ငါမင်းကိုလွမ်းပါတယ်...

ငါမင်းကိုလွမ်းပါတယ်
သည်စကားလုံးနဲ့ ကဗျာများစွာချဲ့ထွင်ခဲ့တယ်။
ရက်စက်ကြမ်းကြုတ်တဲ့နံနက်ခင်းဆိုတဲ့သီချင်းကို
မင်းနားထောင်ဖူးမယ်
အခြားသောနံရံတွေလည်းငါ့ညည်းညူသံတွေကိုနားထောင်ဖူးလိမ့်မယ်
ငါမင်းကိုလွမ်းပါတယ်
ငါနိုးထလာကတည်းကနေရောင်ခြည်ဟာ
မင်းနာမည်ခေါ်ပြီးဝင်လာခဲ့သလို
ရှပ်တိုက်ရွေ့ နေတဲ့ရွက်ကြွေတွေဟာလည်း
မင်းခြေသံယောင်ဆောင်နေကြပါရဲ့
ငါ့သွေးစက်တွေကိုမင်းမမြင်ရသေးတဲ့အတွက်
ငါမူးမေ့လဲကျလောက်အောင်သွေးမပျက်ခဲ့ဘူး
ငါမင်းကိုလွမ်းပါတယ်
သည်တစ်နေ့ တာမှတ်တမ်းကိုနှလုံးသားမှာ
ဘယ်လိုဓါးသွားနဲ့ ထွင်းရမယ်ငါစဉ်းစားခဲ့လည်း
သည်စကားလုံးအပြင်....
ဦးခေါင်းခွံထဲမှာဘာမှမကျန်တော့တာခက်ပါတယ်
ငါမင်းကိုလွမ်းပါတယ်။

သည်နေ့ မနက်စောစောပဲကျွန်မရဲ့မေးလ်ထဲမှာရောက်ရှိလာတဲ့ကဗျာလေးတစ်ပုဒ်ပါ။
ကောင်လေးတစ်ယောက်က ကျွန်မဘလော့အတွက်ဆိုပြီး ပို့ ထားပေးတာပါ။
ကျွန်မကလည်း ကဗျာတွေစာတွေအားလုံးကိုကြိုက်တယ်ဆိုတော့လေ။


0 ယောက်ဆွေးနွေးချက်: