ဒီဇင်ဘာရဲ့ နှင်းတစ်စက်

ဒီနေ့ ဒီဇင်ဘာမှာ
နှင်းတွေဘယ်လောက်ဝေမလဲလို့ 
ကိုယ်မျှော်ကြည့်လိုက်တော့
အလို..ကိုယ့်ပါးပြင်မှာ
အေးစက်စက် နှင်းတစ်စက်
သြော်...ချစ်သူချန်ထားရက်တယ်။ ။

ကျွန်မအတွက် ကျွန်မခင်မင်သောသူ တစ်ဦးမှ စပ်ဆိုပေးထားတဲ့ကဗျာလေးပါ။

3 ယောက်ဆွေးနွေးချက်:

kiki said...

ဒီနေ့ ဟာ ဒီဇင်ဘာရဲ့ နောက်ဆုံးတရက် ..ရန်ကုန်မြို့ ရဲ့ ဒီဇင်ဘာ မှာဒီတသက် ဘယ်နှင်းစက်မှ ကျမှာမဟုတ်ပါဘူး ။မျှော်မနေနဲ့  အပိုဘဲ ။ နှင်းစက်မကျဘဲ ချွေးစက်ကျနေမယ် ။ :D

Anonymous said...

မိုက်တယ် တီချယ်ရေ..ချစ်သူချန်ထားတဲ့ နှင်းတစ်စက်ကို မသုတ်လိုက်နော်..စိတ်ဆိုးသွားလိမ့်မယ် :P

Welcome said...

လွမ်းမောဘွယ် လက်ကျန်ရက်ဒီဇင်ဘာလေး ပါလား .. ..

http://winzaw-mdy.blogspot.com