မကြားလိုပါ








ငါ့အတွက်
မင်းစကားသံတွေဟာ
နာကျင်စေဖို့ ..
ငိုကြွေးစေဖို့ ..
မုန်းတီးစေဖို့ ..
ခံပြင်းစေဖို့ ဆိုရင်..
မင်းဘာပြောပြော ငါမကြားစေဖို့ ကိုဆုတောင်းမယ်။

11 ယောက်ဆွေးနွေးချက်:

kiki said...

ဪ .. ခက်တော့တာပါပဲ ..
မတောင်းကောင်း တောင်းကောင်းတွေ ..
မကြားချင်တဲ့ အခါမှာ နားကို ဂွမ်းဆို့ထားလိုက်ရင် ပြီးနေတဲ့ ကိစ္စ ။
ဆုတောင်းတာတွေ ပြည့်သွားပြီး ပြန်ကြားချင်ပါတယ် ဆိုတဲ့  အခါကျမှ နောက်တခါထပ်တောင်းလို့ မရတော့ဘူးဆိုရင် ဒုက္ခပါပဲ ...

( ဘာတွေ ဖြစ်ရ ပြန်တာတုံး.... စိတ်လျှော့ စိတ်လျှော့ ငါ့ညီမ ) ..

ထိုက်ဦး said...

ကဗျာထက်kikiရဲစကားလံုးတွေကပိုမိုက်တယ်ဗျာ ဟီး ဟီး...

Lucifer said...

မကြားချင်ရင် မကြားချင်ယောင်ဆောင်ပြီး
မသိသလိုနေလိုက်ပါ...
ဆုမတောင်းနဲ့

ဆောင်းနှင်းဝေ said...

အမရေဘာတွေဆုတောင်းပြီးဘာတွေဖြစ်နေ၏...လည်
လည်တစ်ခေါက်လာရောက်ပါတယ်....
ဆောင်းနှင်း

ကိုရေတမာ said...

သုံးခေါက်လောက်ဖတ်မှ နားလည်တော့တယ်။ အင်း ဘယ်လိုပြောရမလဲ အဲ ဟိုလေ

မောင်ကောင်း said...

ငါ့အစ်မ ဘယ်လိုဖြစ်တာလဲ..း)
ကြုံမှပဲမေးကြည့်တော့မယ်..
အဆင်ပြေပျော်ရွှင်ပါစေ..အစ်မ..။

သူကြီးမင်း (တုံးဖလား) said...

အမ
ဘာတွေ မကြားလိုတာပါလိမ့်။
ခံစားချက်တွေ ရှိနေပြီထင်တယ်။

ခန္တီပါရမီပေါ့ အမရာ။

ပျော်ရွှင်ပါစေ။

Welcome said...

စိတ်ဆိုးတုန်းခဏ ဖြစ်ပါစေ

mysterysnow said...

နားထောင်လိုက်
ပြီးရင် စိတ်ထဲမထားနဲ့
လေထဲက လာတဲ့စကား
လေထဲမှာပဲ လွင့်သွားမှာပေါ့...

ပျော်ပါစေနော်..

နှင်း

Unknown said...

လာဖတ်ပါတယ်
လင့်ထားပါရစေနော်

desertraindrops said...

မနမ်း ဘာတွေ မကြားချင်ဖြစ်နေသလဲလို့ ပြေးလာတာ။ ဒီဆုတောင်းတွေ ပြည့်စေ။
အဲ ဘွားကီက နောက်ထပ်တခါ မရတော့ဘူးဆိုရင် ဘယ်နှဲ့လုပ်မလဲ။
ကဗျာလေးမိုက်တယ်