Showing posts with label တဂ်ပိုစ့်. Show all posts
Showing posts with label တဂ်ပိုစ့်. Show all posts

အရိန္ဒမာအသိဆုံးပါ

13 ယောက်ဆွေးနွေးချက်
အို........ အို...
အို......... အို...
တစ်ရံတစ်ခါဆီက..
ပုံဂံရာဇ၀င်အချစ်ဇာတ်လမ်းမှာ..
မှတ်တမ်းတင်ခဲ့..
မင်းကျန်စစ်နှလုံးသားဝေဒနာ
နားမလည်နိုင်သော မဏိစန္ဒာရင်ထဲမှာ
အထင်လွဲစိတ်နာ
မချစ်လို့ ပစ်သွားသူမြင်ရှာ

မချစ်လို့တော့မဟုတ်ပါ ချစ်သောမဏိစန္ဒာ
အရှင့်သစ္စာ ထောက်ထားမညှာပဲ
ဖောက်ပြားမိတဲ့ နှလုံးသားစေရာ
အကြောက်တရားမရှိလည်း
နားလည်ကျေးဇူးသိတတ်စွာ
နှလုံးသားကို ဖျက်ခြွေက
သက်သေပြခဲ့တာပါ မဏိစန္ဒာ

အိုး.. အိုး...
အချစ်ဆိုတာ ရယူခြင်းမှမဟုတ်ပဲ မဏိစန္ဒာ
ထား...ခဲ့တဲ့ မေတ္တာတရားက
အမှား..မဲ့တဲ့ သစ္စာစကားကြောင့်သာ
မရဏအသက်ဘေးမှ
ထွက်ပြေးလွတ်မြောက်ခဲ့တာ
ချစ်သော မဏိစန္ဒာ မင်းမသိရှာပေမယ့်ကွာ
သိခဲ့သူက အသိဆုံးက အရိန္ဒမာ
မေးကြည့်ပါလား မဏိစန္ဒာ
မေးကြည့်ပါဦး မဏိစန္ဒာ...
နှလုံ့းသားကိုအနီးစပ်ဆုံး
လေ့လာခဲ့တဲ့ အရိန္ဒမာအသိဆုံးပါ..
အိုး....အိုး....







ဒီသီချင်းလေးက မြန်မာသံစဉ်သီချင်းဖြစ်တဲ့အပြင် မြန်မာရာဇ၀င် သမိုင်းကြောင်းထဲက အချစ် အကြောင်းကို ဖော်ညွှန်းထားတာကြောင့်လည်း နှစ်သက်မိပါတယ်။

သံစဉ်လေးကောင်းသလို၊ နားထောင်လို့လည်း ကောင်းပြီး အလွမ်းသီချင်းလေးတစ်ပုဒ်လို့ ပြောရပါမယ်။ ဒါကြောင့် ကြိုက်နှစ်သက်မိလို့ ဒီသီချင်းကိုပဲ ရွေးချယ်လိုက်ပါတယ်။
ပိုးအိစံ အသံလေးနဲ့ ဒီသီချင်းက ပိုလိုက်ဖက်မယ်ထင်လို့ ပိုးအိစံဆိုထားတာကို တင်လိုက် ပါတယ်။ အခြားသီဆိုထားသူများ အမြောက်အများရှိပါတယ်။

မက်မက်ရေ... အဆင်ပြေတယ်..ဟုတ် !
ကြွေးဆပ်ပြီးပြီနော်။

အတွေးများစွာ

11 ယောက်ဆွေးနွေးချက်


လူတိုင်းမှာ ကိုယ်စီကိုယ်စီ အတွေးတွေရှိကြပါတယ်။ ကိုယ်ကလည်း ကိုယ်တွေးချင်သလိုတွေးသလို သူကလည်း သူတွေးချင်သလို တွေးမှာပါပဲ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုရာတွေကို ကိုယ့်အတွက် ကိုယ်တွေးမိတာ မျိုးလည်းရှိပါတယ်။ ဒါကတော့ အကြောင်းမဟုတ်ပါဘူး။ ပြောချင်တာက လူတစ်ဦးနဲ့တဦး မတူညီတဲ့ အတွေးများကြောင့် လွဲမှားမှုတွေရှိတတ်တာကိုပါ။ ဒါကို ကျွန်မကတွေးမိသွားတယ်။


အကြောင်းအရာတစ်ခုမှာ ကိုယ်က ကိုယ်သဘောပေါက်သလို တွေးလိုက်မိပါတယ်၊ သူကလည်း သူသဘောပေါက်သလို တွေးမိမှာအမှန်ပါ။ အဲဒီအကြောင်းအရာပေါ်မှာ အတွေးချင်းတူညီကြဖို့ တိုက်ဆိုင်ကြဖို့ဆိုတာ အင်မတန်မှခဲယဉ်းပါလိမ့်မယ်။ အတွေးခြင်းမတူပြန်တော့လည်း တစ်ယောက်နဲ့ တစ်ယောက် ထင်မြင်ယူဆချက်တွေလွဲမှားကာ၊ သဘောထားတွေကွဲလွဲကြပြန်ပါတယ်။ ဒါကလည်း လူတိုင်းဖြစ်တတ်ကြမယ်ထင်ပါရဲ့။ သို့ပေမယ့် ကိုယ်တွေးတဲ့အကြောင်းအရာဟာ မှန်ကန်ဖို့လိုပါတယ်။ သူတစ်ပါးရဲ့စကားတစ်ခွန်းကြောင့် အတွေးစတွေဖြစ်မယ်ဆိုရင်လည်း ကိုယ်တွေးမိတဲ့ အကြောင်းဟာ မှန်ကန်သလား ဖြစ်နိုင်သလားဆိုတာ ကိုယ့်ကိုကိုယ် အရင်ဝေဖန်ဆုံးဖြတ်သင့်ပါတယ်။ မဟုတ်ရင် အဲဒီစကားတစ်ခွန်းကြောင့် ကိုယ်ရဲ့အတွေးတွေကနေ တစ်ဖက်သားအပေါ် ဒေါသဖြစ်သွားနိုင်ပါတယ်။


ဒါကြောင့် မကောင်းတဲ့အတွေးတွေပွားမနေပဲ၊ ကောင်းတဲ့အတွေးများကိုသာ တွေးနိုင်ဖို့လိုအပ်ပါတယ်။ လူတိုင်းက အတွေးတွေနဲ့မှမကင်းနိုင်ကြတာပဲမဟုတ်လား။ ရွှေဥမင်ဆရာတော် ဦးတေဇနိယကလည်း ကိလေသာကင်းသော အတွေးကိုသာဖြစ်ဖို့ဆိုပါတယ်။ ကိုယ်တွေးလိုက်တဲ့အတွေးထဲမှာ လောဘ ဒေါသ၊ မောဟမပါဖို့ (ကိလေသာမဖြစ်ဖို့) အရေးကြီးပါတယ်တဲ့။ လူတွေ နေ့စဉ်နဲ့အမျှ အတွေးထဲမှာ မျောနေကြပါတယ်။ ကိုယ်လုပ်မယ့်အလုပ်ကို ဉာဏ်နဲ့တွေးတောစဉ်းစားပြီးလုပ်နိုင်သလို အခြားသူ တစ်ယောက်အတွက် တွေးမိမယ်ဆိုရင်လည်း စဉ်းစားနိုင်မယ့်ဉာဏ်လိုပါတယ်။ အတွေးတိုင်းက မျှတ နေဖို့လိုပါတယ်။ ကိုယ့်အတွေးနဲ့တင် အခြားတစ်ယောက်အပေါ် ဒေါသမထွက်သင့်ပါဘူး။ သူပြော လိုက်တဲ့စကား၊ သူလုပ်လိုက်တဲ့အပြုအမူ၊ ဒါတွေဟာ ကိုယ့်အတွက်ဒေါသဖြစ်စရာတွေ ဖြစ်လာနိုင် တယ်။ သို့ပေမယ့် ဒါကို ဆက်ပြီး မတွေးသင့်တော့ပါဘူး။ ဒေါသကိုထပ်ပြီး အတွေးပွားရင် ဒေါသပဲ ထပ်ဖြစ်လာမယ်။ ကိစ္စရပ်တွေနဲ့ကြုံကြိုက်မှုတိုင်းမှာ လွဲမှားမှုဆိုတာတွေတော့ရှိတတ်ကြပါတယ်။ လွဲမှားမှုကြောင့် ကိုယ်ထင်ရာကို စွပ်စွဲပြောဆိုမှုတွေကိုလည်း မပြုသင့်ပါဘူး။


ဒေါသမထွက်ဖို့ဆိုတာက အဲဒီလူတစ်ယောက်ကို နားလည်ပေးဖို့ပါ။ အဲဒီလူတစ်ယောက်အပေါ်ကို ကိုယ်က ဘယ်လောက်ထိ နားလည်ပေးနိုင်မှာလဲ။ အစွန်းဆုံးထိတွေးကြည့်ပါ။ ကိုယ်အင်မတန် နားလည်ပါတယ်ဆိုတဲ့ သူအပေါ်မှာတောင် တစ်ခါတစ်လေ စိတ်ကွက်တာမျိုးရှိတတ်ပါသေးတယ်။ ကျွန်မကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံ ကိုယ်နားအလည်ဆုံးသူက ကိုယ့်ကို နားလည်မှု ပြန်မထားနိုင်တဲ့အခါမျိုး၊ ကိုယ့်စေနာတွေကို အလွဲသုံးစားလုပ်ခံရတဲ့အခါမျိုးမှာ ကိုယ်မခံမရပ်ဖြစ်တာ တွေဟာ အဲဒီလူအပေါ် ကိုယ်က တကယ်နားမလည်နိုင်သေးတာပဲဖြစ်ပါလိမ့်မယ်။ ကျွန်မအနေနဲ့ အဲလိုမျိုးကြုံတွေ့ရတဲ့အခါလည်း သူ့အပေါ်ကို ငါနားမလည်နိုင်သေးပါလားဆိုတာ သိလာခဲ့ရပါတယ်။ ဒါကြောင့် ကိုယ့်ဖက်က စိတ်မကွက်မိအောင် ကြိုးစားရပါတယ်။ လူ့စိတ်ဆိုတာ ခန့်မှန်းရအခက်ဆုံး အရာပါ။ ကိုယ့်စိတ်ကိုကိုယ်ခန့်မှန်းနေခြင်းဟာ စိတ္တာနုပဿနာအားထုတ်နေခြင်းတစ်မျိုးပါပဲ။ ကိုယ်ဘာတွေတွေးနေသလဲ ဆိုတာလည်း ကိုယ်သိနေဖို့ လိုအပ်ပါတယ်။


လူတွေရဲ့ အားနေတဲ့စိတ်က အတွေးပေါင်းများစွာ ၀င်ရောက်နေရာယူတတ်ကြပါတယ်။ တစ်နေ့တစ်နေ့ လူတွေရဲ့ အတွေးပေါင်းများစွာကြောင့် အဲဒီလူတွေ စိတ်မအားမလပ်ဖြစ်ကြရပြီး စိတ်ပင်ပန်းမှုကို ခံစားနေရတယ်လို့ ကျွန်မ ပြောချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုအတွေးများစွာနဲ့ နေ့ရက် များစွာကို ကျော်ဖြတ်နေရလို့ပါ။ ဒါပေမယ့် အတွေးဆိုတာ မ၀င်ရောက်ဖို့ တားဆီးလို့မရပါဘူး။ တစ်ချိန်မဟုတ်တစ်ချိန်တော့ အာရုံတွေအပေါ်အမှီပြုပြီး အတွေးတွေဖြစ်ပေါ်နေကြတာပါပဲ။ အာရုံများ ပေါ်မှာ အတွေးများစွာဖြစ်ကြပါတယ်။ အချိန်နဲ့အမျှ အတွေးမ၀င်ရောက်ဖို့ကို သတိထားပြီးနေထိုင်လို့ ရပေမယ့် စိတ်အားလပ်နေတဲ့အချိန်တွေမှာတော့ အတွေးတွေဝင်လာပြန်ပါတယ်။


ကျွန်မတို့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ နေ့စဉ်နေ့တိုင်း အကုသိုလ်အလုပ်တွေများလှပါတယ်။ အကုသိုလ် အလုပ်ကို ကာယကံ၊ ၀စီကံတို့နဲ့ မလုပ်မိရင်တောင် အတွေးတွေထဲ (မနောကံ) ကနေ အကုသိုလ်တွေ ဖြစ်ပွားနေကြပါတယ်။ သတိထားတတ်တဲ့ အကျင့်ကလေးကိုကျင့်နိုင်ရင်တော့ အတွေးတစ်ခုဝင်လာ တိုင်း သတိနဲ့ယှဉ်ကြည့်နိုင်ပါလိမ့်မယ်။ အဲဒီနောက် အကျင့်ပိုရလာတဲ့အခါမှာတော့ အတွေးတွေ နည်းပါးလာပြီး သတိထားတတ်တဲ့ အချိန်ကလေးပိုများလာမယ်လို့ယူဆပါတယ်။ ကိုယ်လုပ်တဲ့ အရာတိုင်းကို သတိလေးထားကြည့်ရပါတယ်။ အတွေးတွေနေရာမှာ သတိအစားထိုးတဲ့သဘောပါပဲ။ အဲဒီအခါ အတွေးများစွာကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အခြားတစ်ယောက်အပေါ် ဒေါသစိတ်ကလေး မာနစိတ်ကလေး မကျေမနပ်ဖြစ်တတ်တဲ့စိတ်ကလေးတွေ လျော့နည်းသွားလေ့ရှိပါတယ်။ ဒါလည်း သတိအစားထိုးလာနိုင်တဲ့ အခါမျိုးမှသာပါ။ ပြောတော့သာလွယ်တဲ့ကိစ္စပါ လက်တွေ့မှာတော့ အတော် မလွယ်လှပါဘူး။


တစ်နေ့တစ်နေ့ ကျွန်မတွေးမိတဲ့ အကြောင်းအရာတွေကလည်း တောင်စဉ်ရေမရ ဆိုသလိုပါပဲ။ လူတစ်ယောက်ရဲ့ အတွေးတွေထဲမှာ စားချင်တာ၊ ၀တ်ချင်တာ၊ သွားချင်တာ၊ လုပ်ချင်တာတွေ အတော်များပါတယ်။ ဒါတွေကလည်း အတွေးထဲကို မကြာခဏရောက်လာတတ်ပါသေးတယ်။ အဲဒီစိတ်တွေကတော့ ကျွန်မတို့အဖို့ မကင်းလွတ်သေးပါဘူး။ အခုတလောတော့ လူတွေရဲ့စိတ် ဖြစ်စဉ်တွေကိုတွေးမိပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဖြစ်စဉ်တွေလည်းပါပါတယ်။ လောလောဆယ်မှာ တော့ နေထိုင်ရတာမကောင်းလို့ အဆင်မပြေဖြစ်တိုင်း ….


“ ငါဘာလို့ ခဏခဏ ဒေါသတွေထွက်နေပါလိမ့်” လို့ တွေးတွေးမိနေပါတော့တယ်။



ဏီလင်းညို တဂ်ထားတဲ့ တဂ်ပိုစ့်လေးပါ။

ဏီလင်းညိုရေ အတွေးအကြောင်း အတွေးပွားပြီးတော့ ရေးလိုက်ပါတယ်။ ကျေနပ်ပါစေ။

ဒီလောက်ပဲရေးတတ်လို့ပါး)))

ကမ္ဘာမပျက်ခင်တစ်လအလို

10 ယောက်ဆွေးနွေးချက်


ကမ္ဘာမပျက်ခင်တစ်လအလိုတဲ့ တောသားလေးတဂ်ထားတာပါ။ ကမ္ဘာမပျက်ခင်တစ်လအလိုဆိုတော့ သေဖို့  အချိန်တစ်လအလို လို့ ဆိုလိုတာကြောင့်၊ သေခြင်းအကြောင်းလေးနဲ့ ပတ်သတ်တာကို သိသလောက် ရေးသားလိုက်ပါတယ်။ ပုထုဇဉ် လူသားဖြစ်တဲ့ကျွန်မတို့ လူသားတွေအနေနဲ့ သေခြင်းကိုတော့ ကြောက်နေကြသေးတာ အမှန် ပဲလေ။ ဒါပေမယ့်လည်း တားဆီးလို့ မရနိုင်တဲ့ ဒီသေခြင်းတရားကို သတ္တ၀ါတိုင်းကြုံတွေ့ ကြ ရမှာပဲမဟုတ်လား။ ဒါကြောင့်လည်း သေခြင်းကိုရင်ဆိုင်ရဲဖို့ သံဃာတော်အရှင်သူမြတ်များက မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မတွေကိုပြန်လည်ပို့ ချပေးနေတာပဲပေါ့။ အဲဒီတော့ ကမ္ဘာပျက်ချိန် မဟုတ်ပဲ ယခုပစ္စုပ္ပန်အချိန်မှာကတည်းက သေခြင်းအတွက် လူတိုင်းလူတိုင်းပြင်ဆင်ထားသင့် တာပါ။

