တရားရရန်အကြောင်း

ကြား မြင် သိ မှန် ဤလေးတန် တရားရရန်အကြောင်းတည်း

ဘုရားရှင်လက်ထက်-

ခေမာမိဖုရားကြီး ဇရာကိုမသိ၊ အလှမာန်ယစ်ပြီး ဘုရားကိုရှောင်ခဲ့သူ…

တစ်နေ့-

ဘုရားက သူ့ထက်လှသူ ယမင်းကညာ နတ်သမီးတမျှ လှသူကို ဖန်ဆင်းပြ၍ ဆွဲဆောင်ခဲ့….

ဘုရားလက်ထက် အလှအပကို စိတ်ဝင်စားသူ မိဘုရားကြီး မျက်စိတမှိတ်အတွင်း ကြည့်နေဆဲ….

ယမင်းကညာအလှက ဇရာပြပြီး အိုမင်းလာပုံ၊ အိုရာမှ အနာပေါက်ပြီး ပျက်ပြီးပုံ၊ ပျက်စီးရာမှ သေခြင်းဒုက္ခသို့ ကျဆင်းသွားပုံကို အဆင့်ဆင့် မျက်မြင်တွေ့လိုက်ရာမှ…..

အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဉာဏ်မှာပွင့်ထွန်းလာပြီး တရားရသူ ဖြစ်သွားခဲ့ဘူးပါသည်.

စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ

မှတ်စု (၈)

8 ယောက်ဆွေးနွေးချက်:

SHWE ZIN U said...

သူတို့များ တရားရအောင် ဘယ်လိုများ ဖန်ဆင်းပြရမလည်း မသိဘူး

အမိုက်မှောင်ဖုံး ပုံကတော့ ဘုရားတောင် လက်မြှောက် ရမလားမသိဘူး

လေးစားစွာဖြင့်
ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

တရားရချင်တဲ့သူများကတော့ တစ်ချက်ဘဲ။ မရချင်တဲ့သူများကျတော့ ဘယ်လောက်ပြပြ ဇာတ်ပွဲကြည့်နေရသလို ဖြစ်နေမလားမသိဘူး။းဝ)

ဧပရယ်လ်ပူး@ပူးတေ said...

အဲလို တခါထဲ တရားရနိုင်မယ့် ပါရမီပါလာရင်ကောင်းမယ်။

sosegado said...

ကျွတ်ချိန်တန်ရင် ကျွတ်ရမှာပဲတဲ့၊ ပါရမီပါခဲ့ရင်ပေါ့လေ၊

ဝက်ဝံလေး said...

ဟီးးးး မ လာနောက်သွားတယ်နော်
ဖတ်ပြီးတရားရအောင်ကြိုးစားမယ် ဝက် ကွ ဟားဟားးးးးးးးးးးးးးးးးးးးးးး

ဝက်ဝံလေး said...

မှန်ပါ့

နေ၀သန် said...

ကောင်းလိုက်တဲ့စာလေး... တိုတိုလေးနဲ့ ထိတယ်ဗျာ......

ခင်မင်တဲ့
ညီညီထွေး

buddha said...

ငနာဂတုံးများဟာဆိုရင် အွန်လိုင်းမှာ အမြဲတမ်းလိုလို ရှိနေတတ်ပါတယ်...လူမြင်ကောင်းအောင် သာဿနာ့အတွက် လူနောက်ကွယ်ဆိုရင်တော့ သြောကားကြည့်နေတာပေါ့...မရှိလို့ မလှူ မလှူလို့ မ၇ှိ ဒီဓာတ်ပြားဟောင်းကြီးကို ထက်ခါထက်ခါဖွင့် လူတွေရဲ့ ဆင်းရဲတွင်းက နက်သထက်နက်လာတယ်...

ဒါကို မသိကျိုးကျွန်ပြု ဂတုံးများရဲ့ ပြောစကားရှိသေးတယ် မြန်မာပြည်မှာ ဆင်းရဲလို့ ငတ်သေတဲ့မသာမရှိပါဘူးတဲ့