ဝမ်းနည်းမိပါကြောင်း

ရွှေလမ်းငွေလမ်းဦးဝင်းကြည်နဲ့ သိခဲ့တာဘာမှမကြာသေးတဲ့ ရက်များကပါ။
ဦးဝင်းကြည်ရဲ့ ဘလော့ကနေဖတ်ရတဲ့ ရွှေဥမင်ဆရာတော်ကြီး၏သြ၀ါဒများကိုလိုချင် တာကြောင့် မေးလ်ပို့ ပြီး လှမ်းတောင်းမိရာက ဦးက invite လုပ်လာပါတယ်။ (အောင်ဦးဘလော့မှာတင်ပြီးသားပေမယ့် အဲဒီတုန်းက မဖတ်လိုက်ရလို့ ပါ)

ဦးနဲ့ chatting လုပ်မိတာက ခုအကြိမ်နဲ့ မှ ၂ကြိမ်ပါ။ ပထမတစ်ကြိမ်ကလည်း ကျေးဇူးတင် စကားပြောရင်း ကျွန်မကလှမ်းနုတ်ဆက်လိုက်ပါတယ်။ အထွေအထူးတော့ ဘာကိုမှမပြော ဖြစ်ပါဘူး။ လူတစ်ယောက်ကို ချက်တင်လုပ်ရမှာ တစ်ဖက်လူမအားမှာကို အားနာတတ်တာ ကြောင့်လည်းဖြစ်ပါတယ်။ (သူတို့ ရဲ့ အကျိုးရှိတဲ့အချိန်တွေကို ကျွန်မအတွက် အကျိုးမယုတ် စေလိုတာပါ။)

ဦးဝင်းကြည်နဲ့ ပထမတစ်ကြိမ် ကျေးဇူးတင်နုတ်ဆက်ပြီး၊ ကျွန်မလည်းလိုင်းထဲမရောက် ဖြစ်ပါဘူး။ ဒီနေ့ တော့ ဦးကို နောက်တစ်ခါထပ်တွေ့ တာမို့  နုတ်ဆက်မိပါသေးတယ်။ သာကြောင်းမာကြောင်းမေးရင်း၊ ဘလော့မ၀င်ဖြစ်တဲ့ အကြောင်းလေးပါပြောရင်းပါ။
အဲဒီမှာပဲ ဦးက မနေ့ ကပဲ သူ့ ညီဆုံးသွားလို့ ပါတဲ့။ ကျွန်မလည်း ရုတ်တရက်ဘယ်လိုဖြစ်မှန်း မသိအောင် အံ့သြမိပြီး အနည်းငယ်မေးမြန်းမိပါတယ်။ စိတ်မကောင်းလည်းဖြစ်သွားရတယ်။

သိတာမကြာသေးပေမယ့်လည်း ဘလော့ဂါတွေကို ကိုယ့်မောင်နှမသားချင်းတွေလိုပဲ သဘော ထားမိတာကြောင့် လားတော့မပြောတတ်ပါဘူး။ ၀မ်းနည်းမိပါတယ်။
ကိုယ်လည်းတစ်နေ့ တော့ ဒီလမ်းသွားရမယ်ဆိုတာသိပေမယ့်လည်း.......
ဝမ်းနည်းကြောင်းလေးတော့ ဘလော့ကနေရေးချင်လာတာနဲ့ ခုလို ပိုစ့်ရေးဖြစ်သွားပါတယ်။

ဦးရေ..ဦးရဲ့ ညီလေး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

အနမ်း

6 ယောက်ဆွေးနွေးချက်:

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်

ညီလေးအတွက် ၀မ်းနည်းမှတ်တမ်းဖြင့် အသိအမှတ်ပြုပေး၍
အထူးကျေးဇူးတင်ရပါသည်။

ခင်မင်လေးစားစွာဖြင့်

Welcome said...

ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ ..

Ree Noe Mann said...

ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ် ဗျာ။

ခင်တဲ့ ရီနို

khin oo may said...

စိတ်မကောင်းဖြစ်ရပါကြောင်း

ရွှေပြည်သူ (ShwePyiThu) said...

တလေးတစား ခင်မင်ရတဲ့ ဦးရဲ့ညီလေးအကြောင်း သိထားပေမယ့် ဒီလောက်အထိ မြန်မယ် မထင်ခဲ့မိတာပါ။ မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ သတင်းကို လာပြောပြပေးသွားတဲ့ အစ်မကိုလည်း အရမ်းကျေးဇူးတင်ပါတယ်နော်...

အဖြူရောင်နတ်သမီး said...

မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်း..