စွဲမိနေသောအစွဲများ




ကျွန်မတို့မှာ ငယ်ငယ်ကတည်းက စွဲလာခဲ့တဲ့ အစွဲဆိုတာလေးတွေရှိကြပါတယ်။ စိတ်အစွဲပေါ့။ အဲဒီအစွဲတွေဟာ ကျွန်မတို့စိတ်ထဲမှာကိန်းအောင်းနေခဲ့ပြီး အစွဲမဖျောက်သ၍ အသက်အရွယ် ကြီးမားလာသည့်တိုင် အဲဒီအစွဲတွေ ကို ဖျောက်ပစ်ဖို့ အင်မတန်မှခဲယဉ်းကြပါတယ်။

ကျွန်မတို့ငယ်ငယ်ကတည်းက ရှေ့ကလူကြီးတွေပြောစကားကို ယုံကြည်မှတ်သားထားမိရာမှ အစွဲတွေ ဖြစ်တည်လာခဲ့သလို ရှေ့ကလူကြီးများကလည်း သူတို့ထက်ရှေးကျတဲ့ လူကြီး သူမတွေရဲ့ အစွဲတွေကို မှတ်သားလိုက်နာ ကျင့်သုံးရာမှ အဲဒီအစွဲတွေက မပျောက်ပျက်နိုင်ပဲ တည်ရှိနေကြပါတယ်။ ရှေးလူကြီးတွေရဲ့ အယူအဆတွေကနေ ယခုထက်တိုင် မပျောက် မပျက်တည်ရှိနေခြင်းက ကျွန်မတို့ကိုယ်တိုင်က လည်း လက်ခံမိနေလို့ဆိုတာ မငြင်းနိုင်ပါဘူး။ အစွဲတွေကကိုယ့်စိတ်မှာ လက်ခံမိခဲ့တဲ့အကြောင်းအရာများ ဖြစ်တာကြောင့်၊ ထိုအကြောင်း အရာများကို ကိုယ့်စိတ်က လက်မခံအောင်ဖျောက်ဖျက်နိုင်ဖို့လည်း အဓိကကျပါတယ်။

ကျွန်မတို့ ငယ်ငယ်ကတည်းက ခေါင်းလျှော်ရင် ဗုဒ္ဓဟူးနေ့ မလျှော်ရဘူးတဲ့။ လဒ်တိတ် တတ်တယ်လို့ပြောပါတယ်။ လပြည့် လကွယ် ခေါင်းလျှော်ရင်ကျတော့ စုံးစုတ်တတ်တယ် ဆိုလား ကြားဖူးပါသေးတယ်။ ကျွန်မတောင် လဒ်တိတ်တယ်ဆိုလို့ ဗုဒ္ဓဟူးနေ့ ခေါင်းလျှော် ခြင်းကိုရှောင်ပါတယ်။ အခုတော့လည်း လဒ်က၀င်စရာအကြောင်းကို မရှိတော့တာ။ လပြည့် လကွယ်ကတော့ အရင်ကတည်းက စုံးစုတ်တာကို နားမလည်ခဲ့လို့ မရှောင်ရှားမိခဲ့ဘူး။ တကယ်တော့ ကလေးတွေကို ခြိမ်းခြောက်တာ ဖြစ်ပါလိမ့်မယ်။ (ဘာ့ကြောင့်ရယ်တော့မသိ) ။ နောက်ပြီး မွေးနေ့ သောကြာ တနလာင်္ ကေသဆံသဆိုလား ဆံညှပ်ဆိုလားမပြုရတဲ့။ အိမ်မှာရှိတဲ့ အညာကညီမတစ်ယောက်ဆိုရင် လက်သည်းခြေသည်း မညှပ်ရတဲ့ နေ့တွေရော ဘာတွေရော သူပြောတာစုံလို့ပါပဲ။ ဒါလည်း သူတို့ကို လူကြီးသူမတွေ လက်ဆင့်ကမ်းတဲ့ အယူအဆ အစွဲအလန်းတွေပဲလားမသိ။

