“တစ်ခါလာလဲ ဒါပါပဲ” ဆိုတဲ့စကားဟာ လမ်းမှန်အတိုင်းမသွားနိုင်သူ၊ လမ်းမှားနေသူအတွက် ကဲ့ရဲ့ပြစ်တင်ရှုံ့ ချတဲ့စကားပါ။ မူးယစ်သောက်စားရမ်းကားနေသူ၊ အမှားတစ်ခုကို ထပ်တစ်လဲ လဲလုပ်နေတဲ့သူကိုတွေ့ ရင်
“ မင်းကွာ တစ်ခါလာလဲ ဒါပဲ၊ တစ်ခါလာလဲ ဒါပဲ၊ မင်းခုထိမပြင် သေးဘူးလား။ မင်းတော်တော်ပေသကိုးကွ” လို့ ကဲ့ရဲ့ ပြစ်တင်စကားပြောတတ်ကြတယ်။
လမ်းမှန်အတိုင်းစွဲစွဲမြဲမြဲဇွဲရှိရှိသွားနေသူ၊ လမ်းမှန်နေသူအတွက်တော့ ဒီစကားဟာ ချီးမွမ်းဂုဏ် တင်တဲ့စကားမျိုးပါ။ “အို မင်းကတော့ တစ်ခါလာလဲ ဒါပဲ၊ တစ်ခါလာလဲ ဒါပဲ၊ နေ့ စဉ်မပျက်စွဲစွဲ မြဲမြဲလုပ်နိုင်လိုက်တာကွယ်၊ တယ်လဲဇွဲရှိပါလား” ချီးမွမ်းဂုဏ်တင်စကားပြောတတ်ကြတယ်။
လူဆိုတာ အလုပ်သမားဖြစ်လို့ အလုပ်လုပ်ဖို့ လူဖြစ်လာတာဖြစ်လို့ အလုပ်လုပ်တတ်တဲ့အရွယ် အလုပ်လုပ်နိုင်တဲ့အရွယ် ကစ အလုပ်လုပ်နေကြရပါတယ်။ လမ်းမှားလိုက်နေသူလဲ အမှန်မသိ သေးသမျှ အမှန်အတိုင်း မလိုက်နိုင်သေးသမျှ ဒီအမှားကိုပဲ ဆက်ကာဆက်ကာလုပ်နေမှာပဲ။ လမ်းမှန်လိုက်နေသူလည်းအမှန်လိုက်နေသေးသမျှ အမှန်ကိုပဲထပ်တလဲလဲ လုပ်နေမှာပါ။ တစ်ခါလာလဲ ဒါပါပဲပေါ့။
ဒီ “တစ်ခါလာလဲ ဒါပါပဲ” ဆိုတဲ့သဘောလေးပေါ်လွင်အောင် ကိုယ့်ရဲ့ တစ်ဘ၀လုံးကို ခြုံငုံ ကြည့် စမ်းပေါ့။ ကြည့်တတ်ရင် ညာဏ်ထဲမှာထင်ထင်ရှားရှားပေါ်လာပါလိမ့်မယ်။
(၁) တစ်ခါလာလဲ ဒါပဲပြင်နေရတယ်၊ တစ်ခါလာလဲ ဒါပဲပြင်နေရတယ်၊ စားဝတ်နေရေး ကျန်းမာရေးကိစ္စတွေနဲ့ နေ့ စဉ်လိုအပ်သမျှဖြည့်ဆည်းပေးပြီးပြုပြင်နေရပါတယ်။ ပြင်လိုက် တိုင်းပျက်ပျက်သွားတာကြောင့် ပြင်လို့ မပြီးနိုင်တာပါ။ ပြင်လိုက်ပျက်လိုက်၊ ပျက်လိုက်ပြင် လိုက်ပေါ့။
(၂) တစ်ခါလာလဲ ဒါပဲပျက်တယ်၊ တစ်ခါလာလဲ ဒါပဲပျက်တယ်၊ ဒီခန္ဓာလည်းပြုပြင်လိုက်တိုင်း ပျက်တာပဲ။ ခန္ဓာနဲ့ ဆက်စပ်တဲ့ သက်မဲ့ ပစ္စည်းဝတ္ထုတွေလဲ ပြုပြင်လိုက်တိုင်းပျက်တာပဲ။ မခိုင် မာတဲ့အရာတွေနဲ့ ပြုပြင်ထားတာဖြစ်လို့  ပြိုကျပျက်စီးရတာပါ။
(၃) တစ်ခါလာလဲ ဒါပဲနှိပ်စက်တယ်၊ တစ်ခါလာလဲ ဒါပဲနှိပ်စက်တယ်။ ပျက်တိုင်းလည်းနှိပ်စက် တယ်၊ ပြောင်းလဲတိုင်းလည်းနှိပ်စက်တယ်။ အိုတာနဲ့ နာတာကိုပြောတာပါ၊ မရဏတွင်းထဲ အရောက် ခြေထောက်၂ဖက်နဲ့ လှိမ့်ကန်နေသလို အဆက်မပြတ်ကန်နေတာပဲ၊ ဒုက္ခခန္ဓာ ရ ထားတာကိုး။
(၄) တစ်ခါလာလဲ ဒါပဲပူတယ်၊ တစ်ခါလာလဲ ဒါပဲပူတယ်။ ကိလေသာမကင်းသေးတာကိုပြော တာပါ။ မရှိလည်းပူ၊ ရှိလည်းပူပါပဲ၊ သတိလွတ်တိုင်း အပူချင်းထပ်နေတတ်ပါတယ်။
