၉၉နှစ်ပြည့် ဖွားဖွား

4 ယောက်ဆွေးနွေးချက်
cake

Happy Birthday Phwar Phwar !!!!!!!

ဒီနေ့ဟာ ဖွားဖွားရဲ့ (၉၉ နှစ်) ပြည့်တဲ့မွေးနေ့ ပါ။
ဖွားဖွားရဲ့ မွေးနေ့ ကို အဝေးရောက်နေတဲ့ သားသမီး၊ မြေး၊ မြစ်တွေ အားလုံးလည်း အမှတ်တရရှိနေလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

ဘာလို့လဲ ဆိုတော့ ဖွားဖွားဟာ သူ့ ရဲ့ သားသမီး၊ မြေး၊ မြစ်တွေ အားလုံးအပေါ်မှာ တာဝန်ကျေခဲ့တဲ့ သူတစ်ယောက် ဖြစ်ခဲ့လို့ပါပဲ။

ဖွားဖွားရဲ့ ကျေးဇူးတွေဟာ ကျွန်မတို့အဖို့ ပြောမကုန်၊ ဆပ်မကုန်နိုင်လောက်အောင် ကြီးမားလှပါတယ်။ ဒါကြောင့်လည်း ကျွန်မအနေနဲ့ ကျေးဇူးရှင်ဖွားဖွားရဲ့ ၉၉ နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဒီပို့စ်လေးကို တင်လိုက်ရတာလည်း ဖြစ်ပါတယ်။

ဖွားဖွားမှာ သားသမီး၎ယောက်၊ မြေး၁၄ယောက်နဲ့ မြစ်၁၁ယောက်ရရှိနေပြီ ဖြစ်ပါတယ်။

တောင်းဆိုလိုက်တယ်...

1 ယောက်ဆွေးနွေးချက်



အမှောင်ဆန်တဲ့ညနက်မှာ အတွေးတံခါးဖွင့်ချလိုက်တယ်

ဘာမှရှိမနေပါဖူး သူ့ အကြောင်းတွေကလွဲလို့ ပေါ့

နာရီစက်သံနဲ့ အတူ စိတ်ကူးတွေလဲစီးချက်လိုက်လို့ 

အချစ်ထောင်ချိုးနှစ်ခု ထပ်တူညီဖို့ ဘာတွေလိုလဲ

ဒါကအခုမှတွေးမိတဲ့ အကြောင်းတော့မဟုတ်တော့ဖူး.....


မင်းသာမဟုတ်ခဲ့ရင် အချစ်စစ်ရဲ့ အဓိပ္ပါယ်

ငါသိသွားမှာမဟုတ်ဖူး.......

ငါအတွေးတွေမှာမင်းဟာ ပန်းဖက်လေးပေါ်ကမိုးရေစက်ပဲ

သိပ်ကိုလုလွန်းတယ်.......

ဘာအကူညီမှယူမထားတဲ့ မင်းမျက်နှာပေါ်မှာတင်

ငါသေလို့ ရပါပြီ.......


ငါမင်းကိုကြည့်နေတဲ့အခါမှာ ငါ့အချစ်တွေ

သိပ်ကိုလှနေတယ်......

ငါဆိုတာမင်းဆီမှာ ကျရှုံးခဲ့သူပေါ့

ငါ့ကိုနာကျင်စေဖို့  မင်းမှာအစွမ်းတွေရှိတယ်

ငါ့ကိုပျော်ရွှင်စေဖို့ လဲ မင်းမှာအချစ်တွေရှိတယ်

မင်းနဲ့ သာယှဉ်လာရင် အရာရာနံပါတ်နှစ်ပါ


ငါ့အချစ်ကCDပြားတချပ်လို အရောင်တွေစုံနေမှာမဟုတ်ဖူး

မင်းအပေါ်ဂရုစိုက်တဲ့လူမျိုး ကိုမင်းလိုအပ်နေမယ်ဆိုရင်

အချစ်စစ်က ဘာလုပ်နိုင်လဲဆိုတာငါပြမယ်...........


မင်းဟာငါပျံသန်းဖို့  အတောင်ပံတွေဖန်ဆင်းသူ

အနားမှာရှိချိန်အပြုံးတွေ စွန့် ကျဲနေသူ

ဒါကြောင့်...မင်းနဲ့ အတူရှိမနေတဲ့ အချိန်တွေကို

ငါ့သိပ်ကိုနှမြောမိတယ်

အခု...မင်းရဲ့ အသံကိုနားစွင့်ကြည့်မယ်


မင်းရဲ့ လူချမ်းသာအကြောင်းတွေ ငါဂရုမစိုက်ဖူး

မင်းရဲ့ အသဲပိုအကြောင်းတွေ ငါမသိချင်ဖူး

မင်းဆီကအချစ်ကိုလဲ အတင်းမညုစ်ထုပ်ဖူး

မင်းဆီမှာပေးဆပ်နေရတာကိုက ဘ၀တခုပဲ.......


မင်းဆီမှာငါ့မျှော်လင့်ချက်တွေ

သိပ်ရှိမနေဖူး တခုကလွဲလို့


ဒါကိုလဲမင်းမကြားနိုင်တဲ့ တိတ်ဆိတ်ခြင်းနဲ့ 

ငါအမြဲတောင်းဆိုနေပါတယ်

အခုလဲ ဒါကိုငါထပ်ပြောလိုက်မယ်

"ငါ့လက်ကို ဆုပ်ကိုင်ထားပေးပါ..ကောင်မလေး" ....။


ငယ်လေး (မောင်ငယ်လေးတစ်ယောက်စပ်ဆိုထားတာပါ)

အမအတွက်မွေးနေ့ ဆုတောင်း

2 ယောက်ဆွေးနွေးချက်


Happy Birthday ama (ki)

မွေးနေ့မှာ ပျော်ရွှင်ပါစေ။ နောင်နှစ်ပေါင်းများစွာအထိပေါ့။
အချိန်မရလို့ အမ အတွက် ဒီPresent ပဲ ယူတော့နော်း))
နောက်နှစ်ကို ကောင်းကောင်းပေးမယ်။ :P


ငါ မုန်းတဲ့ ငါ

7 ယောက်ဆွေးနွေးချက်











မင်းရဲ့ ချစ်တဲ့
စကားကြားသံတွေ
ကြားရလို့ …
ငါ ရင်ခုန်ခဲ့ဖူးတာကို
ပြန်သတိရမိရင် ..
ငါ့ကိုယ် ငါမုန်းမိတယ်။

မင်းရဲ့ ဝန်တိုတဲ့
စကားသံတွေ
ကြားရလို့ …
ငါ သဘောကျခဲ့ဖူးတာကို
ပြန်သတိရမိရင် ..
ငါ့ကိုယ် ငါမုန်းမိတယ်။

မင်းရဲ့ ပျော်ရွှင်တဲ့
စကားသံတွေ
ကြားရလို့ …
ငါလည်း ပျော်ရွှင်ခဲ့ဖူးတာကို
ပြန်သတိရမိရင်..
ငါ့ကိုယ် ငါမုန်းမိတယ်။

မင်းရဲ့ ဝမ်းနည်းတဲ့
စကားသံတွေ
ကြားရလို့ …
ငါလည်း ၀မ်းနည်းခဲ့ဖူးတာကို
ပြန်သတိရမိရင်..
ငါ့ကိုယ် ငါမုန်းမိတယ်။

ခုတော့… မင်းရဲ့ စကားသံတွေ
ပျောက်ဆုံးသွာခဲ့တာလည်း..
ငါ့ဘ၀မှာ ကြာခဲ့ပြီလေ။

အနမ်း




စူးစမ်းခြင်းနဲ့ စပ်စုခြင်း

2 ယောက်ဆွေးနွေးချက်
စူးစမ်းတာက ကောင်း မကောင်း၊ မှန် မမှန်
သိအောင်ကြည့်တာ၊
စပ်စုတာက နေရာတကာ ၀င်ရှုပ်တာ။
ဓမ္မဒူတအရှင်ဆေကိန္ဒ

