အပြစ်ရှာသူများ သတိထား

မနှစ်လို အပြစ်ဆိုတာ (တစ်) ကိုယ်က မကောင်းတာ
နှစ်လိုသမျှ အကြောင်းရှာသော်
တစ်ချောင်းသာလက်ညှိုး
ရှေးတစ်စောင်း ဘေးဟောင်းပမာ
လေးချောင်းသာ ကိုယ့်ကိုယ်ကိုပြန်ထိုး
ကိုယ့်မျက်ချေး ကိုယ်မမြင်တယ်
ဆိုအစဉ်လက်ရိုး
မလိုအင်ဖျက်ချိုးတော့
ပျက်အကျိုးကိုယ်အရင်
ဖွဲပြာကိုနွှဲကာပစ်ရင်ဖြင့်
ဝဲယာအသင့် ကိုယ့်မျက်စေ့ကိုယ်ပြန်ဝင်
ဉာဏ်က၀ိအမှန်သိမြင်လျှင်
ပဏ္ဍိရှင် ပညာရှိသူတို့ 
ထင်စွာသတိထားရှိစေငှာ အများသိကြေငြာ
ရှောင်သဘောနှင့် ဗြောင်ပြောပါသည်
နောင်သောအခါ စောင့်စည်းဖို့ လေး။

(စတုတ္ထကြောင်ပန်းဆရာတော်)
မေတ္တာရှင်ဆရာတော်၏ ဘ၀နှင့်ရင်းရသောအတွေးအမြင်များစာအုပ်မှ ကူးယူရေးသားပါသည်။

10 ယောက်ဆွေးနွေးချက်:

မောင်ကောင်း said...

သူတစ်ပါးအပြစ်ရှာတတ်သူများအတွက် သတိထား မှတ်သားစရာပိုစ့်လေးပါပဲအစ်မရေ...။ အသိပညာပေးပို့ စ်အလေးအတွက် ကျေးဇူးပါပဲ။ ကျန်းမာပျော်ရွှင်ပါစေ..။

may16 said...

အကျိုးပြုပို့စ်လေး လာဖတ်ပါတယ် အမရေ

ဂျပန်ကောင်လေး said...

ကောင်းလိုက်တဲ့ စာ.. မျှဝေပေးလို့ ကျေးဇူးပဲ မအနမ်း...

kiki said...

မလိုအင်ဖျက်ချိုးတော့
ပျက်အကျိုးကိုယ်အရင်
ဖွဲပြာကိုနွှဲကာပစ်ရင်ဖြင့်
ဝဲယာအသင့် ကိုယ့်မျက်စေ့ကိုယ်ပြန်ဝင်...

မှတ်သားလောက်ပါပေတယ် ..

သတိထားနေရပေတော့မပေါ့ .. ကိုယ့်မျက်စိထဲ ပြန်ဝင်မစိုးလို့ ..

တောင်ပေါ်သား said...

အကျိုးရှိလိုက်တယ် .. သူများကို မပြောခင် ကိုယ့်ဟာကိုယ် အရင်ကြည့်သင့်တယ်း) အမရေ ကျေးဇူးပဲ ပိုစ့်လေးဖတ်ရတာ


လေးစားလျက်
တောင်ပေါ်သား

တောင်ပေါ်သား said...

အကျိုးရှိလိုက်တယ် .. သူများကို မပြောခင် ကိုယ့်ဟာကိုယ် အရင်ကြည့်သင့်တယ်း) အမရေ ကျေးဇူးပဲ ပိုစ့်လေးဖတ်ရတာ


လေးစားလျက်
တောင်ပေါ်သား

စည်သူ said...

ဩော်..

သူများကို လက်ညှိုးနဲ့ထိုးရင်
ကိုယ့်ကို လေးချောင်းပြန်ထိုးတယ်ဆိုတာ ကြားသာ ကြားဖူးတာ အခုမှပဲ ဖတ်ဖူးတော့တယ်..

မှတ်သားသွားပါတယ်
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

မိုးစက်အိမ် said...

လောကမှာ အပြစ်မမြင်နားလည်ခွင့်လွှတ်တာ ချည်းဘဲ
ရှိရင်တော့ တော်တော်လေးကောင်းမှာပါဘဲအမရေ . . .

desertraindrops said...

မ့ရေ.သိပ်ကောင်းတဲ့ ဝေမျှမှု့ပါ။ သူများကို လက်ညှိုးတချောင်းထိုးရင် ကိုယ့်ဘက် လေးချောင်းထိုးနေတာ မမြင်မိဘူးနော်။ ကျေးဇူးပါ။

~ဏီလင်းညို~ said...

ဝေမျှပေးထားတာ...ကျေးဇူးပါခင်ဗျာ...