အပြစ်မြင်တတ်သူ

သူတပါးတို့၏ အပြစ်ကိုမြင်လွယ်၏။
မိမိ၏အပြစ်ကို မြင်နိုင်ခဲ၏။
သူတပါးတို့၏ အပြစ်တို့ကို ဖွဲလွှင့်သကဲ့သို့လွှင့်တတ်၏။
မိမိ၏အပြစ်ကိုကား ဖုံးတတ်၏။

Easily seen is the fault of others,
but one's own is difficult to see.
Like chaff one winnows another's faults,
but hides one's own,
even as a carfty fowler
hides behind sham branches.

သူတပါး၏ အပြစ်ကို အစဉ်ရှု၍
အမြဲ သူတပါးကို ကဲ့ရဲ့တတ်သောသူမှာ
ကာမစသော အာသဝေါတရားတို့သည် တိုးပွားကုန်၏။
ထိုသူသည် အာသဝေါ ကုန်ခမ်းသည်
ရဟန္တာအဖြစ်မှ ဝေးလေ၏။

He who seeks another's faults,
who is ever censorious
his cankers grow.
He is far from destruction of the cankers.

ဓမ္မပဒ

8 ယောက်ဆွေးနွေးချက်:

ဂျူနို said...

သူများ အပြစ်ကို မသိချင်ယောင်ဆောင် နေရတာ မောနေပြီ။ ပြောလိုက်ချင်ပြီနော် ကျယ်ကျယ်လေး။

မအယ်

ဂျစ်တူး ( မုံရွာ ) said...

ဆရာမလေး--

မှတ်စရာဖတ်စရာများကိုဖတ်မှတ်သွားပါတယ်ခင်ဗျာ-
သူတပါးမပြစ်ကိုမမြင်နိုင်အောင်ကျိုးစားပါမယ်-
ကျိုးမယ်လို့ ပြောတာနော်-

kiki said...

အချစ်တွေ ဝင်နေစဉ်တော့ အပြစ် မမြင်တတ်ဘုး ...
အချစ်မပါတော့မှသာ အပြစ်တွေရှာလာကြတော့ တာ ပဲ ။။
ဟာပဲ ... ဟာပဲ ....ဟာပဲ ....
သတိထား နေ ...း))))

သုခုမလေဒီ said...

မအယ်ပြောတာ ဟုတ်တယ် ။ ဟန်ဆောင်ရတာတော့ မောတယ်။
ဖွားကိပြောတာလည်း ဟုတ်တာပဲး)))
ကိုယ်လည်း သတိထားနေပါတယ်။
ဂျစ်တူးပြောသလို ကြိုးစားပါ့မယ်ပေါ့။

Flower said...

အင်း ကိုယ်တိုင်လဲ သူများအပြစ်ဘဲ မြင်နေမိပြီလားမသိ
ပြန်စဉ်းစားပါဦးမယ်..
ကောင်းလိုက်တဲ့ ဓမ္မစာစုလေးအတွက် ကျေးဇူးတင်ရပြန်ပြီ..

ဝက်ဝံလေး said...

အင်းးး ဖတ်ရတာ အနှစ်သာရ ရှိလိုက်တာ (အံမယ် လူဂျီးလေသံနဲ့ ဒီဝက်တော့နာတော့မယ်)
ဟဲဟဲ ဘာပဲပြောပြော သေသေချာချာ ဖတ်သွားတယ် သိလား

~ဏီလင်းညို~ said...

မအနမ်းရေ.......
ဒီနေရာလေးကိုလာတိုင်း......ဒီလိုစာမျိုးလေးတွေဖတ်ခွင့်ရတာ......ကျေးဇူးဗျာ....။

ခင်မင်တဲ့
ဏီလင်းညို

may16 said...

မှန်လိုက်တာ မအနမ်းရယ်