အဲဒီလိုပါပဲ တနလာင်္နေ့အလုပ်လုပ်ရင် အဆင်မပြေဘူးဆိုတာ တနလာင်္အရင်းပါ သတဲ့။ တစ်ခါက အမေ့ဆီကနေ ပိုက်ဆံချေးဖူးတဲ့ အမကြီးတစ်ယောက်ကိုမှတ်မိပါသေးတယ်။ သူက ကန်ထရိုက်တိုက်ဆောက်တာပေါ့။ အဲဒီအချိန်က သူတိုက်ဆောက်တာ မပြီးဆုံးတာလည်း မပြောနဲ့ တနလာင်္နေ့မို့ အလုပ်မလုပ်တာနဲ့၊ ပြဿဒါးနေ့မို့ ရှောင်ရတာနဲ့ နောက်တစ်မျိုးက ယခုနာမည်ကြီး ဘုန်းကြီး ကျောင်းနဲ့နီးတာကြောင့် ရာထူးကြီးကြီးတွေက တရားလာထိုင်တာ အလှူလုပ်တာဆိုရင် အဲဒီအနား ပတ်ဝန်းကျင်တ၀ှိုက်မှာ အလုပ်မလုပ်ရဘူးလို့ကန့်သတ် ထားတာနဲ့ဆိုတော့ သူ့ခမျာ ရက်သတ္တပတ်မှာ (တနင်္ဂနွေကလည်း အလုပ်သမားတွေ မဆင်းဘူးဆိုတာကြောင့်) ကန်ထရိုက်ယူထားတဲ့တိုက်က ဆောက်ရတယ်လို့ကို မရှိတော့ဘူး။ နောက်ဆုံးသူလည်း အရှုံးနဲ့ ရင်ဆိုင်သွားရတော့တာပဲ။

ဒေါက်တာမတင်ဝင်းရေးတဲ့ “လွတ်လပ်ပေါ့ပါးသောစိတ်ထားရှိပါစေ” စာအုပ်မှာ ဖတ်ဖူးပါသေးတယ်၊ အစွဲတွေနဲ့အလွဲတွေဆိုတာ အဲဒီမှာ ဆရာမကြီးကိုယ်တိုင် သူ့ရဲ့အစွဲလေးတွေ ရှိခဲ့တဲ့အကြောင်း ရေးသားထားခဲ့ပါတယ်။ ဒီအကျီ င်္လေးဝတ်လို့ ကံကောင်းတယ် ဆိုတာမျိုးကို သူကိုယ်တိုင်စွဲလန်းခဲ့ဖူးပါတယ် လို့ ဆိုထားပါတယ်။ ကျွန်မလည်း ဒီအကျီ င်္ဝတ်ရင် ကံကောင်း တယ်၊ ဘယ်အကျီ င်္ကတော့ဝတ်တိုင်း လုပ်သမျှကိစ္စတွေ အဆင်မပြေဘူးဆိုပြီး ကျွန်မ ကိုယ်တိုင်လည်း အစွဲရှိခဲ့ဖူးပါတယ်၊ တကယ်တော့လည်း တိုက်ဆိုင်မှုတွေ ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်းမှာ ကံမကောင်းဘူးလို့ထင်မိတဲ့ အ၀တ်ကိုပဲ ကျွန်မထပ်ခါထပ်ခါ ၀တ်ကြည့်ခဲ့ ဖူးပါတယ်။ မဟုတ်ပါဘူး၊ အဆင်ပြေတဲ့နေ့လည်းဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ကိုယ့်စိတ် ကပဲဆိုတာ အခုနောက်ပိုင်းမှ ကောင်းကောင်း သဘောပေါက်မိပါတော့တယ်။

