မဟာဓမ္မရံသီအိမ်တော်ရာစေတီ


သီတင်းကျွတ်ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ ဘုရားအားလုံးမှာ လူအပြည့်ပါပဲ။ ။ ရွှေတိဂုံစေတီဆို ပိုဆိုးပါတယ် ရင်ပြင်တစ်ခုလုံး လူအပြည့်ပါပဲ။ ကျွန်မကတော့ လူများတဲ့နေရာမျိုး သွားလို့မရတာကြောင့် လပြည့်နေ့ကို ဘုရားကလည်းသွားချင်တာနဲ့ နီးရာဘုရားကိုပဲ သွားရောက်ဖူးမြော် ခဲ့ရပါတယ်။ ဒါတောင် လိုက်ပို့မယ့် သူငယ်ချင်းကလည်း ကိစ္စများနေတာကြောင့် ညီမဖြစ်သူကပဲ ကားမောင်းလိုက်ပို့ရပါတယ်။

အခု ကျွန်မတင်ပြထားတဲ့ ပုံတော်ပါ။ ဒဂုံမြို့နယ်က မြို့မကျောင်းလမ်းမှာရှိတဲ့ မဟာဓမ္မရံသီအိမ်တော်ရာစေတီ တော်မြတ်ကြီးပဲဖြစ်ပါတယ်။

မြန်မာသက္ကရာဇ်၁၂၁၀ခုနှစ်က ပုံဂံမင်းတည်ထား ကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

0 ယောက်ဆွေးနွေးချက်: