ပိတောက်တွေပွင့်ပြီ” လို့အော်ဟစ်ခဲ့ဖူးပါတယ်။ ပန်းမပန်တတ်တဲ့ကျွန်မ သင်္ကြန်မှာ ပိတောက် ပန်းပွင့်ရင်တော့ အမေ့ကိုဈေးက ၀ယ်လာခိုင်းပြီး ဘုရားတင်၊ ပန်းအိုးထိုးလေ့ရှိပါတယ်။
ကျွန်မတို့ မြန်မာသင်္ကြန်ရက်များက အကြို၊ အကျ၊ အကြတ်၊ အတက်နေ့ဆိုပြီး ၄ရက်ဖြစ်ပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက သင်္ကြန်အကြိုနေ့ဆို ကလေးသူငယ်များသာ ရေပက်လေ့ရှိကြတာပါ။ အကြိုနေ့ ရွှေရင်အေးလုပ်ဖို့ မုန့်လက်ဆောင်း၊ အုန်းနို့ရည်၊ ရေခဲ၊ ပေါင်မုန့် စတာတွေ ၀ယ်ဖို့အတွက် ဈေးသွားရင် ကလေးများက ရေပြွတ်လေးများနဲ့ ရေလိုက်ပက်ကြပါတယ်။ သူတို့အတွက် ဈေးဝယ်လာသူတွေ ရေပက်ရတာကိုပဲ ပျော်ရွှင်နေပုံရပါတယ်။ အဲဒီလို ကလေးတွေရေပက်ရင် ကျွန်မကတော့ အခြားသူတွေလို ထွက်မပြေးပဲရေပက်ခံပါတယ်။ ဒါမှလည်း ကလေးတွေလည်းပျော်မှာပေါ့။ အခုတော့ သင်္ကြန်အကြိုနေ့ကိုပဲ ရေပက်မဏ္ဍပ် များက ရေပက်နေကြသလို၊ ရေပက်ခံကားများကလည်း ရေပက်ခံထွက်လည်နေကြပါပြီ။ အရင်တုန်းက ပုံစံနဲ့တော့ ဘယ်တူတော့ပါ့မလဲ။
လွန်ခဲ့တဲ့အတိတ်တွေက သင်္ကြန်ကို မဏ္ဍပ်မှာရေပက်ဖို့ထက် ရေပက်ခံထွက်ဖို့ကိုသာ စိတ် ၀င်စားခဲ့ဖူးတဲ့ ကျွန်မ၊ ခုတော့လည်း ဘယ်မှမလည်ဖြစ်တော့ပဲ အိမ်ထဲမှာ တီဗွီလေးကြည့်ရင်း၊ စာအုပ်လေးဖတ်ရင်း အချိန်ကုန်ခဲ့ရတာ နှစ်အတော်တောင်ကြာသွားပါပြီ။ ဒါပေမယ့် ဟိုအရင်က ပျော်ခဲ့ဖူးတဲ့သင်္ကြန်ကိုတော့ ဘယ်မေ့အုံးမလဲနော်။
နောက်ပြီး ဗိုလ်ချုပ်ဈေးမှာ ဈေးသင်္ကြန်ဆိုတာ ရှိသေးတယ်။ ကျွန်မတို့ အဲဒီဈေးသင်္ကြန်ဆိုလည်း တက္ကသိုလ် ကျောင်းကသူငယ်ချင်းတွေ အတူချိန်းဆိုပြီး သွားခဲ့ကြသေးတယ်။ မှတ်မှတ်ရရ ကျွန်မနောက်ဆုံး ရောက်ခဲ့တဲ့နှစ်က မိတ်ကပ်လိမ်းတဲ့ မာမီတွေ အပေါ်ထပ်ကနေ ကက်ဆက် တွေဖွင့်ပြီး ကကြလေရဲ့။ အဲဒီနှစ်က ကျွန်မတို့လည်း ကြွက်စုတ်ဖြစ်ပြီး အိမ်ပြန်ခဲ့ရတယ်။ အတော်ကိုဆိုးတာပဲ၊ အဲဒီလောက်အထိ ရေပက်ကြမှန်း မသိဘူးလေ။ အရင်နှစ်တွေက အဲဒီလို မဟုတ်ဘူးဆိုတော့..။ နောက်ပိုင်း ဘယ်တော့မှ မသွားတော့ဘူး။ ခုဆို အဲဒီဈေးသင်္ကြန်ကလည်း အတော်စည်ကားတဲ့ ရေသဘင်ပွဲတော်ကို ဖြစ်လို့ပဲလေ။
မနှစ်ကသင်္ကြန်ကလည်း အလည်ထွက်ကြတဲ့ ညီမတွေပြောပြပုံအရဆို အတော်လေးကြောက်စရာ ကောင်းပါတယ်။ သူတို့ပြောပုံအရဆိုရင် အကျင့်စာရိတ္တမကောင်းတဲ့ လူအချို့ကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်က ပျက်လုနီးနီးဖြစ်နေသလိုပါပဲ။ သင်္ကြန်ဆိုတာ မြန်မာပြည်သူ ပြည်သားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ရိုးရာအမွေကို ကိုယ်ကပဲထိန်းသိမ်းရမှာပေါ့။ မဟုတ်ရင်တော့ ကိုယ့်ရိုးရာ ရေသဘင်ပွဲကို ကိုယ်ကပဲဖျက်သလိုဖြစ်နေမယ်။
သင်္ကြန်တွင်း အိမ်မှာရှိနေတတ်တဲ့ ကျွန်မနဲ့အမေကတော့ နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက်လုပ်ကြတဲ့ ရွှေရင်အေးနဲ့ မုန့်လုံးရေပေါ်လုပ်ဖြစ်ပါတယ်။ သင်္ကြန်အကြိုနေ့ကို ရွှေရင်အေးလုပ်ပြီး လာသမျှ ဧည့်သည်တိုင်းကို ရွှေရင်အေးနဲ့ဧည့်ခံပါတယ်။
မုန့်လုံးရေပေါ် ကို တော့ နှစ်ဆန်းတစ်ရက်နှေ့မှ လုံးတာကြောင့်၊ ဆွမ်းတော်ကပ်လှူကြပြီး အိမ်နီးချင်းများကို လိုက်ပြီး ဝေငှပါတယ်။
နှစ်သစ်မှာ အားလုံးပဲ ကိုယ်၊ စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။
မနှစ်က ဖိုးဂျယ် တဂ်ထားတာလေးကို ကွန်နက်မရတာကြောင့်မရေးဖြစ်လိုက်ဖူး။ ဒီနှစ်တော့ သင်္ကြန် အလွမ်းပြေလေးအဖြစ် ရေးလိုက်ပါတယ်။
ပုံများကို Google မှရယူပါတယ်။ မုန့်လုံးရေပေါ်ကတော့ အိမ်ကလုပ်ထားတာလေးပါ။
14 ယောက်ဆွေးနွေးချက်:
ရင်ထဲကသဋ္ဌက်န်ကို ရင်ထဲအထိခံစားသွားတယ်-ဓါတ်ပုံ
တင်ခိုင်းထားပြီးလာလည်းမကြည့်ဘူး-
သင်္ကြန်ကို လွမ်းတယ်ဗျာ... လွမ်းတယ်... မဆော့ရတာ ကြာပြီ....
မအနမ်းရေ.......
မုန့်လုံးရေပေါ်ကြိုက်ဘူးရယ်.........
ရွှေရင်အေး.....သောက်ချင်တယ်.......။
နည်းနည်းကျွေး........
(ထုံးစံအတိုင်း ငတ်တာ....း))
သင်္ကြန်မလည်ရတာ အရမ်းကြာခဲ့ပြီဗျာ.......။
လွမ်းတယ်.........သင်္ကြန်ကို.........း((
ခင်မင်တဲ့
ဏီလင်းညို
ုငရုတ်သီးထဲ့ထားတဲ့  မုန့် လုံးရေပေါ် စားမယ် ။
ရေမရှိ ၊ မီးမရှိ ၊ မဏ္ဍပ်မရှိ တဲ့  ဒီနှစ် ရန်ကုန်သင်္ကြန် လူစည်မှာ မဟုတ်လို့  ဥပုသ်သာ စောင့်ပါ တော့ ။
ရှလွှတ်.... ဒါတွေ ငတ်နေတာ ကြာပြီ. . .