သတ္တ၀ါတိုင်း ကြုံတွေ့ ရမယ့်ကိစ္စကတော့ သေခြင်းတရားပါပဲ။ သေခြင်းတရားကို လူတိုင်း ရင်ဆိုင်ရမယ်ဆိုတာ အသိရှိနေကြပေမယ့်လည်း လူတွေဟာ ကိုယ့်ကိုကိုယ်မသေနိုင်သေး ပါဘူးလို့ ပဲ ထင်မြင်ယူဆနေကြပြီး သေဖို့  ကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြသေးပဲ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အချိန်တိုင်းလို ရစ်ပတ်နေကြရပါတယ်။ ဒီလိုနဲ့ ပဲ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်ပဲ သေခဲ့ရတာတွေမနည်းပါဘူး။ ရောဂါဝေဒနာဆိုးတွေကြောင့် ရုတ်တရက် သေဆုံး ခဲ့ကြရသလို၊ ဥပစ္ဆေဒကကံကြောင့် ရုတ်တရက်သေဆုံးကြရတာတွေလည်းရှိတာပါပဲ။ အဲဒီလို မမျှော်လင့်တဲ့သေခြင်းမျိုးတောင် ရုတ်တရက်သေကြရသေးတာဆိုတော့ ကမ္ဘာပျက်ဖို့ တစ်လ အလိုမှာ သေကြရမှာကို အသေအချာသိရမယ်ဆိုရင် ပိုပြီးတော့ ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်လို့ရလိမ့်မယ်ထင်ပါတယ်။

သေတဲ့အခါသာ လွတ်လပ်ဖို့ အရေးကြီးတဲ့အကြောင်းကို ဆရာတော်ဥူးဇောတိက က ဆော့ ခရေးတီးရဲ့  သေခြင်းတရားကို အတုယူဖို့ ရေးသားထားပါတယ်။ အချို့လူတွေဟာ သေမယ်ဆို တာကိုသိပြီးတော့ အေးအေး ဆေးဆေးလက်ခံပြီးတော့သေသွားတဲ့သူတွေ ရှိတယ်။ ဆော့ ခရေးတီးဆိုရင် သေဒဏ်ပေးတာကိုခံရတဲ့သူဖြစ် တယ်။ သူဟာ သေဒဏ်အပြစ်ပေးခံရတော့ ဘယ်လိုမှရှောင်လွှဲလို့ မရတော့ဘူး။ အဲဒီလို အခြေအနေမျိုးရောက်တဲ့ အခါကျတော့ သူကျေ ကျေနပ်နပ်ပဲလက်ခံလိုက်တယ်။ သေရမယ့်နေ့ မှာ သူသောက်မယ့်အဆိပ်ခွက်ကို သူ့ လက်ထဲ ထည့်ပေးတဲ့အခါ အဲဒီအဆိပ်ခွက်ကိုယူပြီး အေးအေးဆေးဆေးသောက်တယ်။ သူ့ တပည့် တွေ၊ မိတ်ဆွေတွေနဲ့ စကားတွေဆက်ပြီးပြောနေသေးတယ်။ သွန်သင်မှာကြားနေသေးတယ်။ အဆိပ်ကခန္ဓာကိုယ်ထဲပြန့် လာ တဲ့အခါ၊ အဲဒီလက္ခဏာကိုသိလာတဲ့အခါကျမှ “ ငါ အိပ်တော့ မယ်” ဆိုပြီး အိပ်ယာမှာလှဲအိပ်လိုက်တယ်။ လွှဲရှောင်လို့ မရတဲ့သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အဲလိုသေသွားတာဟာ အမှန်တော့လွတ်လပ်တဲ့စိတ်နဲ့  သေသွားတာပဲ။

ဘယ်လိုမှရှောင်လွှဲလို့ မရတော့တဲ့ သေခြင်းတရားနဲ့ တွေ့ တဲ့အချိန်မှာ အဲဒီသေခြင်းတရားကို အေးအေးဆေး ဆေးလက်ခံနိုင်တာဟာ လွတ်လပ်တာပဲလို့ ဆရာတော်ကဟောကြားထား တာကြောင့် ကမ္ဘာပျက်တဲ့အခါမှာ ဘယ်လိုလွတ်လပ်တဲ့စိတ်နဲ့ ရင်ဆိုင်နိုင်ကြမလဲဆိုတာ ကိုအချက်အလက်လေးတွေနဲ့ သုံးသပ်ကြည့်ရတာပေါ့။ ကျွန်မဆိုရင်ရော……..

