တရားတော်ကို ဘယ်လိုပူဇော်ကြမလဲ



ဗုဒ္ဓဘာသာတိုင်း အနန္တောအနန္တငါးပါး ရတနာသုံးပါးကို ဦးညွှတ်ပူဇော်ကြလေ့ရှိပါသည်။
ဘုရားရှင်မြတ်အား ပန်း ဆီမီး သစ်သီးဆွမ်းတို့ဖြင့် ပူဇော်ကြလေ့ရှိပါသည်။ ဂုဏ်တော်၉ပါး၊ ဗုဒ္ဓါနုဿတိဖြင့် ဂုဏ်တော်နှင့် ပုံတော်ကိုပါ ကြည်ညိုပူဇော်တတ်ကြပါသည်။ ထို့အတူ သံဃာတော် အရှင်သူမြတ်အပေါင်းအားလည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ပူဇော်သကဲ့သို့ အာရုံပြု ကြည်ညိုပူဇော် တတ်ကြပါသည်။

သို့သော် ဂုဏ်တော်သာရှိ၍ ပုံတော်မရှိသော " ဓမ္မ " ကို ဘယ်လို ပူဇော်ကြမည်နည်း။ ဘုရားရှင်နှင့် သံဃာတို့ကို ပူဇော်သကဲ့သို့ ပူဇော်ရန်မဖြစ်နိုင်ပါ။ ဓမ္မကို ဘယ်လိုပူဇော်ရမည်ကို ဗုဒ္ဓရှင်တော်မြတ်က ဤသို့မိန့်ကြားခဲ့ဘူး ပါသည်။

ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်အခိုက် ဘုရားရှင်က-
ချစ်သားတို့ နောက်လေးလမျှလွန်လျှင် ငါဘုရား ပရိနိဗ္ဗာန်စံဝင်တော့မည် ဟုမိန့်ခဲ့ပါသည်။
ပုထုဇဉ်ရဟန်းအများက ၀မ်းနည်း၍ ငိုယိုကြပါသည်။ ထိုရဟန်းများထဲမှ ရဟန်း ဓမ္မရာမ သည် ကျန်ရဟန်းများ ကဲ့သို့ မငိုယိုတော့ပဲ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလတွင်ပင် ငါ ကိလေသာကုန်အောင် တရားကျင့်၍ ဘုရားရှင်အား ကျေးဇူးဆပ်ပူဇော်တော့မည်ဟု ဆုံးဖြတ် လိုက်ပြီး နာကြားဖူးသမျှ တရားတော်များကို ဆင်ခြင်၍ တစ်ပါးတည်း တရားအားထုတ်နေ လိုက်ပါသည်။


ဘုရားအနီးအပါးမှ ရှောင်ထွက်သွားခဲ့သော ဓမ္မရာမ ရဟန်းကို ကျန်ရဟန်းများက အမျိုးမျိုးကဲ့ရဲ့ကြပြီး ဘုရားရှင်အား လျောက်ထားကြပါသည်။ ဘုရားရှင်က ဓမ္မရဟန်းအား အကြောင်းရင်းကို မေးမြန်းခဲ့ရာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလအတွင်း ကိလေသာ ကုန်ခမ်းအောင် တရားကျင့်သည် ဖြစ်ကြောင်း ဓမ္မရာမ ရဟန်းက ပြန်လည်လျောက်ထားခဲ့ပါသည်။


ဤတွင် ဘုရားရှင်တော်မြတ်က သာဓုသုံးကြိမ်ခေါ်ပြီး ငါဘုရား၌ ချစ်မြတ်နိုးသောရဟန်းသည် ဓမ္မရာမ ကဲ့သို့ တရားကိုကျင့်ရာ၏။ ပန်းနံ့သာ ဆီမီးတို့ဖြင့် ပူဇော်ခြင်းသည် ငါဘုရားအား ပူဇော်သည် မမည်နိုင်သေး။

ယခုကဲ့သို့ ငါဘုရားဟောကြားထားသော တရားတော်များအတိုင်း ကျင့်ကြံနေမှုသည်သာ

ငါ ဘုရားအား ထိုက်ထိုက်တန်တန် ပူဇော်သည် မည်၏။

ငါ ဘုရား၏ သံဃာကိုလည်း ပူဇော်သည် မည်၏

ငါ ဘုရား၏ တရားတော်ကိုလည်း ပူဇော်သည် မည်၏ ဟူ၍ဖြစ်ပါသည်။

ဓမ္မပူဇေမိ သည် ဆိုရုံ ရွတ်ရုံမျှဖြင့် အကျိုးမပြီးမြောက်နိုင်ပါ။

ဓမ္မံပဿတိ မယံပဿတိ (တရားကိုမြင်လျှင် ငါဘုရားကိုလည်းမြင်၏)


စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ
မှတ်စု(၆)
ပုံကို google မှကူးယူရရှိပါသည်။
ပထမ ရေးသားထားသော ပိုစ့်မှာ စာပိုဒ်ကျန်သွားပါသဖြင့် ယခုမှသာ ကျန်ခဲ့သော အပိုဒ်အား ပြန်လည် ဖြည့်စွက်ထားရပါတယ်။ ကွန်နက်ရှင် နှင့် မီးအားမရပါသောကြောင့် ပိုစ့်တင်ရသည်မှာ အခက်အခဲများ ရှိသည်ကို နားလည်ပေး ကြစေလိုပါတယ်။ အခုလို ဖြစ်သွားခြင်း ကိုလည်း စာဖတ်သူ အပေါင်းအား အနူးအညွှတ် တောင်းပန်အပ်ပါ တယ်။


မ အနမ်း


11 ယောက်ဆွေးနွေးချက်:

ဇွန်မ said...

အတုယူစရာ ကောင်းတယ် အမရေ။ အချိန်ကို တန်ဘိုးရှိရှိ အသုံးပြုသင့်တယ်ဆိုတာ မှတ်သားစရာပါ။

kiki said...

ဘုရားဟော အတိုင်း ၊ လူတိုင်း လိုက်နာကျင့်သုံးကြရင် ...
ခုလို လည်း တို့ ပြည်ကြီး ဒုက္ခပင်လယ်ဝေ နေမယ် မဟုတ်ဖူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အပူတွေ အပူတွေ များ...
ရေ တွေ ရေ တွေ က ရှားးးးးးးးး
အရှင်လတ်လတ် ငရဲကျနေကြရသလိုပဲ ..း(((((

အဖြူရောင်နတ်သမီး said...

မှတ်သားသွားပါတယ်...မကြီးရေ....

မကိ...
အရမ်းမအော်နဲ့လေ...
ပူပါတယ်ဆိုနေ...
ပြီးရင် ရေကငတ်အုံးမယ်...
အော်နဲ့နော်...လိမ္မာတယ်....
း)

မောင်ကောင်း said...

မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို ပူဇော်တတ်စေဖို့ လမ်းညွှန်ပေးတဲ့စာတွေကို သာဓုခေါ်သွားပါတယ်အစ်မရေ...။

သုခုမလေဒီ said...

ပိုစ့်လေး မပြည့်မစုံဖတ်သွားရသူများကို အနူးအညွှတ် တောင်းပန်ပါတယ်။ အခက်အခဲဖြစ်သွားသည်များကို နားလည်စေလိုပါတယ်။
ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

Flower said...

မှတ်မှတ်သားသားလေး ဖတ်သွားပါတယ် မအနမ်းရေ.
အကျိုးရှိတဲ့စာလေးတွေတကူးတကရေးတင်ပေးတာ ကျေးဇူးပါ...
ပျော်ရွှင်ပါစေ..

Zay Tar Yar said...

ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်းဘဲ မမပြောတဲ့ရေး
တဲ့စာကိုဖက်ပြီး ဇေဒီလိုသဘောပေါက်ပါတယ်
ကိုယ်ချစ်မြတ်နိုးတဲ့လူကို တကယ်တန်းချစ်မြတ်
နိုးတယ်ဆိုရင် သူပြောတဲ့အတိုင်းလိုက်နာကျင့်
ကြံရမယ် အဲလိုဆိုရင်တကယ်ချစ်မြတ်နိုးတာ
လို့ ထင်ပါတယ် ...

Zay Tar Yar said...

ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်းဘဲ မမပြောတဲ့ရေး
တဲ့စာကိုဖက်ပြီး ဇေဒီလိုသဘောပေါက်ပါတယ်
ကိုယ်ချစ်မြတ်နိုးတဲ့လူကို တကယ်တန်းချစ်မြတ်
နိုးတယ်ဆိုရင် သူပြောတဲ့အတိုင်းလိုက်နာကျင့်
ကြံရမယ် အဲလိုဆိုရင်တကယ်ချစ်မြတ်နိုးတာ
လို့ ထင်ပါတယ် ...

သုခုမလေဒီ said...

ဇေ သဘောပေါက်သလိုလည်း ယူဆလို့ရပါတယ်။ နားလည် သဘောပေါက်တာကိုပဲ ကျေးဇူးတင်မိပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

သော်ဇင်စိုး said...

လက်ခံပါတယ်ခင်ဗျား ဖတ်မှတ်သွားပါတယ်....

သူကြီးမင်း (တုံးဖလား) said...

တရားတော်ကို မြင်ရင် ဘုရားကို မြင်၏။
တရားတော်ကိုမြင်အောင် ကျင့်ကြံအားထုတ်ဖို့က ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်ပေါ့နော် အမ။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ အမ မမနမ်း။