အဲဒီဆုံးမစာတမ်းလေးကို ကျွန်မရဲ့ စာကြည့်စားပွဲဘေးက နံရံမှာကပ်ထားပါတယ်။
အကြောင်းကတော့၊ ကျွန်မလည်းလူတွေရဲ့ စပ်စုတတ်တဲ့အကျင့်တွေကိုမကြိုက်လို့ လည်းဖြစ်ပါတယ်။
တော်ရုံမေးမြန်းတာလောက်ကိုတော့ ကျွန်မဘာမှမပြောလိုပေမယ့်၊ လူတစ်ယောက် ရဲ့အတွင်းကျကျ ကိစ္စရပ်မျိုးတွေကိုမေးမြန်းလာတဲ့အခါ ကျွန်မတော်တော်ကို စိတ်ပျက် မိပါတယ်။ လူတိုင်းမှာပြောလိုတဲ့အကြောင်းအရာတွေရှိသလို၊ မပြောချင်ကြတဲ့အကြောင်း
တွေလည်း ရှိကြပါလိမ့်မယ်။ ဒါကြောင့်သူတို့ ပြောလိုတာကိုသာနားထောင်သင့်တယ်၊ မပြောချင် တာမျိုးကိုတော့၊ အတင်းအကြပ်မမေးသင့်ဘူးလို့ ကျွန်မကတော့ ဆိုချင်တယ်။ ကျွန်မကိုယ်တိုင် လည်း မပြောချင်တဲ့အကြောင်းဆိုတာတွေရှိတယ်လေ။

နောက်ပြီးနေရာတကာဝင်ပါတယ်ဆိုတာမျိုး၊ ဒါမျိုးကလည်းမဖြစ်သင့်ဘူး။ ကိုယ်က သူများကိစ္စတွေမှာနေရာတကာဝင်ပါလို့ မရဘူးဆိုတာနားလည်ရမယ်။ ကိုယ်နဲ့ သူနဲ့ ဘ၀ချင်းပေါင်းစပ်ပါပြီဆိုတာမျိုးတောင်မှ သူ့ ကိစ္စအချို့ ကို ကိုယ်ဝင်ပါလို့ မရတာတွေ ရှိနေသေးတာပဲမဟုတ်လား။ မိန်းခလေးချင်းပြောရမယ့်ကိစ္စရှိသလို၊ ယောကျာင်္းလေး ချင်းပြောရမယ့် ကိစ္စတွေလည်းရှိတယ်လေ။ ဒါတွေကိုအကြောင်းပြုပြီး နေရာတကာ ၀င်ရှုပ်တာမျိုးမလုပ်သင့်ဘူး။

စပ်စုခြင်းဟာ နေရာတကာဝင်ရှုပ်တာပါပဲတဲ့။ ဟုတ်ပါတယ် ၊သူများအကြောင်းတွေကို မလိုအပ်ပဲမေးမြန်းတာမျိုးဟာ စပ်စုတယ်လို့ ပဲခေါ်ရမှာပေါ့။ စပ်စုတယ်ဆိုတဲ့သဘော တရားဟာ စူးစမ်းတယ် ဆိုတဲ့သဘောတရားနဲ့ အဓိပ္ပါယ်ကွဲလွဲသွားပြီလေ။ စူးစမ်းတာဟာ ပညာရဖို့ လေ့လာသုံးသပ်တာလို့ ပြောနိုင်ပါတယ်။ အလကားအရေမရ အဖတ်မရတဲ့ကိစ္စ မျိုးမဟုတ်တော့ဘူး။ စပ်စုတာကြတော့ သူများကိစ္စကိုဝင်စွက်ဖက်တာလို့ လည်းပြောလို့ ရတယ်။ သူတစ်ပါးကိစ္စကို မေးမြန်းပြီးတဲ့အခါ အခြားတစ်ယောက်ကို ပြန်ပြောခြင်းဖြင့် လည်းအတင်းပြောတယ်လို့ သတ်မှတ်ကြပါသေးတယ်။ အရေမရအဖတ်မရဆိုတဲ့
ကိစ္စမျိုးတွေပဲပေါ့။

