ပယ်ဆု ပန်ဆု

သာသနာထွန်းကားလာတာဟာ ရှင်အာနန္ဒာရဲ့ ပန်ဆုတစ်ပါးဖြစ်တဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော် အားလုံးကို နာကြားရတာကြောင့်လည်း ဖြစ်တယ်။ ရှင်အာနန္ဒာဟာ ဘုရားရှင်ရဲ့ တရားအားလုံးကို ပြန်လည်ပို့ချ ပေးခဲ့ခြင်းဟာ သာသနာတော်ကို လက်ဆင့်ကမ်းလာခြင်းပဲလို့ ယူဆနိုင်တယ်ဆိုပြီး ကျွန်မ သူငယ်ချင်း တစ်ဦးကပြောတာကြောင့်၊ ကျွန်မလည်း စိတ်ဝင်စားတာနဲ့ ရှင်အာနန္ဒာရဲ့ပယ်ဆု၊ ပန်ဆုတို့ကို တရားစာပေတွေ လိုက်စားတဲ့ ကျွန်မသူငယ်ချင်း တစ်ယောက်ကို မေးမြန်းပြီး ပြန်လည်ရေးသားလိုက်ခြင်းပါပဲ။
ဗုဒ္ဓဘာသာဝင်အချို့လည်း စိတ်ဝင်စားမယ် ထင်လို့ပါ။

ဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှာရှင်အာနန္ဒာကဘုရားရှင်အားပယ်ဆု(၄)ပါးနဲ့  ပန်ဆု(၄)ပါးဆိုပြီးတောင်းခဲ့ပါတယ်။

ပယ်ဆု(၄)ပါး

(၁)မြတ်စွာဘုရားရှင်လက်ခံရရှိတဲ့ ကောင်းမြတ်သော သင်္ကန်းတို့ကို မချီးမြှောက်လိုပါ။
(၂)မြတ်စွာဘုရားရှင် လက်ခံရရှိတဲ့ ကောင်းမြတ်သော ဆွမ်းတို့ကို မချီးမြှောက်လိုပါ။
(၃)မြတ်စွာဘုရားနှင့် အတူဂန္ဓကုဋိတိုက်တစ်တိုက်ထဲတွင် နေရန်ခွင့်မပြုစေလိုပါ။
(၄)မြတ်စွာဘုရားရှင် တစ်ပါးတည်းကိုသာ သီးခြားပင့်သောနေရာသို့ ခေါ်မသွားစေလိုပါ။

ပန်ဆု(၄)ပါး
(၁)မြတ်စွာဘုရားသည် ဘုရားတပည့်တော် လက်ခံထားသော ပင့်ဖိတ်ရာအရပ်သို့ကြွတော်မူ
စေချင်ပါသည်။
(၂)ရပ်ဝေးဘုရားဖူးများအတွက် ဘုရားတပည့်တော် လျှောက်ထားသောအခါ ဖူးတွေခွင့်ပေး တော်မူစေချင်ပါသည်။
(၃)ဘုရားတပည့်တော် ယုံမှားသံသယရှိ၍ မေးလျှောက်လိုသောအခါ မေးလျှောက်ခွင့်ပြု စေချင်ပါသည်။
(၄)ဘုရားတပည့်တော်၏ မျက်ကွယ်တွင် ဟောသမျှတရားများကို တပည့်တော်အား ပြန်လည် ဟောကြားပေးတော်မူ စေချင်ပါသည်။

0 ယောက်ဆွေးနွေးချက်: