စိတ်ကူးယဉ်ကမ္ဘာလေး ထဲက ကျွန်မ

လူတိုင်းလူတိုင်း ကတော့ စိတ်ကူးယဉ်တတ်ကြပါတယ်။ ကျွန်မလည်း လူတွေထဲ က လူ တစ်ယောက်မို့ အမြဲတမ်း စိတ်ကူးမယဉ်တတ်ဖူးဆိုပေမယ့်၊ တစ်ခါတစ်ရံကတော့ စိတ်ကူး ယဉ်တာပဲပေါ့။ စိတ်ကူးယဉ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်ရာတွေကို တွေးတောနေမိခြင်း တစ်မျိုး ပါ။ စိတ်ကူးယဉ်မှုတွေက တကယ် ဖြစ်မလာဘူးလို့ မပြောနိုင်ပေမယ့်၊ တကယ်ဖြစ်လာနိုင်တာ ပဲလို့ လည်း တရားသေ ယူဆလို့ မရပါဘူး။ သို့ ပေမယ့်လည်း စိတ်ကူးယဉ်မှုဆိုတာကို လူတိုင်း ပိုင်ဆိုင် နိုင်ကြပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို စိတ်ကူးထဲမှာ အကောင်အထည် ဖော်ခွင့် ရှိတယ် လေ။

ဒါကြောင့်လူတိုင်းလွတ်လပ်စွာစိတ်ကူးယဉ်ခွင့်ရှိတာပေါ့။ ကျွန်မလည်း စိတ်ကူးယဉ်မိတာလေး တွေရှိပါတယ်။ ကျွန်မ စိတ်ကူးယဉ်တတ်တဲ့အချိန်က ညအိပ်ယာဝင်ခါစ ကုတင်ပေါ်လှဲလှောင်း မိတဲ့အချိန်ပေါ့။တစ်နေ့ တာ လုပ်စရာရှိတာတွေအားလုံးလုပ်ကိုင်ပြီးတဲ့နောက်မှာ(အလုပ် အကိုင်ကြီးတော့ မရှိပါဘူး။ စားသောက် တာလည်းအလုပ်ပဲလေးP ) တစ်နေ့ လုံးပင်ပန်းနေ တဲ့ စိတ်တွေကိုလျှော့ချလိုက်ပြီး ဘုရားရှိခိုး၊ မေတ္တာပို့ ပါတယ်။ (အထင်တော့သိပ်မကြီးနဲ့ အုံး နော်းD ) ပြီးတာနဲ့ ကုတင်ပေါ်လှဲအိပ်ပါတော့တယ်။ အိပ်မပျော်ခင် စပ်ကြားမှာ ကျွန်မရဲ့ စိတ်ကူးယဉ်မှု က ကျွန်မကို ကမ္ဘာသစ်ဆီ ခေါ်ဆောင်သွားခဲ့တယ်။

ကျွန်မရဲ့ ကမ္ဘာသစ်လေးမှာ ကျွန်မဟာ အတော်အတန် နာမည်ရနေတဲ့ စာရေးဆရာမ တစ်ဦး လေ။ (နာမည်ကြီး စာရေးဆရာမတော့ မဟုတ်သေးဘူး)ကျွန်မ ပိုင်ဆိုင်ထားတာတွေက ကျွန်မအပေါ်မေတ္တာအပြည့်အ၀ထားတဲ့ အေးအေးချမ်းချမ်းနဲ့ တရားမွေ့ လျှော်နေမယ့်၊ မိခင်ကြီး နဲ့ ကျွန်မ စာရေးခြင်းကိုအားပေးပြီး၊ လမ်းညွှန်ကူညီပေးမယ့် ကျွန်မရဲ့ အားထားရာ အဖေ။ အဲဒီနောက်တော့ ကျွန်မနဲ့ မနီးလွန်းမဝေးလွန်းမှာ ရှိနေမယ့်၊ ကျွန်မကိုစာနာ နားလည် ခွင့်လွှတ်ပြီး၊ အစဉ်အမြဲ ကျွန်မကိုချစ်နေနိုင်မယ့် ကျွန်မအတွက် အဖော်ကောင်လေးတစ် ယောက်။ (ကျွန်မ ခိုင်းသမျှကိုလည်း မငြိုမငြင်လုပ်ပေးနိုင်ရမယ်လေ)း)

ပြီးတော့ ကျွန်မ ယုံကြည်ရသူ၊ ကျွန်မကိုလည်းယုံကြည်မယ့်သူ ဖြစ်ရမယ်။း)

ကျွန်မရဲ့ စိတ်ကူးယဉ် ကမ္ဘာလေး မှာ သူတို့ တွေရှိနေကြမယ်ဆိုရင်၊ ကျွန်မ ငွေကြေးအများကြီး ကို မပိုင်ဆိုင် ပေမယ့် ၊ ပျော်ရွှင်နေမိမှာတော့အမှန်ပဲ။ ခုတောင် ကျွန်မ စိတ်ကူးယဉ်မိတာလေး ကိုပြန်ရေးရင်းနဲ့ ပျော်နေမိ သေးတယ်။ ဒါဟာ ကျွန်မရဲ့  အိပ်ယာဝင်ခါစ အိပ်မပျော်သေးခင် စိတ်ကူးယဉ်မိတဲ့ အတွေးလေးပဲပေါ့။


ကဲ ညီမလေး ၀ှိုက်ရေ .. အမတော့ညီမလေးတဂ်ထားတာကိုအကောင်အထည်ဖော်ပြီးပြီနော်။

ဒီလောက်ဆို ကျေနပ်တော့ ... ကော်နက်ရှင်းသဘောကောင်းနေလို့ ညီမရေ မဟုတ်ရင်မလွယ်ဘူး။

3 ယောက်ဆွေးနွေးချက်:

ဖိုးဂျယ် said...

အေးချမ်းတဲ့ စိတ်ကူးလေးပဲ တနေ့ဖြစ်မှပါ
စာရေးကောင်းတဲ့ မနမ်းရေ
ပျော်ရွှင်ပါစေ ခင်မင်လျှက် ဖိုးဂျယ်

Welcome said...

စိတ်ကူးယဉ်တာလေး လာဖတ်တယ်။
စိတ်ကူးကောင်းလေး အကောင်အထည် ဖော်နိုင်ပါစေ ..

http://winzaw-mdy.blogspot.com

Heart Breaker said...

ပျော်ရွှင်ဖွယ်ကောင်းတဲ့၊ နွေးထွေးတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။