စူးစမ်းခြင်းနဲ့ စပ်စုခြင်းကို ကွဲပြားစွာနားလည်ဖို့ လို ပါတယ်။ စူးစမ်းခြင်းဆိုတာက ပညာရပ် တစ်ခုကိုလေ့လာသုံးသပ်ခြင်းမျိုးပါ။ စူးစမ်းခြင်းကြောင့်လည်း လူတွေရဲ့ တီထွင်ကြံဆနိုင်ခြင်း ကနေ အသုံးအဆောင်ပစ္စည်းများ၊ စက်ကိရိယာများ၊ ယဉ်များ တစ်မျိုးပြီးတစ်မျိုး ထုတ်လုပ် နိုင်ခဲ့ခြင်းပါပဲ။ ကျွန်ုပ်တို့ ကမ္ဘာကြီးမှာရုပ်ဝတ္ထုပစ္စည်းများလည်း ခေတ်နဲ့ အပြိုင်တိုးတက် ထွန်း ကားပေါ်ထွက်နေခြင်းဟာလည်း ဒီစူးစမ်းမှုတွေပြုလုပ်ခြင်းကြောင့်ပါပဲ။

အဲလက်ဇန္ဒားဖလီမင်း (Alexander Fleming)ဆိုသူက သူ၏စူးစမ်းမှုကြောင့် မှိုမှတဆင့် ပန်နစလင် penicllin ဆိုတဲ့ ပဋိဇီဝဆေးတစ်မျိုးကိုဖော်ထုတ်လာနိုင်ခဲ့ပါတယ်။ သူ၏ စူးစမ်းမှု ကြောင့်လည်း သူဟာ 1945 ခုနှစ်မှာ ရူပဗေဒနဲ့ ဆေးဝါးဆိုင်ရာပညာရှင် နိုဘယ်ဆုကို ရရှိလာ ခဲ့တာပါပဲ။

အဲလက်ဇန္ဒား ဂရေဟမ်ဘဲလ် (Alexander Granham Bell ) ကလည်း ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်ဖြစ်ပြီး၊ သူ၏ စူးစမ်းခြင်း၊ ဆန်းသစ်တီထွင်ခြင်းတို့ ကြောင့် တယ်လီဖုန်းဆိုတဲ့ ဆက်သွယ်နိုင်မှု စက်ပစ္စည်းတစ်မျိုးကိုဖန်တီးလာ နိုင်ခဲ့ပါတယ်။ သူလည်း 1888 ခုနှစ် National Geographic Society ရဲ့ ပထမဆုံးအဖွဲ့ ဝင်ဖြစ်လာခဲ့ပါတယ်။

အဲဒါကြောင့် စူးစမ်းခြင်းဆိုတာ ကောင်း မကောင်း၊ မှန် မမှန်ကြည့်တာဆိုတာကို လက်ခံနိုင် ပါမယ်။ ကောင်းမကောင်း ၊ မှန် မမှန်သိမှသာ ဆန်းသစ်တီထွင်မှုတွေ၊ ဖန်တီးမှုတွေကို ပြုလုပ်လာနိုင်မှာပါ။ လူတွေရဲ့ စူးစမ်းလေ့လာမှု ကသာလျှင် တိုးတက်ထွန်းကားတဲ့ခေတ်တွေ ကို ပြောင်းလဲလာစေခဲ့တာပဲလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့်၊ စပ်စုခြင်း ဆိုတဲ့ နာမည်ကောင်းမရနိုင်တဲ့ နေရာတကာဝင်ရှုပ်တဲ့ ကိစ္စတွေကို မလုပ်မိကြစေဖို့ တားမြစ်ကာ၊ ကိုယ့်အတွက်သာမက အများအတွက်ပါ တိုးတက်စေမယ့် နည်းလမ်းကောင်းဖြစ်တဲ့ စူးစမ်းခြင်းမျိုးနဲ့ သာကိုယ့်ဘ၀ ကိုတိုးတက်အောင် ကြံဆောင်
ကြပါစို့ လား။

အနမ်း( သုခုမ )

အတွဲ(၉) ၊ အမှတ်စဉ်(၄၃၀)
အတွေးသစ်ဂျာနယ်မှဖော်ပြခြင်းခံရသည်ကိုပြန်လည်တင်ပြခြင်းပါ။

တရားတော်ကိုကြည်ညိုရင်..

2 ယောက်ဆွေးနွေးချက်

ဘုရားဟောထက် ဗေဒင်ကို ယုံကြည်သူတွေ၊ နမန္တာကျမ်းကို ယုံသူတွေက များပါတယ်။

တစ်နှစ် တစ်ခါ ထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ

တစ်ယောက်လက် တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား။


မတ်စွာဘုရားက နတ်၊ ဗြဟ္မာတို့၏ ခန္ဓာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ် ပျောက်ကွယ်တတ်တာလို့ ဟောတယ်။

ဗေဒင်က ယခုထိခေါင်းပြတ်ကြီး မပုတ်သေးဘူး၊ မြန်မာပြည်က ယုံကြည်လက်ခံသမျှပုတ်မှာ မဟုတ်ဖူး၊ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို မဓာနထားသကွဲ့ ၊ မြတ်စွာဘုရားက ကုသိုလ်နဲ့  အကုသိုလ်ကို ပဓာနထားသကွယ့်၊ ဗေဒင်က မဟာဘုတ်ကို မဓာနထား၍ထူသကွဲ့ ၊ မြတ်စွာ ဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။

ကဲ မဆန့်ကျင်ပါလား။ မြတ်စွာဘုရားနဲ့ ဆန့်ကျင်တာကို ယုံလျှင် ဘုရား၊ တရားကို မယုံရာ ကျမှာပေါ့။ မြတ်စွာဘုရား ဟောတာ " သဗ္ဗေ ကမ္မဿကာသတ္တာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဖတိ"တဲ့။
ကဲ ဘယ်မှာလဲကွဲ့ နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လည်းမပါ။ မသာကို စုန်ချရင် တစ် လောင်းနဲ့ မပြီးတတ်ဖူးလို့ လည်းမပါ။

အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မင်္ဂလာဆောင်တာ ရက်မရွေး ရလို့ ပျက်စီး တတ်တယ်လို့လည်း မပါ။ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာကျလို့ ပျက်စီးတာလည်းမပါ။ သားဦးစနေ မီးလိုမွှေဆိုတာလည်း မပါ။ တနင်္ဂနွေ၊ တနလာင်္၊ အင်္ဂါ ဆိုတာတွေဟာ ပညတ် သင်္ကေတတွေပဲ၊ လူကို ကောင်းအောင် ဆိုးအောင်မလုပ်နိုင်ပါဘူး။ ကုသိုလ်ကံသာလျှင် ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံ သာ မကောင်းအောင် လုပ်နိုင်တယ်။ ဒါကြောင့် အကုသိုလ်ဆိုရင် မြွေဆိုး၊ ကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး၊ ကုသိုလ်ကံကို ကုစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံ သရဏံ ဂစ္ဆာမိ ဖြစ်မှာ မဟုတ် လား။

ကချင်ပြည်နယ်၊ နမ္မားမြို့ ၊ မင်္ဂလာရာမေကျောင်း ဆရာတော်ဦးညာဏ၏ တရားစစ်တမ်း ဆွေနွေးခန်းမှ စာကို မေတ္တာရှင်ဆရာတော်က ပြန်လည်ပို့ ချထားခြင်းဖြစ်ပါတယ်။

အချိန်မရွေး၊ နေရာမရွေးတဲ့ကုသိုလ်

2 ယောက်ဆွေးနွေးချက်
"အချိန်မရွေး၊ နေရာမရွေးတဲ့ ကုသိုလ်"
ကောင်းတဲ့အလုပ် ကုသိုလ်ဆိုတာ နေရာတိုင်းအချိန်တိုင်းမှာ ရှိနေပါတယ်။ ရအောင်ယူလိုက်ပါ။
ဓမ္မဒူတ အရှင်ဆေကိန္ဒ


ကောင်းတဲ့အလုပ်တိုင်းဟာကုသိုလ်အလုပ်မဟုတ်ပေမယ့်၊ ကုသိုလ်အလုပ်တိုင်းကတော့
ကောင်းတဲ့အလုပ်ပဲဖြစ်ပါတယ်။ ထို ကြောင့် ကုသိုလ်အလုပ်တိုင်း ကိုလုပ်ဖြစ်ကြဖို့ လိုပါတယ်။ ကုသိုလ် အလုပ်ဆိုလို့ ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး။ ကိုယ်လုပ်တတ်ရင် အလုပ်တိုင်းမှာ ကုသိုလ်ဖြစ်ဖို့ ရှိတာချည်းပါပဲ။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကုသိုလ်ရဖို့ အလုပ်က နေ့ စဉ်တိုင်းပြုလုပ်နေကြဖြစ်တဲ့ မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူခြင်းများပါဝင် ပါတယ်။


ကျွန်မအမေဟာ သူ့ ရဲ့ မွေးနေ့ ရက်ရောက်တိုင်း သက်သတ်လွတ်စားလေ့ရှိပါတယ်။ သက်သတ်လွတ်စားခြင်းက ဘုရားဟောမဟုတ်ဖူးဆိုပေမယ့် သတ္တ၀ါတွေ ကိုမေတ္တာပို့ ကာ၊ စားခြင်းမို့ ကုသိုလ်တော့ဖြစ်တာပါပဲ။ မကြာခင် ကာလက ကျွန်မအစ်ကို နဲ့ ညီမ လုပ်ငန်း အဆင်ပြေဖို့ ဆိုပြီး သူတို့ နှစ်ယောက် ရဲ့ မွေးနေ့ ရက်တွေကိုပါ သက်သတ် လွတ်စားရင်း ဆုတောင်းပေးပါတယ်။ အဲဒီအခါမှာ ကျွန်မက သူတို့ ကို နင်တို့ ကြောင့်အမေ့မှာသက်သတ် လွတ်ကြီးပဲစားနေရတယ်လို့ ပြောလိုက်မိပါတယ်။ ကျွန်မရဲ့ စကားကိုကြားတော့ အစ်ကိုက အဲဒါ အမေကပို ကုသိုလ်ရတာပေါ့လို့ ပြန်ပြောပါတယ်။ သူတို့ က အမေ့ကို ကုသိုလ်ရအောင် လုပ်ပေးတယ်လို့ တောင်ပြောလို့ ရပါတယ်တဲ့လေ။ ကျွန်မလည်း အစ်ကို့ ကိုဘာပြန်ပြောရမှန်း တောင်မသိတော့ပါဘူး။ သူပြောတာလည်းဟုတ်နေတာပဲလို့ ။


ကုသိုလ်ဆိုတာနေရာတိုင်း၊ အချိန်တိုင်းမှာရှိနေပါတယ်ဆိုတာကိုပြောချင်လို့ ပါ။ အလှူကြီး အတန်းကြီးပေးမှ ကုသိုလ်ဖြစ်တယ်လို့ အချို့ ကသတ်မှတ်ပြီး၊ ၀ါကြွားကြတာတွေရှိကြပါတယ်။ ငွေအမြောက်အများကုန်ကျပြီးမှ ကုသိုလ်ရတာမဟုတ်ပါဘူး။ တစ်ပဲလှူလည်း အလှူကုသိုလ် ပါပဲ။ အလှူမှာ စေတနာသာအဓိကပါ။ စေတနာစစ်မှန်ရင် ကုသိုလ်လည်းစစ်မှန်ပါတယ်။ မရှိ လို့ မလှူမလှူလို့ မရှိ ဆိုတဲ့စကားဟာ အပြည့်အ၀တော့မမှန်ကန်ပါဘူး။ ငွေကြေးမရှိတိုင်း မလှူနိုင်တာမဟုတ်ပါဘူး။ ကျွန်မစောစောကပြောသလို မြတ်စွာဘုရား ကိုသောက်တော် ရေချမ်းဆက်ကပ်တာဟာလည်း၊ မြတ်စွာဘုရားကိုရေလှူတာပါပဲ။ အလှူတိုင်းဟာကုသိုလ် ဖြစ်စေဖို့ စေတနာသဒ္ဓါတရားကိန်းအောင်းထားရပါမယ်။



ဆရာတော်ဟောကြားတဲ့တရားထဲမှာပါတဲ့ ဆ၇ာတော်ရဲ့ ညီမဖြစ်သူဟာ မြတ်စွာဘုရား ရှင်ကိုပန်းကောင်းကောင်းဝယ်ကပ်ချင်ပေမယ့် မ၀ယ်ကပ်နိုင်လို့ ပုဏ္ဍားရိပ်ပန်းကပ်လှူကာ ဘုရားရှင်အားခွင့်လွှတ်ဖို့ ပြောကြားနေတာကြောင့် မြတ်စွာဘုရားကိုသက်ရှိထင်ရှားကဲ့သို့ ကိုးကွယ်ကြောင်းချီးကျူးထားပါတယ်။ ဒါ့အပြင်သူဟာ ဘာပန်းကပ်ကပ် ကုသိုလ်တော့ရမှာ အသေအချာပါပဲ။ ဘာလို့ လဲဆိုတော့ စေတနာအပြည့်ထားခြင်းထင်ရှားလို့ ပါပဲ။ စေတနာ ဟာအလှူအတွက်အဓိကအရေးကြီးသလို၊ အလှူဟာလည်း ကုသိုလ်ဖြစ်ဖို့ အကြောင်းတရား ပါပဲ။

ကျွန်မအဖွားနဲ့ ကျွန်မအမေတို့ ဟာ ဘယ်အလှူအတန်းလုပ်လုပ် ကျွန်မတို့ မောင်နှမတစ်တွေ ကိုအလှူထဲပါဝင်အောင်ပြုလေ့ရှိပါတယ်။ သံဃာတော် တွေကိုဆွမ်းကပ်ပြီဆိုရင်လည်း သံဃာ တွေအတွက် အချိုပွဲတစ်ပွဲ ထည့်စေတာမျိုး၊ တတ်နိုင်တဲ့သူကိုလည်းဝတ္တုပစ္စည်းဆက်ကပ် စေတာမျိုး ပြုစေပါတယ်။ ကျွန်မတို့ မောင်နှမတစ်တွေကလည်း ကိုယ်တတ်နိုင်သလောက် အမြဲဝင်လှူလေ့ရှိတာပါပဲ။ ဒီထဲမှာ ကျွန်မကတော့ အနည်းဆုံးပါဝင်နိုင်သူပေါ့။ ကျွန်မလုပ်ခက ဘာမှမရှိတာကိုး။ တစ်ခါတစ်ရံငွေကြေးအနေနဲ့ တောင်မထည့်နိုင်ခဲ့တာမျိုးရှိပါသေးတယ်။

အဖွားရဲ့ ကထိန်သင်္ကန်းကပ်လှူမယ့် အလှူမှာလည်း အဖွားကတစ်ဦးတည်းပဲလှူတယ် ဆိုပေမယ့် ကျွန်မညီမက အဖွားကိုဘုန်ကြီးကျောင်းသို့ ပို့ ဆောင်ပေးခြဲ့ပီး၊ ကျွန်မကတော့ ဆရာတော်တွေအတွက်သင်္ကန်းအလှူအတွက် စာရေးပေးခဲ့ရတာကြောင့် `အဖွားကနင်တို့ ကိုပါကုသိုလ်ပါအောင်လုပ်တာ`လို့ အမေကပြောပါတယ်။

အရှင်ဆန္ဒာဓိကတရားတစ်ပုဒ်ထဲမှာလည်း အမေကို ဘုရားကျောင်းကန်လိုက်ပို့ ပေးခြင်း၊ သွားရောက်ဖို့ တိုက်တွန်းနိုးဆော်ခြင်းတွေကလည်း မိဘကို ကျေးဇူးဆပ်ခြင်း ကုသိုလ်တစ်မျိုး လို့ ဆိုထားပါတယ်။ လုပ်အားနဲ့ ကုသိုလ်လုပ်တယ်ဆိုတာလည်း ငွေကြေးမလိုပဲလုပ်နိုင်တာ ပဲမဟုတ်လား။ ကုသိုလ်ပြုလုပ်တာ ကာယစွမ်းအားနဲ့ လည်းလုပ်နိုင်တာမျိုးပါ။ ဘုန်းကြီး ကျောင်းတွေမှာဝေယျာဝစ္စလုပ်တယ် ဆိုတာလည်း ကုသိုလ်လုပ်တာပါပဲ။ ပိုက်ဆံရှိမှ အလှူကြီးလုပ်မှကုသိုလ်လုပ်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့်မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့စကားကြောင့် စိတ်ဓါတ်ကျမနေကြပဲ၊ ကာယစွမ်းအားဖြစ်တဲ့ လုပ်အားနဲ့ လည်း လှူနိုင် ကြောင်းကို သိရှိရမှာဖြစ်ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက ကတော့ ပရဟိတလုပ်နေတာဟာ ကုသိုလ်ပြုနေတာပါ။ ပါရမီ ဖြည့်နေတာပါ။ ပရဟိတ၊ ကုသိုလ် နဲ့ ပါရမီဆိုတာ စကားလုံးကွဲပြားပေမယ့်အနှစ်သာရ ကတော့အတူတူပါပဲ၊ လို့ ဆို ထားပါတယ်။ ဒါကြောင့် ပရဟိတလုပ်ငန်းလုပ်တာလည်း ကုသိုလ်အလုပ်ပါပဲ။ ငွေကြေးမရှိပဲ ကုသိုလ်ဖြစ်နိုင်တာတွေ အများကြီးရှိတယ်လို့ ပြောချင် ပါတယ်။

ကုသိုလ်အလုပ်ဟာ ဘယ်လိုလုပ်ရမလဲလို့ မေးစရာ လိုက်ရှာနေစရာမလိုတဲ့ အလုပ်ဆိုတာ ထင်ရှားနေပါပြီ။ ဒါကြောင့်လည်း ဆရာတော်က ကုသိုလ်အလုပ်ကို နေရာတိုင်း အချိန်တိုင်းမှာ ရှိတယ်လို့ ဆိုခြင်းပါပဲ။ ရှိပေမယ့်လည်းရယူနိုင်ဖို့ ကတော့ ကိုယ့်တာဝန်သာဖြစ်ပါတော့တယ်။ သို့ အတွက်ကြောင့် ကောင်းတဲ့ ကုသိုလ်အလုပ်ကိုလုပ်ကြဖို့ အချိန်ကိုစောင့်မနေပဲ နေရာတိုင်း ကရယူနိုင်အောင်ကြိုးစားကြည့်ကြပါလားလို့ တိုက်တွန်းလိုက်ရပါတယ်။
မအနမ်း