(၅) တစ်ခါလာလဲ ဒါပဲယူပါ၊ တစ်ခါလာလဲ ဒါပဲယူပါ။ ပြင်လိုက်ပျက်လိုက် နှိပ်စက်လိုက် ပူလိုက်နဲ့ သာဆိုရင် လူ့ ဘ၀ဟာ ဘာမှတန်ဖိုးမရှိ၊ ဘာမှလည်းအဓိပ္ပါယ်မရှိ၊ ဂုဏ်ယူစရာ လည်းဘာမှမပါ၊ ဒါကြောင့် လူ့ ဘ၀ရလာဒ်ဖြစ်တဲ့ ကောင်းမှုတရားကို အပ္ပမာဒ ခေါ်တဲ့ သတိညာဏ်နဲ့ တစ်ခါလာလဲ ရအောင်ယူပါ၊ နောက်တစ်ခါလာလဲ ဒီကောင်းမှုတရားကိုပဲ အရ ယူပါ၊ ဒါမှပဲ မြင့်မြတ်တဲ့ လူ့ ဘ၀ဖြစ်ခွင့်ရမှာပေါ့။
*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပြင်ရသည်။
*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပျက်နေသည်။
*တစ်ခါလာလဲ အိုနာပဲ၊ အမြဲနှိပ်စက်သည်။
*တစ်ခါလာလဲ ရှုပ်ညစ်ဆဲ၊ အမြဲပူလှသည်။
*တစ်ခါလာလဲ ကုသိုလ်ပဲ၊ အမြဲယူရမည်။
တိပိဋကယောဆရာတော်ရဲ့  တစ်ခါလာလဲ ဒါပါပဲ ဓမ္မလက်ဆောင်(၄၈) စာအုပ်ကို အမေ့သူငယ်ချင်း အန်တီကြီးတစ်ယောက်ဆီမှ လက်ဆောင်ရရင်း ဖတ်မိသလောက်လေးကို ရေးသားတင်ပြမိတာပါ။

14 ယောက်ဆွေးနွေးချက်:
စဖတ်စတုန်းကတော့
ဟာ.. တရားစဟောနေပြီလို့ ထင်လိုက်သား...
းဝ)
လာလဲ ဒါပဲ ။
မလာလဲ ဒါပဲ ။
ဘာမှ မထူးဘူးလေ ။
ဒီတော့ လာမလား၊ သွားမလား ။
သွားရင် လာခေါ်မယ် ။
ငှဲ ငှဲ ။
အချိန်မှီ ဖုန်းဆက်လိုက်ပါ ။
အို နာ သေခြင်း လွတ်မကင်းနိုင်တဲ့ ဒီခန္ဓာကိုယ်ကြီးမှာ
တစ်ခါလာလည်း ဒါပဲ တစ်ဒါလာလည်း ဒါပဲ ဆိုတာ သေချာပါတယ် အစ်မရေ ...ကောင်းမှု တရားကို အသိဥာဏ်နဲ့ ယှဉ်ပြီး ယူရမယ် ဆိုတာကတော့ ဒီပို့စ်လေးကနေ ပေးချင်တဲ့ အဓိက အနှစ်သာရလို့ ထင်မိပါတယ် .. မှတ်သားသွားပါတယ် ...
နေဒေးသစ်။
တီချယ် တရားတွေပေါက်နေပြီလား တရားထူးလေးရရင် ပေးဦးလေ ကိုယ့်တပည့်ကိုပစ်မထားနဲ့လေ တီချယ်ရဲ့ :P
ပညာပေးတဲ့ပို့စ်လေးပါ အမလာဖတ်ပါတယ်..
အိပ်ငိုက်ငိုက်နဲ့ တရားနာသွားပါသည်
ချစ်ခင်စွာဖြင့်
ဖိုးန်
သံဝေဂယူစရာပို့စ်ကောင်းလေး တစ်ခုပါပဲ...
တန်ဖိုးရှိပါတယ်အစ်မ...
ဖတ်မှတ်သွားပါတယ်...
တရားနာသွားပါတယ် :) (ဆရာလေးဆီမှ)
ပြန်လည်ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။
ခင်မင်ခြင်းနှင့်
တလနွန်
ဟုတ်ပါ့
ကျနော်လဲ တစ်ခါလာလဲ ဒါပဲ ဖြစ်နေတာ ပြင်ရဦးမယ်။ =)
မ့ ရေ..သိပ်ကောင်းတဲ့ မျှဝေမှု့ပါ။
အင်း
ဟုတ်တယ်နော်..
အမြင်သစ်ကလေးပါပဲ..မှတ်ထားပါတယ်ခင်ဗျ
*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပြင်ရသည်။
*တစ်ခါလာလဲ ခန္ဓာပဲ၊ အမြဲပျက်နေသည်။
*တစ်ခါလာလဲ အိုနာပဲ၊ အမြဲနှိပ်စက်သည်။
*တစ်ခါလာလဲ ရှုပ်ညစ်ဆဲ၊ အမြဲပူလှသည်။
*တစ်ခါလာလဲ ကုသိုလ်ပဲ၊ အမြဲယူရမည်။
တရားလာနာသွားတယ် အဟီး
ကျနော့်မှာလည်းတခါလာလဲမဲပြာပုဆိုး
တခါလာလဲမဲပြာပုဆိုးနဲ့ လူဖြစ်ရတာပျင်းလာပြီ :)
ကုသိုလ်လာယူသွားပါတယ်
း))
Post a Comment