မင်းရဲ့ ချစ်တဲ့
စကားကြားသံတွေ
ကြားရလို့ …
ငါ ရင်ခုန်ခဲ့ဖူးတာကို
ပြန်သတိရမိရင် ..
ငါ့ကိုယ် ငါမုန်းမိတယ်။
မင်းရဲ့ ဝန်တိုတဲ့
စကားသံတွေ
ကြားရလို့ …
ငါ သဘောကျခဲ့ဖူးတာကို
ပြန်သတိရမိရင် ..
ငါ့ကိုယ် ငါမုန်းမိတယ်။
မင်းရဲ့ ပျော်ရွှင်တဲ့
စကားသံတွေ
ကြားရလို့ …
ငါလည်း ပျော်ရွှင်ခဲ့ဖူးတာကို
ပြန်သတိရမိရင်..
ငါ့ကိုယ် ငါမုန်းမိတယ်။
မင်းရဲ့ ဝမ်းနည်းတဲ့
စကားသံတွေ
ကြားရလို့ …
ငါလည်း ၀မ်းနည်းခဲ့ဖူးတာကို
ပြန်သတိရမိရင်..
ငါ့ကိုယ် ငါမုန်းမိတယ်။
ခုတော့… မင်းရဲ့ စကားသံတွေ
ပျောက်ဆုံးသွာခဲ့တာလည်း..
ငါ့ဘ၀မှာ ကြာခဲ့ပြီလေ။
အနမ်း
7 ယောက်ဆွေးနွေးချက်:
သဘောက ကိုယ့်ကိုယ်ကို မမုန်းတော့ဘူးပေါ့
မင်းကြောင့် ဒီကဗျာတွေရေးနေရတာလည်း ငါ့ကိုယ်ငါ့
မုန်းမိတယ်...မင်းကြောင့် အလွမ်းတွေနဲ့ နပန်းလုံးနေရတာလည်း ငါ့ကိုယ်ငါ မုန်းမိတယ်..:P
ဆက်ရေးကြည့်လိုက်တာ နော် တီချယ်...
ကဗျာလေးက အဓိပ္ပါယ်ရှိတယ် အမ ဖတ်လို့ကောင်းတယ်...
ခုထိ မုန်းနေတုန်း လား ကိုယ့်ကိုယ်ကို..
သူမရှိတော့ဘူးဆိုတော့ ခုကိုယ့်ကိုကိုယ်ချစ်သွားပြီပေါ့ .. ဟုတ်လားဟင် ....
ကြယ်ပြာ
ကောင်းတယ်..........အဟီး
ဖတ်လို့ကောင်းတယ်ပြောတာနော်...
မမဘယ်ပျောက်နေတာလဲ.......
post နောက်ကျသွားတယ် ခွင့်လွှတ်ပါနော်:)
မှောင်နေတဲ့ ကြားက ...
မရရအောင် ဖတ်ပြီး ...
ချာတူးလန်နေတဲ့ Connection အောက်မှာ ...
မရရအောင် Ment သွားပါတယ် ။ ။
အတိတ်ဆီက အရိပ် လို ထွက်ပြေးဖို့
ကြိုးစားတာက အောင်မြင်ဖို့ ဘာလို့
ခက်ခက်နေသလဲ ဗျာ ... :)
Post a Comment