နောက်တစ်ခုက ကျွန်မတို့ငယ်ငယ်ကတည်းက စွဲမိတဲ့အကြောင်းလေးပါ။ လူအတော်များများ လည်း ဖြစ်ဖူးမယ်ထင်ပါတယ်။ ကျွန်မနဲ့ သူငယ်ချင်းအများစုကတော့ ကျောင်းသူဘ၀တုန်းက အဲဒီအစွဲကိုယ်စီ ရှိခဲ့ကြဖူးပါတယ်။ ဆက်ရက်ငှက်ကလေး တစ်ကောင်တည်းမြင်တွေ့ခြင်းပါ၊ one for sorrow လို့တောင် ပြောကြပါသေးတယ် two for joy တဲ့။ အဲဒီလို အစွဲကလည်း လူကြီးမိဘတွေဆီက သိလာရတဲ့အသိပါ။ ကျွန်မသူငယ်ချင်း တစ်ယောက်ဆို ခုထိ အဲဒီအစွဲ ရှိပါသေးတယ်။ ဆရာမကြီးရေးထားတဲ့အကြောင်းမှာ လည်း အဲဒီအစွဲပါပါတယ်။

ကျွန်မရဲ့အိမ်မှာ ဆက်ရက်၊ ခိုစတဲ့ အခြားငှက်ပေါင်းများစွာရှိပါတယ်။ (မွေးထားတာမဟုတ်ပါ ) ကျွန်မရဲ့ အိမ်နေရာက ချောင်ကျလို့ပါး)) ခိုငှက်တွေက ဘုရားခန်းက ၀ရံတာမှာနေသလို၊ ဆက်ရက် ငှက်တွေက အိမ်ရဲ့အနောက်ဖက်ရှိတဲ့ (အနောက်အရပ်မဟုတ်ပါ) ကျွန်မအခန်းက သစ်ပင်များမှာရှိနေတတ်ပြီး တဖက်ခြံကိုကာထားတဲ့ အုတ်တံတိုင်းပေါ်မှာ လမ်းလျှောက် လေ့ရှိကြပါတယ်။ မိုးလင်းလို့ ကျွန်မအခန်း ပြတင်းပေါက် လိုက်ကာဖွင့်လိုက်ရုံနဲ့ မြင်တွေ့ နိုင်ပါတယ်။ တစ်ခါတစ်လေလည်း ဆက်ရက်ငှက်လေးက တစ်ကောင်းတည်း အဖော်မဲ့လျှက် လျှောက်လှမ်းကာ သူ့အဖော်ကိုအသံပြုလေ့ရှိပါတယ်။ တစ်နေ့ ကျွန်မသူငယ်ချင်းတစ်ယောက် ကျွန်မဆီကိုရောက်လာပါတယ် အဲဒီအချိန်က သူ့ယောကျာင်္းအလုပ်ကိစ္စ အဆင်မပြေဖြစ်လို့ ဆိုပြီး စိတ်ညစ်နေချိန်လည်းဖြစ်ပါတယ်။ လမ်းကြုံလို့ ကျွန်မဆီဝင်လည်ရင်း သူက ပြောပြခဲ့ ပါတယ်။ အပြန်မှာတော့ ဆက်ရက်တစ်ကောင်တည်းကို မြင်ရလို့ဆိုပြီး သူ့အခြေအနေက ကြည့်ရပိုဆိုးသွားပါတယ်။ (သူက တစ်ခုခုဖြစ်လိုက်ရင် ဟန်မဆောင်နိုင်သူပါ)။ အဲဒါနဲ့သူ့ကို ဆက်ရက် နောက်ထပ်တစ်ကောင်တွေ့ချင် ကျွန်မအခန်းရှိတဲ့ဖက်ကို လိုက်ကြည့်ဖို့ညွှန်ရ ပါတယ်။ အဲဒီတော့မှ သူက နောက်ဖက်ကိုလိုက်ကြည့်ပြီး ဆက်ရက်တစ်ကောင်ကိုတွေ့ကား သူ့မျက်နှာပြုံးလာပါတော့တယ်။ သူအဲလိုဖြစ်တာကိုကြည့်ရင်း နင်ကအခုထိ အဲဒီအစွဲရှိသေး လားလို့ ကျွန်မကမေးကာ တဟားဟားနဲ့ ရယ်မိပါတယ်။