သွားရည်ကျအောင် လူကို လာလုပ်တယ်. .
ဒါတွေ လိုက်ဖတ်တော့မှ သင်္ကြန်ကို ပိုပြီးတော့ လွမ်းတယ်ဗျာ . . . .
ပျော်ရွှင်ပါစေ
ကိုဇော်
ဟဟဟ အားမရလို့ ရေလောင်းရတာ ဒီအထိ လိုက်လောင်းတယ်ကွ..
ဘယ်ပြေးမလည်း မိချိုသဲ ..အဲ ဘွတေး ဘွတေး
မှားကုန်ဘာဘီ...အမရယ်...။ မုန်လုံးရေပေါ်လေး မစားရတာ ၁၀နှစ်ရှိတော့မယ်လေ ။မြင်လိုက်တော့ ဂွိ ..ဂွီ .ရှလွတ်....သွားရည်တောင်ကျတယ်။
(((((((((((ဗွမ်း)))))))))ဟန်း..ဟန်း..ဟန်း..(အက်ကိုးသံ)
ဂွမ်...ဂလုံ...တုန်..တုန်...တုန်း..ဘတ်။(ရေခွက်ပြုတ်ကြ လမ်းပေါ်လိမ်သွား..ပြီးတော့မှ ရေမြောင်းထဲကျ..ဘတ် တဲ့။)အဟဲ မမိုက်လား ရေလောင်းတာ အားရလိုက်တာ...။။။
ခင်မင်မှုဖြင့် -
အားလုံးကို ပျော်စေချင်တဲ့.....
သင်္ကြန်ကို အရမ်းကို လွမ်းနေတယ်....
မုန့်လုံးရေပေါ်လေးလည်း စားချင်တာ.. အဟင့်!!
လွမ်းစရာကောင်းအောင် ရေးတတ်လိုက်တာဗျာ။ ရေလောင်းမယ်နော် (((((((((...))))))))))))) နှစ်သစ်ကူးမှာ အထူးပင် ရွှင်မြူးပါစေ
သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေ မြန်မာလူမျိုးတိုင်းမှာ ရှိနေတယ်နော်...။
သြော်....
တော်တော်လည်း လမိုင်းကပ်တဲ့ သင်္ကြန်ပါပဲ...
-----------------------------------------------
နှစ်သစ်အတာသင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မမရေ...
သတိရသထက် ရလာပြီ မအနမ်းရေ...
ဒါကြောင့် သင်္ကြန်သီချင်းလေးတွေနဲ့ဘဲ အဖော်လုပ်နေရတယ်။
ရွှေရင်အေးလေးတော့ သောက်ချင်မိပါတယ်.. အမိမြန်မာပြည်လည်း လွမ်းမိပါတယ် အစ်မရေ..။ စာလေးလာဖတ်ရင်း နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်..။ နေမကောင်းဖြစ်မှာဆိုးလို့ ရေတော့ မလောင်းတော့ဘူးအစ်မ..။း))
ရင်ထဲက သင်္ကြန်လေး ခံစားသွားပါတယ်ဗျာ..
အခုကတော့ တကယ်ကို ရိုးရာ ပျက်နေပါပြီ
သင်္ကြန်တွင်းမှာ ကုသိုလ်တွေ အများကြီးရပြီး ချမ်းမြေ့ပါစေ
ရွှေစင်
အမရေ ရင်ထဲက သင်္ကြန်လေးကို ခံစားသွားတယ်။ စိတ်မကောင်းဖွယ် သင်္ကြန် ဖြစ်သွားတယ်နော်
ဗွမ်း ဗွမ်း ရေပြန်လောင်းသွားတယ်း)
မနှစ်ကအနမ်းကတော့
ဒီကနှစ် အနမ်းနဲ့ မတူတော့ပါဘူး...
သိကြားမင်း ဆင်းရကျိုး နပ်တာပေါ့...
းဝ)
Post a Comment