ဒီနေ့ ကျွန်မမွေးနေ့ပေါ့

တစ်နှစ်မှာ ၃၆၅ရက်တဲ့။ ပြောတော့အများကြီးလိုပဲ ထင်မိတာ၊ တကယ်တော့ အဲဒီ ၃၆၅ရက်ကြီးက ကုန်လွယ်လှပါလားလို့….။ ဒီတစ်နှစ် ကိုယ့်မွေးနေ့တော့ ကိုယ်က ထူးထူး ခြားခြား မြန်မာလိုမွေးနေ့လေးလည်းရှိတာကြောင့် ထူးခြားတာလေးလုပ်မယ်လို့ တွေးထား တာပေါ့ (မွေးနေ့ပွဲမဟုတ်ပါဘူး)။ အတွေးကအတွေးပါပဲ၊ တကယ်မှမဖြစ်သေးတာ။ (ဘယ်အရာမှ ကြိုမမြင်နိုင်ဘူးဆိုတာ လက်ခံလာပြီးတဲ့နောက်) ကျွန်မလည်း တစ်ခုခုလုပ်ဖို့ ကြံရွယ်ထားပြီ ဆိုရင် ဘယ်သူကိုမှ သိပ်အတိအကျကြီး မပြောတတ်တာတော့ကြာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ တစ်ဖက်လူရဲ့အမြင်မှာ ကျွန်မက ဂတိမတည်တဲ့သူ၊ စကားကိုအလွယ်တကူ ပြောတတ်သူလို့သတ်မှတ်မှာ စိုးတာလည်းပါပါတယ်။ ကိုယ်ကိုယ်တိုင် မလုပ်နိုင်ခဲ့တော့ ဘယ်အရာမဆို သူတပါးအကူအညီကလိုတယ်လေ။ အဲတော့ အဲဒီသူများဆိုတဲ့ တစ်ဖက်လူ ကို အတိအကျဘာကိုမှမပြောရဲဘူး။ အမြဲတမ်း စကားပလ္လင်ခံရတယ်။ နေကောင်းရင် အခြေအနေပေးရင် စသည်ဖြင့်ပေါ့…။

ထူးထူးခြားခြား ကိုယ့်အစီအစဉ်ဆိုတာက ကိုယ်သွားချင်တဲ့ ရွှေဥမင်ရိပ်သာလေးမှာ ကိုယ်တတ်နိုင်သလောက်လှူရင်း တစ်နေ့တာ တရားထိုင်နိုင်သလောက် တစ်ချိန် နှစ်ချိန် ဆိုသလို တစ်နေကုန်နေမယ်ဆိုတာပါ။ ဒါပေမယ့် အကြံအစည်လေးလည်းပျက်သွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီရက်ရောက်ခါနီးမှ ကျန်းမာရေးက ချက်ချင်းဆိုသလို မကောင်းပြန် တာကြောင့် ကိုယ့်ရဲ့ အစီအစဉ်လေးလည်း စိတ်ကူးလေးနဲ့တင် ကွယ်ပျောက်သွားခဲ့ရတယ်။ စိတ်ကူးတုန်းကတော့ အတွေးထဲမှာတင် ပျော်သလိုလိုတောင်ဖြစ်မိတယ်။ ရိပ်သာလေးမှာ သွားနေမယ်ဆိုတော့ အေးအေးချမ်းချမ်းလေးပေါ့ ရောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို လည်း ကားမောင်းပို့ခိုင်းရင်း…။

ကျွန်မရဲ့ မြန်မာလိုမွေးနေ့က ဒုတိယ၀ါဆိုလဆုတ် ဖြစ်တာကြောင့် ၀ါထပ်မှသာ မြန်မာလို မွေးနေ့ဆိုတာရှိပါတယ်။ ၀ါထပ်တာကသုံးနှစ်မှတစ်ခါ၊ ဒါ့ကြောင့်လည်း မြန်မာလိုမွေးနေ့လေး မှာ ဆိုတဲ့အတွေးနဲ့…။ ဖြစ်မလာခဲ့တော့လည်း မတတ်နိုင်တော့ဘူးပေါ့။ အဲဒီနေ့က ဖွားဖွားနဲ့ အမေတို့ ၀ါဆိုသင်္ကန်း ကပ်ဖြစ်သွားတာကိုပဲ သာဓုခေါ်လိုက်ရတယ်။