ကျွန်မတို့တစ်တွေမှာ အစွဲတွေတော်တော်များကြပါတယ်။ အစွဲအချို့က ဘယ်သူကဘယ်သူ့ကို သင်မှန်းမသိ၊ သိလာတဲ့အကြောင်းတွေကို မှတ်ယူခဲ့ရာက အစွဲဆိုတာ စိတ်မှာဖြစ်လာကြ တော့တာပါပဲ။ အဲဒီလို အစွဲတွေကို စိတ်ကလက်ခံနေသမျှ အစွဲဆိုတာပျောက်နိုင်မယ် မထင်ပါဘူး။ ကျွန်မကိုယ်တိုင် စွဲခဲ့တဲ့အစွဲတွေ တော်တော်များများရှိခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာတစ်ဦးအနေနဲ့ အဲဒီအစွဲတွေကို ဖျောက်ပစ်ဖို့ လိုတယ်ဆိုတဲ့ အသိတစ်ခုကြောင့်ပဲ အစွဲတွေကို စိတ်ကနေပယ်ရှားလိုက်ပါတယ်။ ဒေါက်တာမတင်ဝင်း ရေးသားတဲ့ထဲမှာ ကျွန်မတို့ ဗုဒ္ဓအယူဝါဒ အထူးသဖြင့် ထေရ၀ါဒီများလို့ မိမိတို့ကိုယ်မိမိတို့ ကင်ပွန်းတပ်ထားကြ သူများဟာ အစွဲမှားကင်းကြရဲ့လားလို့ မိမိတို့ကိုယ်မိမိတို့ အခါမလပ်မေးမြန်းစစ်ဆေးကြဖို့ လိုတယ်လို့ ကျွန်မ ယူဆမိပါတယ်တဲ့။ ဟုတ်ပါတယ်၊ ကျွန်မကိုယ်တိုင် တစ်ချို့အစွဲတွေက တော်တော်နဲ့ ဖျောက်ဖို့ မလွယ်ခဲ့ပါဘူး ။

စိတ်အစွဲတွေဆိုတာ မိမိတို့စိတ်မှာ လက်ခံယုံကြည်မိခြင်းတွေသာဖြစ်ပါတယ်။ အခုဆိုရင် အစွဲ တော်တော်များများက တောရွာများမှ ရှေးလူကြီးများရဲ့ အယူအဆတွေ ဆက်လက်ကျန်ရှိ နေပါသေးတယ်။ အစွဲတွေကလည်း ယုံကြည်လက်ခံသူရှိနေသမျှ ဖြစ်နေအုံးမှာပါ။ ဆရာကြီး ပီမိုးနင်းရဲ့ ယုံကြည်သောစိတ်မှာ ပြင်သစ်ပြည် လူရဒေမြို့ရှိ စမ်းချောင်းလေးတစ်ခုဟာ မယ်တော်မာယာလက်ဖြင့် ယက်သောနေရာမှ ရေထွက်နေလို့ စမ်းချောင်းဖြစ်တာ ဟူသော အစွဲကြောင့် အနယ်နယ်အရပ်ရပ်မှ လူမမာများလာရောက်ရေချိုးရာ ရောဂါပျောက်သည်ဟု မှတ်ယူကြတယ်လို့ပါရှိပါတယ်။ ဒါကြောင့် အစွဲတစ်ခုဟာလည်း မှားယွင်းတဲ့ ယုံကြည်မိခြင်း တွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာရေး နဲ့ ဆန့်ချင်တဲ့အစွဲများမစွဲမိစေဖို့ အထူးလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစွဲမှားမိခြင်း က အယူမှားမိခြင်း ဖြစ်မှာစိုးလို့ပါပဲ။

9 ယောက်ဆွေးနွေးချက်:

ဧပရယ်လ်ပူး@ပူးတေ said...

ဟုတ်တယ်မမ... ကိုယ်မသိပဲနဲ့ စွဲနေတဲ့ အစွဲတွေ အများကြီးရှိတယ်နော်... ပူးတေလဲ ဗုဒ္ဓဟူးနေ့ခေါင်းလျော်ရင် လာဘ်တိတ်တယ်ဆိုလို့ ဗုဒ္ဓဟူးနေ့မှာ ခေါင်းမလျော်တာတောင်အတော်ကြာပြီ။ နောက် ကြာသပတေးနေ့ခေါင်းလျော်ရင်တဲ့ ကတော် ၁၀ပါး ၁ ပါးဖြစ်မယ်ဆိုလို့ ကြာသပတေးနေ့တိုင်း လျော်ဖြစ်အောင် လျော်ရသေးတယ်... ဒါနဲ့ မစ္စတာပီက ပူးတေကို နောက်သေးတယ်... သူဌေးကတော်၊ ဘာကတော်၊ ညာကတော် မဖြစ်ပဲ နတ်ကတော်ဖြစ်နေရင်ရောတဲ့... သူလဲ ကတော် ၁၀ပါးထဲက ကတော်တပါးပဲနော်တဲ့.... :D

သူကြီးမင်း (တုံးဖလား) said...

မမနမ်း...
လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခေါင်းလျော်ခဲ့သေးလား။ ဗုဒ္ဓဟူးနေ့၌ ခေါင်းလျော် ခေါင်းရိတ်ပြုလုပ်ခြင်းသည် ကံအထူးကောင်းမွန်ပြီး တနင်္လာနံ အစုလိုက်အပြုံလိုက် ၀င်ကိန်းရှိသည်။ ထို့ကြောင့် ခေါင်းလျော်ပြီးချင်း အောင်ဘာလေထီးထိုးပါတဲ့။

လုပ်ကြည့်နော် အမ။း)

သုခုမလေဒီ said...

ပူးတေရေ.. နတ်ကတော်တော့ မဖြစ်စေနဲ့နော်။
ကိုကိုမောင်ပြောပုံက ထီပေါက်ချင်လို့ စမ်းသပ်ရမလို ဖြစ်နေပြီး))

အင်ကြင်းသန့် said...

မမ....ဒီပိုစ့်လေးကို သဘောကျတယ်။ ညီမလေးလည်း အရင်တုန်းကတော့ ဗုဒ္ဓဟူးနေ့ကို ရှောင်တယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့တွေးကြည့်တော့ မမပြောသလို အစွဲတွေပါလားဆိုပြီး အခုတော့ဗုဒ္ဓဟူးနေ့လည်း ခေါင်းလျှော်ချင်လျှော်ပစ်လိုက်တာပဲ။ ။ ငှက်နဲ့ပတ်သက်လို့ကတော့ ဘာရယ်မဟုတ်ဘူး။ လမ်းမှာငှက်တွေ့ရင်တော့ တစ်ကောင်လား နှစ်ကောင်လား လိုက်လိုက်တော့ကြည့်မိနေတုန်းပဲ။ တနင်္လာနေ့နဲ့ပတ်သက်လို့ကတော့ လုံးဝအစွဲမထားတာ။ မှတ်မှတ်ရရ ဒီစင်ကာပူကိုအလုပ်လာလုပ်တုန်းက လေယာဉ်လက်မှတ်က တနင်္လာနေ့ပဲရလို့ အဲဒီနေ့ပဲဝယ်လိုက်တာကို တစ်ချို့သူငယ်ချင်းတွေက စိတ်တွေပူပေးလိုက်ကြတာ....ဘာမှမဖြစ်ပါဘူး။ အကုန်အဆင်ပြေပါတယ်။ အင်း...အစွဲတွေပေါ့လေ...

(ဒါနဲ့ မမပြောတဲ့ ဒေါက်တာမတင်ဝင်း စာအုပ်လေးဖတ်ကြည့်ချင်သား....)

ခင်မင်စွာဖြင့်
ညီမလေး
အင်ကြင်း

kiki said...

စွဲ မိ စွဲ ရာ ပဲ စွဲ မိတာလားးး
ဆွဲမိ ဆွဲရာ ပဲ ဆွဲမိသလား တော့ မသိ...
အကျွတ်တရား ရသွားပါ၏ .. ( ဟို ဟာ ဒီဟာ ကျွတ် တာ ပါ ..း))

မအနမ်း ရော.. ဘာ ဆွဲ သလည်း... နော် ..

ဖွားကိ

ဂျစ်တူး ( မုံရွာ ) said...

ကျွန်မတို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာရေး နဲ့ ဆန့်ချင်တဲ့အစွဲများမစွဲမိစေဖို့ အထူးလိုအပ်ပါတယ်။--
ကောင်းလိုက်တဲ့ စာသားကလေးဗျာ-အဲဒါအမှန်အကန်ဘဲ
လုံးဝကိုထောက်ခံတယ်ဗျို့ -သိပ့်ကောင်းတဲ့ စကားလုံး
ကလေးပါ။ လေးစားစွာဖြင့်
(ဂျစ်တူး-မုံရွာ)

ကိုဇော် said...

ကျနော်က ဒီလိုတွေးမိတယ် မအနမ်း။
ဥပမာ - အောင်စံဖြိုး ရေချိုးရက် လို့ ဆိုတယ်ဗျာ။
တကယ်လို့ နေမကောင်းသူ တစ်ယောက်က စနေနေ့မှာ ရေချိုးချင်လာပြီ ဆိုပါတော့ ဒါကို နေကောင်းခါစမှာ ချိုးရင် ပြန်ဖျားမှာ စိုးလို့။ အောင်စံဖြိုး ဆိုပြီး တနင်္ဂနွေမှ ချိုးပါ။ လူမမာထကာစက အဲဒီရက်တွေမှ စချိုးရတယ် ဆိုပြီး စာချိုးနဲ့ နောက်တစ်နေ့ နေဖြစ်သွားအောင် လုပ်ထားတာပါ။ ဒါကို သေချာ မလေ့လာမိတော့ အစွဲတွေ ဖြစ်ပြီး အတည်ဖြစ်ကုန်တာ။

မအနမ်း တင်ပြထားတာလေးကို သဘောကျပါတယ်။

သုခုမလေဒီ said...

ဟုတ်တယ် ကိုဇော်ရေ. အောင်စံဖြိုး ရေချိုးရက်ဆိုတာ တနင်္ဂနွေ အင်္ဂါနဲ့ ကြာသပတေးနေ့ကို နလန်ထကာစ လူတွေ ရေချိုးဖို့ဆိုတဲ့အစွဲလည်း ရှိကြတယ်။ ဟဲဟဲ အမေကိုယ်တိုင်က အမ နေကောင်းစဆို အဲဒီနေ့ကို ရေချိုးစေခဲ့တာ မှတ်မိတယ်။ လူက ရေမချိုးရလို့ နုံးနေတာလေ၊ ချိုးချင်နေပီကိုး))

Anonymous said...

အဆောင်ကအန်တီနဲ့သူငယ်ချင်းကခေါင်းလျော်ရင်ပြောရအရမ်းခက်လို့ရှာဖတ်ရတယ်အစ်မရေဗုဒ္ဓဟူးခေါင်းမလျော်တဲ့သူတွေကြည့်လိုက်ရင်လာဂ်တွေရွှင်နေတာကြနေရောပဲဥပမာပြပီးပြောလဲမရဘူးအစွဲတွေက