ပစ္စုပ္ပန်တည့်တည့်











နံရံပေါ်မှာ နာရီတွေမရှိဘူး

ပြီးတော့ အချိန်လည်းမရှိဘူး။

မိုးသောက်ကနေ၀င်အထိ
ကြမ်းပြင်ကိုဖြတ်ပြီး
အရိပ်တွေလည်းမရွေ့ လျားဘူး။

တံခါးရဲ့ အပြင်ဘက်မှာ
အလင်းရောင်မရှိသလို
အမှောင်လည်းမရှိဘူး
အဲဒီမှာ.. တံခါးလည်းမရှိဘူးလေ။


Langston Hughes ရဲ့ Nowhere ကို မောင်သင်းခိုင်က ဘာသာပြန်ဖွဲ့ ဆိုထားတာပါ။
ကျွန်မ ငယ်ငယ်က နှစ်သက်လို့  ဆိုပြီး ကူးယူထားမိတာလေးပေါ့။
အခုမှစာအုပ်အဟောင်းလေးထဲကပြန်တွေ့ လို့ ပိုစ့်တင်လိုက်တာပါ။

8 ယောက်ဆွေးနွေးချက်:

Anonymous said...

ကဗျာကောင်းလေး မျှဝေပေးလို့ ကျေးဇူးပါ မအနမ်းရေ ..
စာရေးသူက မြန်မာလို ဘာသာပြန်ထားတာလေးကောင်းတယ်နော် ...
ကိုယ်တွေ ဘာသာပြန်ရင် အဲလောက်တောင် ကောင်းမယ် မထင် ....
နောက်တစ်ခေါက် ထပ်ဖတ်ဦးမယ် ..
နေဒေးသစ်။

kiki said...

တံခါးရဲ့ အပြင်ဘက်မှာ
အလင်းရောင်မရှိသလို
အမှောင်လည်းမရှိဘူး
အဲဒီမှာ.. တံခါးလည်းမရှိဘူးလေ။

တံခါး ရဲ့  အပြင်ဘက် လည်း ပြောသေး...
တံခါး မရှိဘူး လည်းပြောသေး...
ရှင်း ရှင်း ပြော နော် ။
တံခါး က ရှိလား / ရှိဘူး လား
နားမလည်ဘူး ။ ရှင်းပြ ။

desertraindrops said...

ကဗျာလေး ဖတ်ပြီးတော့ တွေးရခက်သွားတယ်။

ကိုလူထွေး said...

ကဗျာလေးကောင်းတယ်...

အတိတ်ဆိုတာလဲ မရှိဘူး...
အနာဂတ်လဲ မရှိဘူး...

စာရေးသူလဲ မရှိဘူး...
စာဖတ်သူလဲ မရှိဘူး...

ကော်မင့်ဆိုတာလဲ မရှိဘူး...
တုံ့ပြန်မှုလဲ မရှိဘူး...

မရှိဘူးဆိုတာလဲ မရှိပြန်ပေဘူး...

းဝ)

မအနမ်းတော့ ရှိပါတယ်...း)

သားကြီး said...

ကြိုက်ပါတယ် ဒီကဗျာကို
ပြန်တင်ပေးတာကျေးဇူးပါ

Sein Lyan said...

ကဗျာလေးကောင်းလိုက်တာ

ပစ္စုပန်ပျောက်နေတဲ့ တံခါးကို တွန်းဖွင့်ပြီး
အနာဂတ်ကိုသွားမယ်ဗျာ

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

Unknown said...

ကဗျာလေးတကယ်ခံစားလို့ရတယ်
မျှဝေပေးတက်တဲ့ စိတ်ကလေးကို ချစ်တယ်။
လူကိုလည်း ချစ်ချင်တယ်။
နာမည်ကိုတော့ ကြောက်တယ် :)

မိုးခါး said...

ဆားချက်တယ်ပေါ့
ကျေးဇူးနော် အစ်မး)