အလိုဆန္ဒ၏ ပြင်ပသဏ္ဍာန်နှင့် အတွင်းစိတ်ရင်းအမှန်

လူတိုင်းသည် မိမိ၏အတွင်းစိတ်ရင်းအမှန်ကို ပြင်ပသို့နဂိုအတိုင်း ထုတ်ဖော်ရန် အလွန်ခဲယဉ်းတတ်ပါသည်။


ဥပမာ။ ။ လမ်းသွားသူတစ်ဦးအား “ ထမင်းစားပါအုံး” ဟု ထမင်းစားနေစဉ်ဖိတ်ခေါ်ပါက ထိုသူ တကယ်ဝင်စားလျှင် စိတ်ခုသွား တတ်ပါသည်။ ကျွန်ုပ်ဆိုချင်သည်က အစကတည်းက မကျွေးချင်လျှင် ထမင်းစားမခေါ်ပါနှင့် ခေါ်လျှင်လည်း တကယ်ကျွေးချင်မှ ခေါ်ပါဟု တင်ပြသော်လည်း ဘယ်သူမျှလက်မခံကြပါ။ စိတ်ထဲတွင်တစ်မျိုး ပြင်ပတစ်မျိုး ဟန်ဆောင်ခြင်းကို လူအများလက်ခံနေကြ ဖြစ်ပါသည်။ ထိုဟန်ဆောင်စိတ်များလျှင် ထိုသူ တရားရရန်မလွယ်ပါ။

ဓမ္မပဒတစ်ပုဒ်တွင် ဘုရားရှင်က ဤသို့မိန့်ကြားခဲ့ပါသည်။ “ သင်သာရိုးသားမှု၊ မှန်ကန်မှုရှိပါစေ၊ ငါဘုရားထံလာခဲ့ ၇နှစ်၊ ၇လ၊ ၇ရက် အတွင်း တရားကိုသိစေရမည်” ဟုဆိုထားခဲ့ပါသည်။

မှတ်ချက်။ ။ ယနေ့ ကျွန်ုပ်တို့ အသက်အရွယ်ကြီးသော ပုဂ္ဂိုလ်များ၊ ၀ါကြီးသည်ကို ဂုဏ်ယူနေသော ပုဂ္ဂိုလ်များ၊ ဘုရား၊ တရားအလုပ် ကိုလုပ်နေပါသည်ဟု ပြောနေသော ပုဂ္ဂိုလ်များ၊ မိမိ၏ကိုယ်နှင့်စိတ်ကို ပြန်စစ်ရန်လိုနေပြီး ဖြစ်ပါသည်။

စာရေးသူ။ ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ

မှတ်စု (၃)

5 ယောက်ဆွေးနွေးချက်:

ရွှေပြည်သူ (ShwePyiThu) said...

သိပ်မှန်တာပဲ အစ်မအနမ်းရေ။ ဒီစာကို ဖတ်ပြီး ကိုယ့်ဘာသာလည်း ဆန်းစစ်နေမိပါတယ်...

kiki said...

များတို့ကတော့ ခေါ်မစားပေါင် ...(ကိုယ်တောင်သူများ အိမ်လိုက်စားနေရတဲ့ ဘဝ မို့ ... )
နောက်တခါလာရင် ထပ်မေးနော် ..လု ကို စားအုံးမှာ ...

နေကောင်းရဲ့ လား ...မတွေ့ လို့....း(

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။ အခုခေတ်က စိတ်ထဲကတစ်မျိုး ပါးစပ်ကပြောနေတာကတစ်မျိုး ဖြစ်နေတတ်ကြတယ်။ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ပြန်တော့လဲ တစ်ခါတစ်လေ အဲဒီလိုဘဲ ဖြစ်နေတယ်။ တရားရဖို့တော့ ဝေးနေသေးသလိုဘဲနော် အမ။

Sein Lyan Tun said...

မှန်ကန်ကြောင်းထောက်ခံပါတယ်ခင်ဗျား။။။

အတွင်းစိတ်ရင်းအမှန်တွေ သိမြင်ခံစားနိုင်ပါစေ...။

buddha said...

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ကျွန်သဖွယ်၊ သူတောင်းစားသဖွယ် နေထိုင်နေရတာ မထူးဆန်းပါဘူး။ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေတဲ့ ဂေါတာမကုလားကိုယ်တိုင်က အိမ်တကာလှည့်ပြီး သူတောင်းစားလို တောင်းစားနေမှတော့ သူ့ကို ကိုးကွယ်နေကြတဲ့ သူတွေသူတောင်းစားသဖွယ် ၊ ကျွန်သဖွယ်ဖြစ်နေတာ မထူးဆန်းပါဘူး။