အမြင်တူပြီး အသွင်မတူသော သူတော်ကောင်းနှင့် သူယုတ်မာ


မိတ်ဆွေ၂ဦးဆုံသည်နှင့်..


တစ်ဦးသောသူက အမြဲတမ်း “ ဘာကျွေးမလဲ” “ ဘာစားရမလဲ” ဟု ဦးဦးဖျားဖျား မေးတတ်သူသည် သူတော် ကောင်းမဟုတ်နိုင်သလို ...


တစ်ဦးသောသူက တွေ့တိုင်းဆုံတိုင်း “ ဘာစားမလဲ” “ ဘာစားချင်လဲ” ဟု ဦးဦးဖျားဖျား မေးတတ်သူက သူယုတ်မာ မဖြစ်နိုင်ပါ။


ဥပမာ။ ။ အလှူအိမ် ထမင်းဝိုင်း၌ ဦးဦးဖျားဖျား အသားတုံးများကို ဝေစုရပိုင်ခွင့်ကဲ့သို့ မဆင်မခြင်ပဲယူစားရဲသော သူသည် အလိုလောဘကို မထိန်းနိုင်သော သူယုတ်မာများဖြစ်ကြပါသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် သူတပါးအပေါ် ဘယ်သောအခါမျှ ကောင်းကျိုးပေးလိမ့်မည်မဟုတ်ပါ။ ယခု လူ့ဘ၀တွင် သူတော်ကောင်းတရားမျိုးကို ရရန်မလွယ်ပါ။

စာရေးသူ.. ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ

မှတ်စု (၂) မှ..

5 ယောက်ဆွေးနွေးချက်:

Angel Shaper said...

အိမ်းးးး မကြီးရေ...
နောက်တစ်ခါ တွေ့တာနဲ့ ဘာစားမလဲ ဘာစားချင်လဲ မေးသူကို ရှာပေါင်းရမယ် အဟဲ။နောက်တာပါ။
တကယ်မှတ်သားသင့်ပါပေတယ်။
အလိုလောဘ မထိန်းနိုင်တဲ့ သူယုတ်မာမျိုးကို ရှောင်ပြီး ကိုယ်တိုင်းမဖြစ်မိအောင် ကျင့်ကြံမှဗျ။
ခုလိုမျှဝေတာ ကျေးကျေးစ်။

kiki said...

အဟင်းး အဟက်.. အဟင်းဟင်းးး
ဘာစားချင်လဲ မအနမ်း ..?
ဘာစားမလဲကြီးဒေါ်နမ်း?...
ဘာပို့ ပေးရမလဲ ညီမလေးအနမ်း...?

(စိတ်ထဲ မပါပဲ မေးသွားသည် ) ...
ကျွန်ုပ် ဘယ်လို လူစား ဖြစ်မည် နည်းးးး
ဖြေချင်သလို ဖြေပါ ..း)))

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
ဂျစ်တူးကဘယ်ထဲပါ ပါလိမ့်မလဲဗျာ -
စဉ်းစားခါခေါင်းကုတ်ပြန်သွားသည်။
ဒီညတော့အိပ်ပျော်အုံးမည်မဟုတ်-
ငါ သူယုတ်မာ ဖြစ်နေသလားလို့ပါ-
ညီးပြောမှဘဲ - - - ဟာ
စစ်ကူခေါ်ရကောင်းမလား-
ညီသဘောပါဗျာ- - - -
ထည့်ချင်တဲ့အထဲထည့်လိုက်တော့ - - -

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ် အမ။
လောကထဲက ရတဲ့ သင်ခန်းစာတစ်ပုဒ်ပေါ့။ သူတော်ကောင်း သူယုတ်မာတွေရဲ့ စံတွေက နေရာတိုင်းမှာ ရှိနေတယ်။

~ဏီလင်းညို~ said...

မအနမ်းရေ....
ဖတ်ပြီးစဉ်းစားနေမိတယ်...။ နေပါဦး...ငါရော ဘယ်လိုအစားလဲလို့လေ.....း))
ဖတ်ရတာ ကျေးဇူးဗျ.....။
ခင်မင်တဲ့
ဏီလင်းညို