'"online အချစ် (သို့ ) ရိုးရိုးလေးအချစ်'"

မင်း ငါ့ကိုချစ်တာစိတ်မညစ်ဖူးလား။ ငါ မင်းကိုပေးစွမ်းနိုင်တာဘာမှမရှိဘူးဆိုတာ မင်းသိရဲ့သားနဲ့ 
မင်း ငါ့ကိုဆက်ချစ်နိုင်ပါအုံးမလား။
မင်း ငါ့ရဲ့အသံကိုကြားခွင့်ရှိမယ်၊ ငါ့ရဲ့ ရုပ်သေပုံတွေကိုမင်းမြင်တွေ့ခွင့်ရှိမယ်၊ ငါရေးလိုက်တဲ့စာတွေကိုမင်းဖတ်ခွင့်ရှိမယ်။
ဒါကလွဲပြီး မင်း ငါ့ဆီကနောက်ထပ်ဘာမှရနိုင်မှာမဟုတ်ဘူး။
အဲဒါကိုမင်းလက်ခံနိုင်မလား။
ငါ မင်းကိုမချုပ်ချယ်ချင်ဘူး။ ငါ မင်းကိုလွတ်လပ်ခွင့်ပေးချင်တယ်။ ဒါဟာငါ့ရဲ့သဘောထားအမှန်ပဲ။
ငါ့ဖက်ကမင်းကိုဘာမှမမျှော်လင့်ဘူး။ မင်းရဲ့အချစ်တစ်ခုကလွဲရင်ပေါ့။
မင်းဖက်ကရော ငါထားနိုင်တဲ့သဘောထားမျိုးထပ်တူထားနိုင်ပါ့မလား။
အချစ်ဆိုတဲ့နောက်ကွယ်ကအဓိပ္ပါယ်တွေကိုငါသိပ်နားမလည်ဘူး။
ငါသိတာအချစ်တစ်ခုတည်းပဲ။
အချစ်ဟာမှန်ကန်ရမယ်၊ သဘောထားပြည့်ဝနိုင်ရမယ်၊ အဲလိုပဲငါယူဆမိတယ်။
ငါံ့ရဲ့အချစ်ကမှန်ကန်တယ်၊သဘောထားပြည့်ဝတယ်၊ဒါဆိုပြီးပြည့်ဆုံပြီပေါ့။
ကျန်တာတွေ ကိုငါနားမလည်ဘူး။သိလည်းမသိချင်ဘူး။
မင်းလည်း ငါ့လိုပြီးပြည့်စုံတဲ့အချစ်မျိုးဖြစ်အောင် ကြိုးစားပါလို့ ငါပြောချင်တယ်။
အချစ်ဟာရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါပဲ။
မင်း ငါ့ကိုထာဝရချစ်နိုင်မယ်ဆိုရင်တော့၊ အဲဒီရိုးရိုးလေးနဲ့ရှင်းရှင်းလေးအချစ်ကိုပဲ ငါလိုချင်မိတယ်။
အနမ်း (May'08)

1 ယောက်ဆွေးနွေးချက်:

kiki said...

online အချစ်
အစကတော့ရိုးရိုး ၊ နောက်တော့တစ်မျိုးတိုး ပြီး
ရှေ့ တဆင့် တောင်းဆိုလာခဲ့ ရင်ရော ...
ရုပ်သေပုံလေးတွေဘဲမြင်နေရတာကြာတော့ အားမလိုအားမရ လှုပ်ရှားနေတဲ့ ရုပ်ရှင်ပုံလေးကို Webcam မှတဆင့် မြင်ချင်ပါတယ် ..ဒီထက်တဆင့်တက်ပြီး အပြင်ဘဝ မှာ မြင်တွေ့ ပါရစေလို့  ဆိုလာခဲ့ ရင်ရော ..အချစ်ရဲ့ နောက်ကွယ်မှ များလှစွာသော အဓိပ္ပါယ်တွေ ကို နားလည်အောင်ဖေါ်ဆိုကြည့် ချင်လာမှာလားလေ..
လောကကြီးမှာ တကဲ့ ကို ပြီးပြည့် စုံနေတဲ့  Perfect Love ဆိုတာမျိုး မရှိနိုင်ဘူးလို့ ထင်ပါတယ်..တမျိုးမဟုတ် တမျိုးတော့ လိုအပ်နေအုံးမယ်လို့ ။ဘာလို့ လဲဆိုတော့ လူသတ္တွဝါတွေရဲ့  စိတ်ဆိုတာ အချိန်မရွေးပြောင်းလဲတတ်နိုင် လွန်းလို့ ပါဘဲ...
ဒါက ဒို့ ရဲ့  အယူအဆ သက်သက်ပါ ။ စိတ်ကူးချင်းမတိုက်ဆိုင်ရင်တော့ နားလည်မှုလေး ရှိပေးပါ ...