ကမ္ဘာမပျက်ခင်တစ်လအလိုတဲ့ တောသားလေးတဂ်ထားတာပါ။ ကမ္ဘာမပျက်ခင်တစ်လအလိုဆိုတော့ သေဖို့  အချိန်တစ်လအလို လို့ ဆိုလိုတာကြောင့်၊ သေခြင်းအကြောင်းလေးနဲ့ ပတ်သတ်တာကို သိသလောက် ရေးသားလိုက်ပါတယ်။ ပုထုဇဉ် လူသားဖြစ်တဲ့ကျွန်မတို့ လူသားတွေအနေနဲ့ သေခြင်းကိုတော့ ကြောက်နေကြသေးတာ အမှန် ပဲလေ။ ဒါပေမယ့်လည်း တားဆီးလို့ မရနိုင်တဲ့ ဒီသေခြင်းတရားကို သတ္တ၀ါတိုင်းကြုံတွေ့ ကြ ရမှာပဲမဟုတ်လား။ ဒါကြောင့်လည်း သေခြင်းကိုရင်ဆိုင်ရဲဖို့ သံဃာတော်အရှင်သူမြတ်များက မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မတွေကိုပြန်လည်ပို့ ချပေးနေတာပဲပေါ့။ အဲဒီတော့ ကမ္ဘာပျက်ချိန် မဟုတ်ပဲ ယခုပစ္စုပ္ပန်အချိန်မှာကတည်းက သေခြင်းအတွက် လူတိုင်းလူတိုင်းပြင်ဆင်ထားသင့် တာပါ။
သတ္တ၀ါတိုင်း ကြုံတွေ့ ရမယ့်ကိစ္စကတော့ သေခြင်းတရားပါပဲ။ သေခြင်းတရားကို လူတိုင်း ရင်ဆိုင်ရမယ်ဆိုတာ အသိရှိနေကြပေမယ့်လည်း လူတွေဟာ ကိုယ့်ကိုကိုယ်မသေနိုင်သေး ပါဘူးလို့ ပဲ ထင်မြင်ယူဆနေကြပြီး သေဖို့  ကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြသေးပဲ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အချိန်တိုင်းလို ရစ်ပတ်နေကြရပါတယ်။ ဒီလိုနဲ့ ပဲ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်ပဲ သေခဲ့ရတာတွေမနည်းပါဘူး။ ရောဂါဝေဒနာဆိုးတွေကြောင့် ရုတ်တရက် သေဆုံး ခဲ့ကြရသလို၊ ဥပစ္ဆေဒကကံကြောင့် ရုတ်တရက်သေဆုံးကြရတာတွေလည်းရှိတာပါပဲ။ အဲဒီလို မမျှော်လင့်တဲ့သေခြင်းမျိုးတောင် ရုတ်တရက်သေကြရသေးတာဆိုတော့ ကမ္ဘာပျက်ဖို့ တစ်လ အလိုမှာ သေကြရမှာကို အသေအချာသိရမယ်ဆိုရင် ပိုပြီးတော့ ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်လို့ရလိမ့်မယ်ထင်ပါတယ်။
သေတဲ့အခါသာ လွတ်လပ်ဖို့ အရေးကြီးတဲ့အကြောင်းကို ဆရာတော်ဥူးဇောတိက က ဆော့ ခရေးတီးရဲ့  သေခြင်းတရားကို အတုယူဖို့ ရေးသားထားပါတယ်။ အချို့လူတွေဟာ သေမယ်ဆို တာကိုသိပြီးတော့ အေးအေး ဆေးဆေးလက်ခံပြီးတော့သေသွားတဲ့သူတွေ ရှိတယ်။ ဆော့ ခရေးတီးဆိုရင် သေဒဏ်ပေးတာကိုခံရတဲ့သူဖြစ် တယ်။ သူဟာ သေဒဏ်အပြစ်ပေးခံရတော့ ဘယ်လိုမှရှောင်လွှဲလို့ မရတော့ဘူး။ အဲဒီလို အခြေအနေမျိုးရောက်တဲ့ အခါကျတော့ သူကျေ ကျေနပ်နပ်ပဲလက်ခံလိုက်တယ်။ သေရမယ့်နေ့ မှာ သူသောက်မယ့်အဆိပ်ခွက်ကို သူ့ လက်ထဲ ထည့်ပေးတဲ့အခါ အဲဒီအဆိပ်ခွက်ကိုယူပြီး အေးအေးဆေးဆေးသောက်တယ်။ သူ့ တပည့် တွေ၊ မိတ်ဆွေတွေနဲ့ စကားတွေဆက်ပြီးပြောနေသေးတယ်။ သွန်သင်မှာကြားနေသေးတယ်။ အဆိပ်ကခန္ဓာကိုယ်ထဲပြန့် လာ တဲ့အခါ၊ အဲဒီလက္ခဏာကိုသိလာတဲ့အခါကျမှ “ ငါ အိပ်တော့ မယ်” ဆိုပြီး အိပ်ယာမှာလှဲအိပ်လိုက်တယ်။ လွှဲရှောင်လို့ မရတဲ့သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အဲလိုသေသွားတာဟာ အမှန်တော့လွတ်လပ်တဲ့စိတ်နဲ့  သေသွားတာပဲ။
ဘယ်လိုမှရှောင်လွှဲလို့ မရတော့တဲ့ သေခြင်းတရားနဲ့ တွေ့ တဲ့အချိန်မှာ အဲဒီသေခြင်းတရားကို အေးအေးဆေး ဆေးလက်ခံနိုင်တာဟာ လွတ်လပ်တာပဲလို့ ဆရာတော်ကဟောကြားထား တာကြောင့် ကမ္ဘာပျက်တဲ့အခါမှာ ဘယ်လိုလွတ်လပ်တဲ့စိတ်နဲ့ ရင်ဆိုင်နိုင်ကြမလဲဆိုတာ ကိုအချက်အလက်လေးတွေနဲ့ သုံးသပ်ကြည့်ရတာပေါ့။ ကျွန်မဆိုရင်ရော……..
၁။ ဘယ်သူတွေနဲ့ အတူရှိနေချင်လဲ..
သေခါနီးပြီဆိုတော့ ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေမယ့်အာရုံတွေက ကင်းအောင် ဘယ်သူတစ်ဦးတစ်ယောက်နဲ့ မှအတူရှိမနေချင်ပါဘူး။ ကိုယ်နဲ့ အတူရှိချင်တာကတော့ ကောင်းတဲ့အာရုံနဲ့  သတိတရားလေးပါပဲ။
၂။ ဘာတွေခံစားနေရလဲ... ဆိုတာကတော့
ကိုယ်လုပ်ခဲ့တဲ့ကုသိုလ်အလုပ်လေးက အင်မတန်နည်းပါးနေပါသေးလား၊ နောက်ထပ်များများ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေလုပ်ခွင့်ရရင် ပိုကောင်းမှာပဲလို့ တွေးမိနေမှာပါ။
၃။ ဘာတွေပြင်ဆင်ထားမလဲတဲ့…
သတ္တ၀ါတိုင်းကို ကိုယ်ချင်းစာစိတ်ထားပြီးအတတ်နိုင်ဆုံးမေတ္တာထားနေမယ်၊ ကိုယ့်စိတ်ကို ကိုယ်နားအလည် ဆုံးဖြစ်အောင်ကျင့်ကြံနေထိုင်မယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သက်ဝင်ယုံကြည်နေမယ်။ တတ်နိုင်သမျှ ၀ိပဿနာအလုပ် လေးပါတွဲပြီးလုပ်ထားမယ်။ အဲလောက်တော့ ပြင်ဆင်ထားဖြစ်မယ်။
၎။ ၀မ်းနည်းမိမှာက..
ငါလုပ်တဲ့အလုပ်တွေက ဘာမှမဟုတ်သေးပါလား၊ ငါသိတာလေးက နည်းနည်းလေးပါလား ဆိုပြီး ၀မ်းနည်း မိမယ်လေ။
၅။ ကြောက်လန့် မိတာကတော့….
အပါယ်လေးဘုံ ဆိုတဲ့နေရာတွေကိုရောက်သွားမှာကိုတော့ အကြောက်ဆုံးပဲ။
၆။ ဆောင်ထားချင်တာက...
သရဏဂုံသုံးပါး
၇။ ဘာတွေရေးမိမလဲဆိုရင်….
အခြားကိစ္စဘာကိုမှအတွေးမ၀င်ချင်တာမို့ ဘာမှလည်းရေးဖြစ်မှာမဟုတ်ပါဘူး။
၈။ တွေးမိတွေးရာ...
ကိုယ်ပြုခဲ့တဲ့ကုသိုလ်၊ လှူဒါန်းခဲ့သလောက်လေးကိုပဲတွေးနေတော့မယ်။
၉။ ဂုဏ်ယူချင်တာက..
ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်လို့ အခုလိုသေခြင်းတရားနဲ့ ကြုံတွေ့ ခိုက်၊ ကျင့်ကြံအားထုတ်နိုင် ရခြင်းကိုတော့၊ ကျေနပ်စွာဂုဏ်ယူနေမိမယ်။
၁၀။ ရှာကြံဖြေသိမ့်မိတာလေး…
သြော်.. ငါဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ငါ့ရဲ့ မိခင်ကမွေးဖွားပေးခဲ့တာမို့ ခုလိုသေခြင်း နဲ့  ရုတ်တရက်ကြုံရတဲ့အခါ ဗုဒ္ဓဟောခဲ့တဲ့တရားများကို နှလုံးသွင်းကျင့်ကြံနိုင်သေးတာပါလား လို့ ....
၁၁။ ကျူးရင့်ချင်တဲ့ဥဒါန်း...
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်တွေကိုရွတ်ဆိုပွားများအားထုတ်နေမိမလားပဲ
ကျွန်မစိတ်ကူးပေါ်သလိုရေးသားပါ။ ကမ္ဘာမပျက်ခင်တစ်လအလိုထက် မသေခင်တစ်လအလိုဆိုရင် ပိုပြီးမှန် မလားပဲ။

10 ယောက်ဆွေးနွေးချက်:
အမရေ..
ကမ္ဘာမပျက်ခင် တစ်လအလိုမှာ အမတွေးထားတာလေးတွေ ကောင်းပါတယ်။ ကုသိုလ်ကောင်းမှု များများရှိတဲ့သူဟာ သေမင်းကို စိန်ခေါ်နိုင်တာပါဘဲ။
အဆင်ပြေပါစေ အမ။
ရယ်ဒီဖြစ်နေပြီလား ။
မြန်ချက် ။။
မနက်ဖန် ဆို ၂၉ ရက်ပဲကျန်တယ် ။
ဒီနေ့အတွက် ဘာတွေလုပ်ခဲ့ ပြီးပြီလဲ ။
မနက်ဖန် ဘာလုပ်မလည်း ။
မအနမ်းရေ
တစ်လအလိုကို လာဖတ်သွားပါတယ်...
စိတ်တည်ငြိမ်မှုရှိနေရင်တော့ အကောင်းဆုံးပါပဲ...
အဲလို တည်ငြိမ်ရင့်ကျက်မှုမျိုးက ရဖို့မလွယ်ဘူးနော်...
နှင်း
လာဖတ်သွားပါတယ်ခင်ဗျာ။တွေးထားတာလေး
တွေကောင်းပါတယ်ခင်ဗျာ။ကျွန်တော်ကလည်း
2012 ကမ္ဘာပျက်မယ်ဆိုတာအယုံအကြည်မရှိ
ပါဘူး။မောင်နှမတွေကိုသိချင်လို့ တစ်ဆင့်
Tag လိုက်တာပါ။အဆင်ပြေပျော်ရွင်ပါစေခင်
ဗျာ။
အနမ်းရေ... ကိုယ်လည်းဘဲအဲဒီလိုလေးတွေ လုပ်နေမိမှာ သေချာပါတယ်။
တစ်ခါတစ်ရံကျတော့လည်း စဉ်းစားမိသား
ငါဘာအတွက် အလုပ်တွေလုပ်နေပါလိမ့်လို့...
သေမင်းကို စိန်ခေါ်နိုင်အောင် ကြိုစားနိုင်ပါစေ...။
ဘယ်အချိန်ရောက်လာမယ်ဆိုတာ မသိတော့.. ဘယ်တော့ခေါ်ခေါ်ပြင်နိုင်အောင်ပေါ့...။
ဖတ်သွားပါ ၏ ဟေ့ အဆင်သင့်ဖြစ်ပီလား ဟဲဟဲ နောက်သွားပါ ၏
"ငါလုပ်တဲ့အလုပ်တွေက ဘာမှမဟုတ်သေးပါလား၊ ငါသိတာလေးက နည်းနည်းလေးပါလား ဆိုပြီး ၀မ်းနည်း မိမယ်လေ"
ထပ်တူဝမ်းနည်းနေမှာပါ...
း(
အတွေးကလေးတွေအရမ်းတော်တာဘဲကွယ်
သာဓု---သာဓု---သာဓု
ဟား ... အားရစရာပဲ ဗျာ ...
သေသေချာချာကို ပြင်ဆင်ထားပြီးသွားပြီပဲ ...
ဒီအချိန် ကမ္ဘာပျက်ရင်တောင်
(မ) အနမ်း တို့ကတော့ အေးဆေးပဲ ... :P
Post a Comment