အရင်တုန်းကဆိုရင် စိတ်ကြီးတယ်လို့ပြောရမလားမသိဘူး ကိုယ်လုပ်ချင်တာကို မလုပ်ရရင်၊ ကိုယ်မျှော်လင့်တာမျိုးဖြစ်မလာခဲ့ရင် မကျေမနပ်တွေဖြစ်လို့ ဒေါသတွေထွက် စိတ်တိုလို့…။ ဘာလို့လုပ်မရတာလဲ၊ ဘာလို့ဖြစ်မလာတာလဲ…။ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကိုပဲ သိခဲ့တယ်။ လုပ်ရရမယ်၊ ဖြစ်ရမယ်လို့ပဲ တထစ်ချကိုယ့်စိတ်ထဲထင်တာကိုး။ ငယ်ငယ်တုန်းက ဆိုရင် ပိုဆိုးတယ်။ အမေက ကျောင်းပိတ်ရက်ကို တိရိစ္ဆာန်ဥယျာဉ်ပို့မယ် အနီးအနား ခရီးထွက်မယ် စသည်ဖြင့်ပေါ့လေ မပြောလိုက်နဲ့ ပြောလိုက်ရင် ကိုယ်က အဲဒါကို တရားသေ မှတ်ထားပြီး အဲဒီနေ့ကို လက်ချိုးပြီးစောင့်န်ေခဲ့တာ။ အကြောင်းကြောင်းကြောင့် အမေပြော သလိုဖြစ်မလာခဲ့ရင်လည်း အရမ်းစိတ်ဆိုးပြီး မစားနိုင် မသောက်နိုင်ပေါ့။ အဲလိုကိုဖြစ်ခဲ့တာ…
ဒါကြောင့် ငယ်ငယ်တုန်းကအကြောင်း ပြန်တွေးမိတိုင်း ကိုယ်မကောင်းတာတွေက ပြန်ပေါ် လာတော့တယ်။ အတော်ဆိုးခဲ့တဲ့ငါပဲလို့ ပြန်မြင်လာရတယ်။

ခုတော့ အဲဒီအကျင့်ဆိုးတွေကို ကြိုးစားပြီးပြုပြင်ခဲ့ရတယ်။ အသက်တွေကလည်း ကြီးပြီကိုး။ တစ်နှစ်တစ်နှစ်ဆိုတဲ့အချိန်က ငယ်ငယ်တုန်းကထက်စာရင် ပိုပြီးမြန်သလို၊ တိုတောင်းလာ တယ်။ တစ်နှစ်တစ်နှစ်ဆိုတဲ့ မိုင်တိုင်တွေကိုဖြတ်ကျော်နေရတဲ့ ကျွန်မတို့တစ်တွေဟာလည်း ခရီးရှည်ကြီး တစ်ခုကို မမောတမ်းသွားနေရသလိုပါပဲ။ အဲဒီခရီးရှည်ကြီးမှာ ပျော်ရွှင်ခြင်း တွေရှိမယ်၊ ၀မ်းနည်းခြင်းတွေရှိမယ်၊ နာကျင်ခြင်းတွေရှိမယ်၊ ချစ်ခြင်းတွေရှိမယ်၊ မုန်းတီးခြင်း တွေရှိမယ်၊ အောင်မြင်ခြင်းတွေရှိမယ်၊ ဆုံးရှုံးခြင်းတွေလည်းရှိမယ်၊ အမှတ်တရတွေရှိသလို၊ အမှတ်တမဲ့တွေလည်းရှိမှာပါပဲ။ ဒီလိုနဲ့ပဲ ဘ၀ခရီးရှည်ကြီးကို တဘူတာပြီး တဘူတာဆိုက်ကြ ရင်း၊ ပြန်ထွက်ကြရင်းပေါ့…။

မှတ်ချက်။ ။ ဘာရယ်မဟုတ်ပါဘူး။ လက်နာတာလေး နည်းနည်းသက်သာတာနဲ့ မွေးနေ့ အမှတ်တရ စိတ်ထဲရှိတာတွေ ကောက်ရေးချမိတာပါ။း))

ဒီနေ့ ကျွန်မမွေးနေ့ပေါ့
သြဂုတ်လ ၃ရက်နေ့မှာ
မေမေ မွေးဖွားပေးလိုက်လို့
လူ့လောကကြီးထဲကို
ရောက်လာခဲ့ရတယ်။

ဒီနေ့ ကျွန်မမွေးနေ့ပေါ့
မေမေပြောလို့သိခဲ့ရတယ်
သြဂုတ်လ ၃ရက်နေ့
တနင်္ဂနွေနေ့ဟာ သမီးမွေးနေ့တဲ့။

ဒီလိုနဲ့ လောကကြီးထဲရောက်လာ
အသိအလိမ္မာရစေဖို့
ပညာတွေသင်ကြားပြီး
လူလားမြောက်ခဲ့ရ…။

ဘ၀အကြောင်း
လောကကြီးအကြောင်း
လူတွေရဲ့အကြောင်းကို
လေ့လာသိရှိရင်း
ကြီးပြင်းလာခဲ့ရ…။

ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း
ချစ်ခြင်း မုန်းခြင်း
နာကျင်ခြင်း ကြင်နာခြင်း
လွမ်းဆွတ်ခြင်း တမ်းတခြင်းတွေ
ကို ခံစားရင်းပေါ့...။


maanan-birthday

26 ယောက်ဆွေးနွေးချက်:

သဒ္ဓါလှိုင်း said...

မနမ်း..
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ..။
ဘ၀မှာစိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီးချစ်ခင်တဲ့သူတွေနဲ့
မကွဲမကွာနေထိုင်နိုင်ပြီးသာသနာပြုနိုင်သောသူ
ဖြစ်ပါစေ..။

ခင်တဲ့
သဒ္ဓါ

မိုးခါး said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ အစ်မရေ ..း))
ဆန္ဒတွေ ပြည့်ဝ အောင်မြင်ပါစေ ..း)

rose of sharon said...

HAPPY BIRTHDAY :)

ဝက်ဝံလေး said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ မနမ်း ရေ နော်
အခု မွေးနေ့မှသည် နောက်နှစ်ပေါင်း ၁၂၀ တိုင်အောင် ချစ်သူခင်သူများနှင့် ဘဝခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေနော်
ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါမှ အသက်ကလေးရှည်မယ် မဟုတ်ပါလား မနမ်းရေ ဟိဟိ ဆရာ လာလုပ်သွားတယ်နော်

တာ့တာ

သူကြီးမင်း (တုံးဖလား) said...

အမရေ... မွေးနေ့ကစပြီး ကျန်းမာချမ်းသာစွာဖြင့် အမဆန္ဒရှိတဲ့ အလုပ်ကလေးတွေကို လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နောက်တစ်ခါမွေးနေ့မှာလဲ အမစိတ်ကူးနှင့်ပျော်ခဲ့ရတဲ့ တရားရိပ်သာကို ကျန်းမာချမ်းသာ ကြည်နူးစွာ ၀င်ရောက်အားထုတ်နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဏီ(န်)ကင်း said...

မွေးနေ့မှာပျော်ရွှင်ပါစေ....နောင်နှစ်ပေါင်းများစွာတိုင်
အောင်ပျော်ရွှင်မှုတွေနဲ့အတူနေနိုင်ပါစေဗျာ...

အဖြူရောင်နတ်သမီး said...

အဲ...
မနမ်းက ကိုယ့်ညီမကို ကြိုမပြောဘူးတော့...
မွေးနေ့ပွဲလေးလုပ်ပေးမှာပေါ့လို့...
မောင်လေးကိုတူးနဲ့ (၁)ရက်ပဲလွဲတယ်နော်..မှတ်ရတာလွယ်တာပေါ့..။

မနမ်းရဲ့ ယနေ့မှာ ကျရောက်တဲ့ မွေးနေ့မှသည် အောင်မြင်သော..ဘဝ၊ လိုချင်သော..ဆန္ဒများကိုရယူပိုင်ဆိုင်ပြီး ကြင်နာနွေးထွေးသော လက်တွဲဖော်နဲ့အတူပျော်ရွှင် နွေးထွေးသော အနာဂတ်လမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာမွေးနေ့ဖြစ်ပါစေ..
စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများနဲ့ ရာသက်ပန်ပြည့်စုံပါစေရှင်..
ဖြစ်ချင်တဲ့ ဆန္ဒအားလုံး ပြည့်စုံအောင်မြင်ပါစေနော်..

တောသားလေး said...

အစ်မ
မွေးနေ့မှာပျော်ရွင်ပါစေ။ ဓမ္မစာပေများကိုလည်း
ဆက်လက်ပြီးဒီထက်မကဖြန့်ဝေရေးသားနိုင်ပါ
စေ။ ကျန်းမာပျော်ရွင်ပါစေလို့ဆုတောင်းလျှက်
ခင်မာစွာဖြင့်
တောသားလေး

တောသားလေး said...

အစ်မ
မွေးနေ့မှာပျော်ရွင်ပါစေ။ ဓမ္မစာပေများကိုလည်း
ဒီထက်မကဖြန့်ဝေရေးသားနိုင်ပါစေ။
ကျန်းမာပျော်ရွင်ပါစေလို့ဆုတောင်းလျှက်
ခင်မင်စွာဖြင့်
တောသားလေး

တောသားလေး said...

အစ်မ
မွေးနေ့မှာပျော်ရွင်ပါစေ။ ဓမ္မစာပေများကိုလည်း
ဒီထက်မကဖြန့်ဝေရေးသားနိုင်ပါစေ။
ကျန်းမာပျော်ရွင်ပါစေလို့ဆုတောင်းလျှက်
ခင်မင်စွာဖြင့်
တောသားလေး

ညိမ်းနိုင် said...

ပျော်ရွင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ခင်ဗျ...။

ကိုဇော် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ။

တရားအားထုတ်မယ် ၊ ရိပ်သာ ဝင်မယ် ဆိုရင် နေမကောင်းတာတို့ ၊ ကိစ္စတွေ များလာတာတို့ ကြုံရတတ်ပါတယ်။ ဒါကို အဖျက်လို့ ခေါ်ပါတယ်ဗျ။ ဒါကို ကျော်လွှားနိုင်ဖို့ တစ်နည်းပဲ ရှိတယ်။ ကိုယ်လုပ်မယ် လို့ ဆုံးဖြတ်ထားပြီးရင် ဖြစ်အောင် လုပ်ဖို့ပါပဲ။

ပျော်စရာ အတွေးလေးပေါ့ ဖတ်ကြည့်ပါလား။

http://www.zaw357.net/2010/02/blog-post_17.html

ပျော်ရွှင် ကျန်းမာပါစေ။

မြစ်ကျိုးအင်း said...

စိတ်ချမ်းမြေ့ခြင်းများနဲ့ ပြည့်စုံတဲ့ မွေးနေ့လေး ဖြစ်ပါစေဗျာ...။
ဘဝရဲ့ အခက်အခဲတွေလည်း ဖြေရှင်းနိင်ပြီး ပျော်ရွှင်သာယာ ပါစေ အစ်မရေ..။

နွေဆူးလင်္ကာ said...

ဟက်ပီး ဘတ်ဒေးပါ။ ကျနော်လည်း တနင်္ဂနွေသားပဲဗျ။

ခြင် said...

Happy Birthday နမ်းရေ...............

မြတ်မွန် said...

ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ..။

Anonymous said...

မအနမ်းရေ HAPPY BIRTHDAY ပါဗျာ ...
ယနေ့ မွေးနေ့မှတိုင်
ပျော်ရွှင်ခြင်း ကျန်းမာခြင်းများစွာဖြင့်
အနာဂတ် ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ ...

ခင်မင်စွာဖြင့်
ညလင်းအိမ်

နေ၀သန် said...

မအနမ်းရေ.. အဲဒီ ဒိနေ့ ဆိုတဲ့ မနေ့ကတည်းက လာမလို့.. ကွန်နက်ရှင်ဘာဖြစ်နေတယ်မသိ.. အမဆိုဒ်ကိုလုံးဝလာလို့မရတာနဲ့ နောက်ကျသွာတယ်.. ချောတိး... ဟက်ပိးဘတ်ဒေး...း))


ခင်မင်တဲ့
နေ၀သန်

သုခုမလေဒီ said...

အားလုံးကိုကျေးဇူးတင်တယ်။ ဆုတောင်းပေးတဲ့အတွက်လည်း ကျေးဇူးအထူးပေါ့။
နောက်ကျလည်း ကိစ္စမရှိပါဘူး။ နားလည်ပါတယ် ကိုယ်တိုင်တောင် ပိုစ့်ကိုတင်ဖို့အတော်ခက်ခဲပါတယ်။

Anonymous said...

HAPPY BIRTHDAY PAR
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ....
ဘဝတစ်လျှော်လုံးအေးချမ်းပြီးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေရှင်းးးးး
မိုး

မိုးစက်အိမ် said...

ချစ်မကြီးနမ်းရေ နည်းနည်းတော့နောက်ကျ
သွားတယ်ဆောရီး ငါလည်းအလုပ်ရှုပ်နေလို့ 
ဝင်မကြည့်ဖြစ်လို့ ပါ . . . ပျော်ရွှင်သောမွေး
နေ့ ရက်မြတ်မင်္ဂလာလေးဖြစ်ပါစေလို့  မွေးနေ့ 
မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်စိတ်
ချမ်းသာကိုယ်ကျန်းမာနဲ့ လူမျိုးအကျိုး သာသနာ
အကျိုးကိုဆထက်တိုးသယ်ပိုးနိုင်ပါစေဗျာ :)

ခိုင်နုငယ် said...

ဟက်ပီးဘက်ဒေးပါ။..မနမ်းရေ..
နောက်ကျမှရောက်ရတယ်။
မွေးနေ့မှသည်..နောင်နှစ်ပေါင်းများစွာတိုင်
ပြီးပြည့်စုံသောဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ။
လင့်ခ်ပါ..တစ်ပါတည်းချိတ်သွားမယ်နှော်...

ခင်မင်စွာဖြင့်
ခိုင်နုငယ်

အင်ကြင်းသန့် said...

ဟာ....မနမ်းရေ....မသိလိုက်ဘူး။ အများကြီးနောက်ကျသွားတယ်။ တကယ်ဆောတီးပါ။ ဆုတောင်းဆိုတာကတော့ နောက်ကျတယ်ရယ်လို့မရှိပါဘူးနော်။ မနမ်းတစ်ယောက် ဒီမွေးနေ့မှ စပြီးနောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတွေနဲ့ ပြည့်စုံစွာ၊ ပျော်ရွှင်ချမ်းမြေ့စွာ သက်တော်ရာကျော်အောင်နေသွားနိုင်ပါစေလို့.....။ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်။

ခင်တဲ့
ညီမလေး
အင်ကြင်း

ဖိုးဂျယ် said...

မအနမ်း နည်းနည်း နောက်ကျသွားတယ်

ပျော်ရွှင်ပါစေဗျာ
နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်မှုအပေါင်းနဲ့ ဖြတ်သန်းနိုင်ပါစေ

ခင်မင်လျှက်
ဖိုးဂျယ်

flowerpoem said...

ှဆောရီး မအနမ်းမွေးနေ့မှန်းမသိလို့ပါ
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ
ထာဝရပျော်ရွှင်မှုများ ပိုင်ဆိုင်ပါစေရှင်..