၁။ ဘယ်သူတွေနဲ့ အတူရှိနေချင်လဲ..
သေခါနီးပြီဆိုတော့ ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေမယ့်အာရုံတွေက ကင်းအောင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့ မှအတူရှိမနေချင်ပါဘူး။ ကိုယ်နဲ့ အတူရှိချင်တာကတော့ ကောင်းတဲ့အာရုံနဲ့  သတိတရားလေးပါပဲ။
၂။ ဘာတွေခံစားနေရလဲ... ဆိုတာကတော့
ကိုယ်လုပ်ခဲ့တဲ့ကုသိုလ်အလုပ်လေးက အင်မတန်နည်းပါးနေပါသေးလား၊ နောက်ထပ်များများ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေလုပ်ခွင့်ရရင် ပိုကောင်းမှာပဲလို့ တွေးမိနေမှာပါ။
၃။ ဘာတွေပြင်ဆင်ထားမလဲတဲ့…
သတ္တ၀ါတိုင်းကို ကိုယ်ချင်းစာစိတ်ထားပြီးအတတ်နိုင်ဆုံးမေတ္တာထားနေမယ်၊ ကိုယ့်စိတ်ကို ကိုယ်နားအလည် ဆုံးဖြစ်အောင်ကျင့်ကြံနေထိုင်မယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သက်ဝင်ယုံကြည်နေမယ်။ တတ်နိုင်သမျှ ၀ိပဿနာအလုပ် လေးပါတွဲပြီးလုပ်ထားမယ်။ အဲလောက်တော့ ပြင်ဆင်ထားဖြစ်မယ်။
၎။ ၀မ်းနည်းမိမှာက..
ငါလုပ်တဲ့အလုပ်တွေက ဘာမှမဟုတ်သေးပါလား၊ ငါသိတာလေးက နည်းနည်းလေးပါလား ဆိုပြီး ၀မ်းနည်း မိမယ်လေ။
၅။ ကြောက်လန့် မိတာကတော့….
အပါယ်လေးဘုံ ဆိုတဲ့နေရာတွေကိုရောက်သွားမှာကိုတော့ အကြောက်ဆုံးပဲ။
၆။ ဆောင်ထားချင်တာက...
သရဏဂုံသုံးပါး
၇။ ဘာတွေရေးမိမလဲဆိုရင်….
အခြားကိစ္စဘာကိုမှအတွေးမ၀င်ချင်တာမို့ ဘာမှလည်းရေးဖြစ်မှာမဟုတ်ပါဘူး။
၈။ တွေးမိတွေးရာ...
ကိုယ်ပြုခဲ့တဲ့ကုသိုလ်၊ လှူဒါန်းခဲ့သလောက်လေးကိုပဲတွေးနေတော့မယ်။
၉။ ဂုဏ်ယူချင်တာက..
ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်လို့ အခုလိုသေခြင်းတရားနဲ့ ကြုံတွေ့ ခိုက်၊ ကျင့်ကြံအားထုတ်နိုင် ရခြင်းကိုတော့၊ ကျေနပ်စွာဂုဏ်ယူနေမိမယ်။
၁၀။ ရှာကြံဖြေသိမ့်မိတာလေး…
သြော်.. ငါဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ငါ့ရဲ့ မိခင်ကမွေးဖွားပေးခဲ့တာမို့ ခုလိုသေခြင်း နဲ့  ရုတ်တရက်ကြုံရတဲ့အခါ ဗုဒ္ဓဟောခဲ့တဲ့တရားများကို နှလုံးသွင်းကျင့်ကြံနိုင်သေးတာပါလား လို့ ....
၁၁။ ကျူးရင့်ချင်တဲ့ဥဒါန်း...
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်တွေကိုရွတ်ဆိုပွားများအားထုတ်နေမိမလားပဲ

ကျွန်မစိတ်ကူးပေါ်သလိုရေးသားပါ။ ကမ္ဘာမပျက်ခင်တစ်လအလိုထက် မသေခင်တစ်လအလိုဆိုရင် ပိုပြီးမှန် မလားပဲ။






start A (tag post)

14 ယောက်ဆွေးနွေးချက်
1. What is your name : A nam
2. A as four Letter Word : Aura
3. boy's Name with A : Andy
4. girl's Name with A : Alice
5. Occupation starts with A : astrology
6. Flower starts with A: anthurium
7. Something you'll wear starts with A: adidas clothes
8. Food starts with A: assorted cake ( I don’t think anything)
9. Something found in the bathroom starts with A: acne cream
10. Country starts with A : Australia
11. Color starts with A: alabaster
12. Exclamation starts with a A: Ah ha!း))
13. Movie title starts with A: Across the Universe (2007)
14. Something you drink starts with A: Apple juice :P ( so eassyyyyyy)
15. A musical group starts with A: Aurora ( right ?)
16. An animal starts with A: apeး))
17. A street name starts with A: Abbey Street ( London)
19. The title of a song starts with A: A song for u (Celine Dion)
18. A type of car starts with A: acura
20. A verb starts with A: accept

21. Ocean's name starting with A: Atlantic Ocean
22. Mountain's name starting with A: Apennie (Italy)
23. The name of leader of a country starting with A: A.S.S.K

ဒီပိုစ့်ကို ကိုယ်သိသလောက်ရေး၊ မသိတာကို ဟိုလူ့ မေး၊ ဒီလူ့ မေးရနဲ့ ခေါင်းတော်တော် နောက်သွားတယ်။ ရေးပြီးမှ google search မှာကြည့်ပါလားတဲ့ ။ ဖွားကိတို့ လုပ်ပုံ အဲသလို။ အချက်၂၀ပဲရေးလိုက်တယ်၊ အပိုဆုမပေးတော့ဘူး။ နောက်ဆုံး accept နဲ့ အဆုံးသတ်ထား တယ် ၊ ဒီလောက်နဲ့ ကျေနပ်။ မကျေနပ်ရင် စီဗုံး လာအော်လိုက်တော့။ စာလုံးပေါင်းမှားရင်လည်းပြင်ဖတ်ပေးနော်း))
အပိုဆုမပါပါဘူးဆိုမှ ကိုကိုမောင်ကထပ်ဖြည့်ခိုင်းသေးတယ်။ ဒါနဲ့ သူ့ အမေး ၃ခုကိုထပ်ဖြည့်စွက်ရသေးတယ်။ နံပါတ်၂၃ကိုတော့ နီးစပ်ရာဖြည့်လိုက်ဆိုလို့  သူဖြည့်ချင်တာလေးကိုဖြည့်ထားပေးပါတယ်။း))

အချစ်=??? (Tag Post)

16 ယောက်ဆွေးနွေးချက်
ဘ၀မှာအချစ်ဆိုတာ မရှိရင်မပြည့်စုံဘူးတဲ့လား။ ကျွန်မအသေအချာပြန်စဉ်းစားကြည့်မိတဲ့အခါ လူတွေကအချစ်ကိုအတော်လိုလားကြတာပဲ။ ကျွန်မကိုယ်တိုင်လည်းဒီလိုပဲလေ။ ငယ်စဉ်အချိန် ကလေးဘ၀၊ နားလည်တတ်စကတည်းက မိဘတွေရဲ့ ချစ်ခြင်းကို စတင်လိုချင်လာကြတယ်။ အဲဒီအချိန်ကတည်းက အချစ်ကိုလိုလားကြတာလူ့ သဘာဝပဲလား။ မိဘက ကိုယ့်အပေါ်ချစ် ခင်မှုမရှိရင်(သို့ ) အခြားမောင်နှမတွေကိုပိုချစ်ရင်တောင်မှ မကျေမနပ်ဖြစ်တတ်ကြတဲ့ ကျွန်မ တို့ တစ်တွေဟာ အချစ်ကိုအလေးအနက်ထားကြတာ၊ အချစ်ခံချင်ကြတာထင်ရှားကြပါတယ်။

အဲဒီနောက် ကျောင်းစနေလို့ သူငယ်ချင်းတွေရလာတဲ့အခါမှာလည်း အပေါင်းအသင်းတွေကို ချစ်ခင်တွယ်တာတဲ့စိတ်ဖြစ်လာပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုချစ်ခင်မယ့် သူတွေကို မျှော်လင့်တတ်ပါတယ်။ ကျွန်မအပါအ၀င်ပေါ့။ ကျွန်မလည်း မိဘတွေကစလို့ အပေါင်းအသင်း မိတ်ဆွေအားလုံးရဲ့ ချစ်ခင်မှုကိုလိုလားပါတယ်။ မိတ်ဆွေအပေါင်းအသင်းတော့ များများမရှိခဲ့ ပေမယ့် မိတ်ဆွေတိုင်းရဲ့  ကိုယ့်အပေါ်ခင်တွယ်မှုကျတော့လိုလားကြတာပဲလေ။ အထူးသဖြင့် ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်နိုင်မယ့်သူ၊ ကိုယ့်အပေါ်နားလည်ခွင့်လွှတ်နိုင်မယ့်သူမျိုးကိုပိုပြီး ချစ်ခင်ကြတာလည်း သဘာဝပါပဲ။ ကိုယ်ကချစ်ခင်ရတဲ့သူတွေ ကိုယ့်ကိုပြန်လည်ချစ်ခင် စေချင် တဲ့ စိတ်ကလည်း လူအများဆုံးဖြစ်တတ်ကြမယ်ထင်ပါတယ်။

အချစ်ဆိုတာကိုးကွယ်အားထားစရာလားလို့ သေချာမသိပေမယ့်၊ အချစ်ကိုမျှော်လင့်တောင့် တ တတ်ကြတာတော့အမှန်ပဲဖြစ်ပါလိမ့်မယ်။ လူသားတိုင်းက အချစ်ကိုလိုလားကြပါတယ်။ တကယ်တော့ ငါမချစ်တတ်ဖူး၊ အချစ်ဆိုတာ အလကားပါ လို့ ပြောနေကြတဲ့သူတွေက အချစ် ကိုပိုပြီး ရယူတတ်ကြပါတယ်။ လူတစ်ယောက်ကို သနားလို့ ပဲဖြစ်ဖြစ်၊ ခင်တွယ်လို့ ပဲဖြစ်ဖြစ်၊ အားကိုးလို့ ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ချစ်တတ်လာကြတာပါ။ ဘ၀မှာမချစ်ဖူးတဲ့ သူဆိုတာမရှိပါဘူး။ (သမီးရည်းစားအချစ်တစ်မျိုးတည်းကိုဆိုလိုခြင်းမဟုတ်ပါ။)

ဘ၀မှာ အချစ်ဆိုတာတော့ လိုအပ်နေကြမှာပါ။ ဘယ်လို အချစ်မျိုးမဆို ဘယ်နေရာမျိုးမဆို ပေါ့။ အချစ်ဟာ အားတစ်ခုကိုပေးစွမ်းတာတော့အမှန်ပဲ။ အိမ်ထောင်တစ်ခု မှာ (သို့ မဟုတ်) မိသားစုတစ်ခုမှာလည်း အချစ်ဆိုတာ အမြဲလိုအပ်နေတာပဲ။ သူက ငါ့ကိုတော့ ဂရုမစိုက်ဘူး လို့ အသိဝင်တာနဲ့  သူက ငါ့ကိုမချစ်လို့  ဆိုတာ မှတ်ယူလိုက်မိတတ်ကြပါတယ်။ ဒါကြောင့် အိမ်ထောင် တစ်ခု(သို့ မဟုတ်) မိသားစုတစ်ခုမှာလည်း အချစ်ကို ဝေမျှပေးဖို့ လိုတယ်လို့  ထင်ပါတယ်။ မိဘ နဲ့ သားသမီးတွေ အမြဲတမ်းဖြစ်တတ်တဲ့ ပြဿနာဟာလည်း၊ မိဘတွေက သားသမီးတွေကို ညီမျှစွာမချစ်လို့ ဆိုတဲ့ အကြောင်းအရာတွေအများဆုံးပါဝင်ပတ်သတ်နေ တာကိုတွေ့ မြင်နိုင်မှာပါ။

အချစ်ကြောင့်အဆင်ပြေသွားတဲ့သူတွေရှိသလို၊ အချစ်ကြောင့်ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ ရတာ မျိုးလည်းရှိတတ်ပါတယ်။ အချစ်ဟာကောင်းသလား၊ ဆိုးသလားလို့ ဘယ်သူက အတိအကျ

ဝေဖန်ပိုင်းခြားနိုင်မှာလဲ။ ဒါ့ပေမယ့် လောကမှာရှိတဲ့လူသားအားလုံးကတော့အချစ်နဲ့ မကင်း နိုင်ကြပါဘူး။ ကျွန်မလည်း ပါဝင်တာပေါ့။

၁၅၀၀ဆိုတဲ့ ချစ်ခြင်းမေတ္တာကို
သမီးရည်းစားအချစ်လို့ ပြောကြတယ်လေ။
အဲဒီ
အချစ်ဆိုတဲ့ခံစားချက်ဟာဘယ်လိုများမွေးဖွားလာခဲ့တယ်ဆိုတာကိုဘယ်သူများသေသေ ချာချာသိနိုင်ပါ့မလဲ။ ချစ်ဆိုတာကိုအမျိုးမျိုးအဓိပ္ပါယ်ကောက်ယူလို့ ရကြတာပဲ။
အချစ်ကိုခံစားခဲ့ဖူးသူတိုင်းကတော့ အချစ်ကိုသူတို့ ခံစားကြရသလို သူတို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ ရ နိုင်တာပဲ မဟုတ်လား။ လူတစ်ယောက်စီမှာ ချစ်ရဲ့အယူအဆတွေလည်းအမျိုးမျိုးရှိကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်တူဖို့  လည်း မဖြစ်နိုင်ပါဘူးထင်ပါရဲ့။
ကျွန်မတော့
အချစ်ကိုသေသေချာချာအဓိပ္ပါယ်မဖွင့်တတ်ဘူး။

အချစ်ဟာမီးလိုပူတယ် လို့ ပြောကြတဲ့သူတွေရှိပါတယ်။ သူတို့ ရဲ့  အချစ်ကအဆင်မပြေရင် ပြောကြတဲ့ စကားလားတော့ ကျွန်မလည်းမသေချာဘူး။ အချစ်ကို ဝေဖန်ပိုင်းခြားထား ကြတာ တွေများပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အချစ်ကို အချစ်လို့ ပဲသိတယ်။ နှလုံးသားက ခံစား ရတဲ့ ခံစားချက်တစ်ရပ်လို့ လေ။

ချစ်မှာအကြောင်းပြချက်မရှိဘူးတဲ့။ တစ်ချို့ ပြောကြပါလိမ့်မယ်။ ဒါတော့မှန်မလား မသိဘူး။
တကယ်ချစ်ပြီဆိုတဲ့ သူတွေမှာ ဂုဏ်ပကာသနဆိုတာလည်း မရှိကြတော့ဘူး။ အဆင့်အတန်း တွေဘာတွေလည်း မကြည့်တော့ဘူး။ ဘာကိုမှထည့်မတွက်ကြတော့ဘူးလေ။ နှလုံးသားမှာ ဂဏန်းသချာင်္တွက်သလိုတွက်တတ်တဲ့ အက္ခရာကိန်းဂဏန်းတွေမရှိဘူး၊ ဂဏန်းပေါင်းစက် တွေ၊ ကွန်ပျူတာတွေလည်းမရှိဘူး။
အချစ်မှာတစ်ဦးနဲ့ တစ်ဦး နားလည်နိုင်ဖို့ ကအဓိကပဲလို့  ကျွန်မလည်း ခံယူမိပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ဒါမျိုးအချစ်က ရှားပါးသွားပြီထင်ပါရဲ့ ။

နားလည်မှုမရှိနိုင်တဲ့သူကို တကယ်ချစ်ပါတယ်လို့ ပြောနိုင်ပါ့မလား။
အချစ်ဆိုတာ နားလည်မှုတွေနဲ့ တည်ဆောက်ထားတာလို့ လည်းထင်မိပါတယ်။
လူနှစ်ယောက်လမ်းခွဲဖြစ်ကြတယ်ဆိုတာ ဘယ်လိုအကြောင်းအရာတွေကြောင့်ပါလဲ။
တစ်ချို့ က မချစ်ကြတော့လို့မဟုတ်ပါဘူး။ ချစ်နေကြလျှက်ကို လမ်းခွဲဖြစ်သွားတယ်။
ဒါဟာ ယုံကြည်မှုကင်းမဲ့ပြီး နားလည်မှုမရှိနိုင်တော့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သူ့ နှလုံးသားမှာ ကိုယ့်အတွက်ခံစားချက်မရှိတော့ရင် သူ ကိုယ့်ကိုမချစ်တော့လို့ ပေါ့။
ဒီလိုပဲ ကိုယ့်နှလုံးသားကလည်း သူ့ အတွက်ခံစားမပေးနိုင်တော့ရင်လည်း သူ့ ကို ကိုယ်မချစ် တော့တာပဲလေ။ လူတစ်ယောက် ကိုယ့်ကိုချစ်နေတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ကိုယ့်ကို အမှတ်တရရှိနေလိမ့်မယ်။ ဆက်သွယ်နေလိမ့်မယ်လို့ ထင်မိတယ်။ အဲဒါဟုတ်မလားတော့မသိဘူး။
တကယ်ချစ်ရင် ဒီလိုပဲပြုမူတတ်ကြတယ်လို့ ဆိုတာပဲလေ။း)
အချစ်ကို ကျွန်မနားလည်ခံစားမိရသလောက်လေးကိုတင်ပြမိတာပါ။


ကျွန်မကတော့အချစ်ဆိုတာကိုအဓိပ္ပါယ်အတိအကျမသိပါ။
အချစ်ဆိုတာပိုင်ဆိုင်ရယူလိုခြင်းလား????
စွန့် လွှတ်ခြင်းလား????
အချစ်ဆိုတာရင်ခုန်တပ်မက်ခြင်းလား????
စားသုံးပြီးသော်လည်းမ၀သည့်ပျားရည်စက်တွေလား????
နက်ရှိုင်းစွာတိုးဝင်ဖို့ ဆွဲဆောင်သည့်မွှေးပျံသောအမှောင်ထုတစ်ခုလား????
နေပူထဲမှလာသောသူကိုအရိပ်ထဲမှကြိုဆို၍တိုက်သောအေးစိမ့်သည့်ရေတစ်ခွက်လား????
အချစ်ကိုကျွန်မခံစားသိဖြင့်သိနေပါသည်။

(ကျွန်မနှစ်သက်မိတဲ့ ဂျူးရဲ့ အချစ်ဆိုတာကြိုးနဲ့ သီဖို့ မလိုတဲ့ပန်းပွင့်လေးတွေ မှ စာသားလေးပါ။ ပိုစ့်တစ်ခုမှာ လည်းရေးခဲ့ဖူးပါတယ်။)
ကဲ မက်မက်ရေ… ဘယ်လိုလဲ၊ ဖတ်ပြီးမကျေနပ်လည်း ငြိမ်နေလိုက်တော့နော်။ သိသမျှတော့ ဖျစ်ညှစ်ထုတ်ပြီး ရေးလိုက်တာပဲ။း)

မ အနမ်း



စိတ်ကူးယဉ်ကမ္ဘာလေး ထဲက ကျွန်မ

3 ယောက်ဆွေးနွေးချက်
လူတိုင်းလူတိုင်း ကတော့ စိတ်ကူးယဉ်တတ်ကြပါတယ်။ ကျွန်မလည်း လူတွေထဲ က လူ တစ်ယောက်မို့ အမြဲတမ်း စိတ်ကူးမယဉ်တတ်ဖူးဆိုပေမယ့်၊ တစ်ခါတစ်ရံကတော့ စိတ်ကူး ယဉ်တာပဲပေါ့။ စိတ်ကူးယဉ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်ရာတွေကို တွေးတောနေမိခြင်း တစ်မျိုး ပါ။ စိတ်ကူးယဉ်မှုတွေက တကယ် ဖြစ်မလာဘူးလို့ မပြောနိုင်ပေမယ့်၊ တကယ်ဖြစ်လာနိုင်တာ ပဲလို့ လည်း တရားသေ ယူဆလို့ မရပါဘူး။ သို့ ပေမယ့်လည်း စိတ်ကူးယဉ်မှုဆိုတာကို လူတိုင်း ပိုင်ဆိုင် နိုင်ကြပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို စိတ်ကူးထဲမှာ အကောင်အထည် ဖော်ခွင့် ရှိတယ် လေ။

ဒါကြောင့်လူတိုင်းလွတ်လပ်စွာစိတ်ကူးယဉ်ခွင့်ရှိတာပေါ့။ ကျွန်မလည်း စိတ်ကူးယဉ်မိတာလေး တွေရှိပါတယ်။ ကျွန်မ စိတ်ကူးယဉ်တတ်တဲ့အချိန်က ညအိပ်ယာဝင်ခါစ ကုတင်ပေါ်လှဲလှောင်း မိတဲ့အချိန်ပေါ့။တစ်နေ့ တာ လုပ်စရာရှိတာတွေအားလုံးလုပ်ကိုင်ပြီးတဲ့နောက်မှာ(အလုပ် အကိုင်ကြီးတော့ မရှိပါဘူး။ စားသောက် တာလည်းအလုပ်ပဲလေးP ) တစ်နေ့ လုံးပင်ပန်းနေ တဲ့ စိတ်တွေကိုလျှော့ချလိုက်ပြီး ဘုရားရှိခိုး၊ မေတ္တာပို့ ပါတယ်။ (အထင်တော့သိပ်မကြီးနဲ့ အုံး နော်းD ) ပြီးတာနဲ့ ကုတင်ပေါ်လှဲအိပ်ပါတော့တယ်။ အိပ်မပျော်ခင် စပ်ကြားမှာ ကျွန်မရဲ့ စိတ်ကူးယဉ်မှု က ကျွန်မကို ကမ္ဘာသစ်ဆီ ခေါ်ဆောင်သွားခဲ့တယ်။

ကျွန်မရဲ့ ကမ္ဘာသစ်လေးမှာ ကျွန်မဟာ အတော်အတန် နာမည်ရနေတဲ့ စာရေးဆရာမ တစ်ဦး လေ။ (နာမည်ကြီး စာရေးဆရာမတော့ မဟုတ်သေးဘူး)ကျွန်မ ပိုင်ဆိုင်ထားတာတွေက ကျွန်မအပေါ်မေတ္တာအပြည့်အ၀ထားတဲ့ အေးအေးချမ်းချမ်းနဲ့ တရားမွေ့ လျှော်နေမယ့်၊ မိခင်ကြီး နဲ့ ကျွန်မ စာရေးခြင်းကိုအားပေးပြီး၊ လမ်းညွှန်ကူညီပေးမယ့် ကျွန်မရဲ့ အားထားရာ အဖေ။ အဲဒီနောက်တော့ ကျွန်မနဲ့ မနီးလွန်းမဝေးလွန်းမှာ ရှိနေမယ့်၊ ကျွန်မကိုစာနာ နားလည် ခွင့်လွှတ်ပြီး၊ အစဉ်အမြဲ ကျွန်မကိုချစ်နေနိုင်မယ့် ကျွန်မအတွက် အဖော်ကောင်လေးတစ် ယောက်။ (ကျွန်မ ခိုင်းသမျှကိုလည်း မငြိုမငြင်လုပ်ပေးနိုင်ရမယ်လေ)း)

ပြီးတော့ ကျွန်မ ယုံကြည်ရသူ၊ ကျွန်မကိုလည်းယုံကြည်မယ့်သူ ဖြစ်ရမယ်။း)

ကျွန်မရဲ့ စိတ်ကူးယဉ် ကမ္ဘာလေး မှာ သူတို့ တွေရှိနေကြမယ်ဆိုရင်၊ ကျွန်မ ငွေကြေးအများကြီး ကို မပိုင်ဆိုင် ပေမယ့် ၊ ပျော်ရွှင်နေမိမှာတော့အမှန်ပဲ။ ခုတောင် ကျွန်မ စိတ်ကူးယဉ်မိတာလေး ကိုပြန်ရေးရင်းနဲ့ ပျော်နေမိ သေးတယ်။ ဒါဟာ ကျွန်မရဲ့  အိပ်ယာဝင်ခါစ အိပ်မပျော်သေးခင် စိတ်ကူးယဉ်မိတဲ့ အတွေးလေးပဲပေါ့။


ကဲ ညီမလေး ၀ှိုက်ရေ .. အမတော့ညီမလေးတဂ်ထားတာကိုအကောင်အထည်ဖော်ပြီးပြီနော်။

ဒီလောက်ဆို ကျေနပ်တော့ ... ကော်နက်ရှင်းသဘောကောင်းနေလို့ ညီမရေ မဟုတ်ရင်မလွယ်ဘူး။