နားလည်ပေးစေလို...

ဒီက အွန်လိုင်းအခြေအနေကို ဒီမှာရှိတဲ့သူတိုင်းသိကြမှာပါ။
ကွန်နက်ရှင်က ခုကောင်းပေမယ့် တော်ကြာမကောင်းပါဘူး။
ဒါကြောင့်ကျွန်မတို့ ဂျီတော့လိုင်းမှာ ချက်တင်လုပ်ရတာ တစ်ဖက်ကရိုက်တဲ့စာကိုကွန်နက်ရှင် ကျသွားတဲ့အခိုက် မမြင်ရတော့ပါဘူး။

ဒီလိုပါပဲ၊ ကျွန်မတို့ ရိုက်လိုက်တဲ့စာကိုလည်း ကွန်နက်ကျသွားတာနဲ့ အမျှဟိုဖက်ကလူဆီမှာ
မပေါ်လာဘူးလို့ ဆိုပါတယ်။ အမှန်တကယ် ကွန်နက်ရှင်မကောင်းတာပါ။ ဒါကို နားလည် ပေးစေချင်တယ်။

တစ်ခါတစ်လေမှာ ကျွန်မကိုခေါ်ကြတဲ့သူတွေကို (အထူးသဖြင့် ရေခြားမြေခြားတွေပေါ့ ) နားလည်ပေးပါလို့  သူတို့ အနေနဲ့ တော့ ဒီကအကြောင်းကိုသေချာမသိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မအမြဲပြောပြလေ့ရှိပါတယ်။ ဒီလိုဖြစ်တတ်တယ်ဆိုတာ၊ ဒါကြောင့်စိတ်မဆိုး ကြပါနဲ့ လို့ ပြောပါရစေ။ အဲလိုလွဲမှားမှုလေးတွေ ခဏခဏဖြစ်တတ်လို့ ဒီပိုစ့်ကိုတင်လိုက် ရတာပါ။ ဘာမှတော့မဟုတ်ပါဘူး။

ကျွန်မဘလော့ရေးတာတောင် ကွန်နက်အခြေအနေကြောင့် Notepad နဲ့ အရင်ရေးရပါတယ်။ နောက်မှ copy ကူးပြီး ဘလော့မှာတင်ရတာပါ။ အဲဒါလည်း ကျွန်မအသိတစ်ယောက်ကပြော လို့ ပါ။ မနှစ်ကသီတင်းကျွတ်တုန်းကပေါ့၊ ဘလော့မှာပိုစ့်ရေးနေရင်းနဲ့ ကွန်နက်ခဏခဏကျ သွားလို့  ကောင်းကောင်းမရေးဖြစ်ခဲ့ဘူး။ ဒါနဲ့ Notepad နဲ့ ရေးလို့ ဆိုတာနဲ့ ခုထိအဲလိုပဲရေး ပြီးပိုစ့်တင်ဖြစ်တယ်။

ဒီကနေ့ တော့ကျွန်မညီမက ကျွန်မကိုလိုင်းထဲမှာစောင့်နေပြီး၊ ကျွန်မလိုင်းထဲရောက်တာနဲ့  ခေါ်ပါတယ်။ ကျွန်မကလည်း စာပြန်ရိုက်ရော ကွန်နက်ကကျပါလေရေား) ဒါပေမယ့် ကျွန်မ အမြင်မှာတော့ ကျွန်မရိုက်တဲ့စာ တွေကပေါ်ပါတယ်။ ကျွန်မဖက်ကပေါ့ ။ ဖြစ်တတ်ပါတယ်၊ ခဏခဏပါပဲ။ ဒါကြောင့် နားလည်ပေးကြပါလို့ ....။

အနမ်း

10 ယောက်ဆွေးနွေးချက်:

မိုးစက်အိမ် said...

နားလည်ပါတယ်ဗျာ နားလည်ပေးပါတယ် :)

ကိုလူထွေး said...

ကိုးနတ်ရှင် ကျေနပ်အောင်
အုန်းသီးငှက်ပျောသီး
ဘဲဥနှစ်လုံးနဲ့
မုန့်ဆမ်းကပ်ရတယ် ဆိုလား...

းဝ)

Yu Ya said...

အော်..ဖြစ်မှ ဖြစ်ရပလေ မအနမ်းရယ်..

နားလည်ပါတယ်ဗျာ.. ဒီကွန်မကောင်းတဲ့ ဒဏ်ကို ကျွန်တော်မျိုး လွန်စွာမှ ခံစားခဲ့ရပါသဖြင့် Empathy အပြည့်နဲ့ နားလည်စာနာပေးပါတယ် ခင်ဗျာ. အဟီး။

yu ya

may16 said...

ကိုယ့်ကို နားလည်ပေးပါလား နားလည်ပါတယ် အမ ကိုယ်တိုင်လည်း ဒီလိုပါပဲ မအနမ်း :P

kiki said...

ကလူထွင်း အကြံပေးတဲ့ အတိုင်း ကိုးနတ်ရှင် ကိုတင်ပြီးတဲ့ အုန်းတီး . နကျောတီး . ဘဲဥ ဘုအဲ တွေ ပုပ်သွားရင် လွှင့်မပစ် နဲ့နော် ...သူ့ ဇာတ်လိုက်ကျော်ဂျီး( ချီးပိုးထိုးကြီး ) မြိုဖို့  အပုပ် အရိ အရွဲတွေ ကို ပို့ပေးလိုက်ပါ .. ကုသိုလ်ရပါတယ် .. ငှဲငှဲ.....

နားလည် သလို .. မလည် သ လို လို ပါဘဲ။။
ကိုးနတ်ရှင်ကြီး ကျပေမဲ့ တော့ကီ တော့ ရနေသေး သလို...
offline ပြပြီးတော့ လဲ စာတွေရိုက် လို့ ရနေသေးတာ ..
အံ့ဘွယ် ၁၀ ပါးထဲ ထဲ့ ရတော့မယ် ...ကွယ်..
သွပ် သွပ် ... အိလေး ချိတ်ချိုး သွားတာ .. ပျော် လိုကိတာ ... အီစကို ကတော့ စိတ်တိုရုံလောက်ပါဘဲ ..တိဒယ် တိဒယ် မို့ လား...

ဝက်ဝံလေး said...

နားလည်ပါတယ် ကိုးနတ်ရှင်အကြောင်း ဟိဟိ

အောင်မလေး ရှာလိုက်ရတာ အနမ်းရယ် အိမ်မှာ လင့်ခ် ချန်မသွားတော့ ဂူဂယ်မှာ ရိုက်ရှာတာ အများကြီးထွက်ကျလာတာနဲ့ လက်လျှော့လိုက်တာ အခု မစနေ အိမ်မှာ တွေ့မှ လိုက်လာတာ ဟိဟိ

ဝက်ဝံလေး said...

ကိကိ ကတော့ ချေးပိုးထိုးကြီးကို သိပ်ချစ်တယ် ဟိဟိ

သူကြီးမင်း (တုံးဖလား) said...

အမရေ..
နားလည်ပေးပါတယ်။ ဖြစ်တတ်တဲ့ သဘောတွေဘဲလေ။
မြန်မာဘဲဥစ္စာ။ မဖြစ်နိုင်တာ ဘာမှမရှိ။

ကျနော်ကိုယ်တိုင်လဲ အဲဒီလို ကြုံဖူးတယ်။

ဖိုးဂျယ် said...

အမရေ ထောက်ခံပါတယ်း)

ပန်းခင်းလေး said...

အဖြစ်ချင်းတူသူတွေမို့  နားလည်ပေးနိုင်တယ် :P
အနမ်းဆီကို လာမယ်လာမယ်နဲ့  အလုပ်ကမအား ကွန်ကမကောင်းနဲ့  အခုမှပဲရောက်ဖြစ်တော့ တယ် ...


ခင်မင်စွာဖြင့်

ပန်းခင်းလေး