အမေ့မွေးနေ့ ၇၀ ပြည့်




ဒီနေ့ အမေ့ရဲ့ ၇၀နှစ်ပြည့်မွေးနေ့ ။ အမေ့ အတွက်၇၀ပြည့်နှစ်မို့ ထူးထူးခြားခြားလုပ်ပေးချင်တဲ့စိတ်ကလေး ရှိနေပေမယ့်အမေ့ကို ကြီးကြီးကျယ်ကျယ်တော့မလုပ်ပေးနိုင်ဘူးဆိုတာ ကျွန်မကိုယ် ကျွန်မသိနေပါတယ်။ ကျွန်မမှာ သူများသားသမီးတွေလို ပိုက်ဆံတွေရှာပေးနိုင်တဲ့အခြေအနေမဟုတ်တာကြောင့်လည်း ကျွန်မကိုယ့်ကိုယ်ကို ယူကြုံးမရဖြစ်မိတယ်။ သို့ ပေမယ့် အရှင်ဆန္ဒာဓိကတရားစာအုပ်ဖတ်ရတဲ့အခါမှာ မိဘကိုလုပ်ကျွေးကာ ကျေးဇူးဆပ်ခြင်း မပြုလုပ်နိုင်ပေမယ့် မိဘကို တရားဓမ္မနာယူအောင်စွမ်းဆောင်ခြင်း၊ ဘုရားကျောင်းကန်လိုက်ပို့ ပေးခြင်း၊ တရားစာပေလေ့လာလိုက်စားစေခြင်း စတဲ့ ဓမ္မနဲ့ ကျေးဇူးဆပ်ခြင်းများကိုလည်းပြုလုပ်နိုင်တယ်ဆိုတာကြောင့် ကျွန်မအမေ့ကို ထိုနည်းဖြင့်ပဲကျေးဇူးဆပ်မိပါတယ်။ အဲဒီအတွက် ကျွန်မ ကျေနပ်မှုရယူခဲ့ခြင်းပါ။
အမေ ၇၀ပြည့်မွေးနေ့ လေးမှာ ထူးထူးခြားခြားဖြစ်ဖို့  ဘလော့မှာတင်ရင်း ဆုတောင်းပေးမိပါတယ်။ အမေအသက်ရှည်ပြီး အနာကင်းကာ ဒီသားသမီးတွေနဲ့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြည့်စုံကာ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ ......။

11 ယောက်ဆွေးနွေးချက်:

Anonymous said...

အသက် ၇၀ ပြည့် မွေးနေ့မှ စ၍ နောင် နှစ်ပေါင်းများစွာ တိုင် မ အနမ်းရဲ့ မေမေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါ ... ပျော်ရွှင်ချမ်းမြေ့စွာနဲ့ အသက်ထက်ဆုံး နေထိုင်သွားနိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းခဲ့ပါတယ် ...

မိဘကို ငွေကြေးအရာအရ ထောက်ပံ့နိုင်မှ မိဘကျေးဇူး ဆပ်ရာရောက်တာ မဟုတ်ပါဘူး .. မိဘကို စိတ်မဆင်းရဲရအောင် ကြိုးစားနေထိုင်ခဲ့ဘူးတယ် ဆိုရင်လည်း မိဘကျေးဇူးကို ဆပ်ရာ ရောက်ပါတယ် ...

အခု မထောက်ပံ့ နိုင်သေးပေမယ့် နောင်အနာဂတ်မှာ မိဘကို ဒီ့ထက်ပို ပြုစုစောင့်ရှောက် လုပ်ကျွေးနိုင်တဲ့ သူတစ်ယောက် ဖြစ်နိုင်စေဖို့လည်း ဆုတောင်း ပေးခဲ့ပါတယ် ...

နေဒေးသစ်။

kiki said...

၇၀ ပြည့် မွေးနေ့ မှ သည် သက်တော်ရာကျော် ကို
သားသမီး လိမ်မာ တွေနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ စွာ
နေထိုင် နိုင်ရပါစေ လို့ 
မေမေ့ အတွက် ဆုတောင်းပေး ပါတယ်

( သမီးကြီး )

ဟဲ ဟဲ .. ရာထူးတက်သွားပြီနော်
မေမေ့ ခေါ် ပြလိုက်အုံး ။

မိုးခါး said...

အစ်မရေ
ညီမလည်းထပ်တူဆုတောင်းပေးသွားပါတယ်နော် ..
အစ်မရဲ့ အမေ အသက်ထက်ဆုံး ပျော်ရွှင်ကျန်းမာပါစေ
သာသနာပြုနိုင်ပါစေနော်

မောင်ကောင်း said...

အစ်မရေ... ဓမ္မနဲ့ကျေးဇူးဆပ်နိုင်တာဟာ အမွန်မြတ်ဆုံး ကျေးဇူးဆပ်နည်းပါပဲ...
ဘယ်ငွေကြေးနဲ့မှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့အရာပါ..
ဘယ်အရာနဲ့မှလည်း အစားထိုးလို့ မရပါဘူးအစ်မ...
အစ်မအမေရဲ့နှစ်(၇၀)ပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာ မိဘရဲ့ကျေးဇူးကို ဓမ္မနဲ့ကျေးဇူးကျေအောင် ဆပ်နိုင်တဲ့ သားကောင်းသမီးမမြတ်တစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...
အစ်မ.. စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ...

desertraindrops said...

အမေ.အသက် ခုနှစ်ဆယ်ပြည့်မွေးနေ့မှသည် သက်ရာကျော်ရှည်ပါစေ။ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်စွာ မိသားစုနဲ့ သက်ထက်ဆုံးနေနိုင်သွားပါစေရှင်။

ကိုလူထွေး said...

ကိုလူထွေးလဲ အမေ့အတွက် ဝိုင်းပြီး ဆုတောင်းပေးပါတယ်...
အမေ ကျန်းမာအသက်ရှည်ပြီး တရားရိပ်မွန်ကို အေးချမ်းစွား ခိုလှုံနိုင်ပါစေ...

းဝ)

casa da poesia said...

"sangham saranam gacchami"...foryou!

မြစ်ကျိုးအင်း said...

ရောက်တာနောက်ကျပေမယ့် မအနမ်းရဲ့ အမေအတွက်
ဆုတောင်းပေးပါတယ်..။မိဘကို စိတ်မဆင်းရဲအောင် ထားတာကလည်း ကျေးဇူးဆပ်ခြင်းတမျိုးလို့ထင်မိတယ်..။
မအနမ်းရဲ့မေမေကျန်းမာပျော်ရွှင်ပါစေ မိသားစု အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အမေစိတ်ချမ်းသာမှု ရပါစေဗျာ...။

Dream said...

တီတီနန်းရေ...နောက်ဆုတောင်းအတွက် တွေ့ပုချီ..နော့်... အဟီးး
အမေ အသက်၇၀ ပြည့်မှသည် အသက်ရာကျော်သည်အထိ ချစ်တဲ့ သားသမီးများနဲ့ အတူ မခွဲမခွာ အတူတကွ ပျော်ရွှင်စွာ နေသွားနိုင်ပါစေ...လို့ ဆုတောင်းပေးပါတယ် တီတီရေ

Anonymous said...

မေမေကြီး မွေးနေ့မှစရွေ့နောင်နှစ်ပေါင်း၁၅၀ တိုင်အောင် မအနမ်းနှင့် မငယ်ငယ် တို့နှင့်ကျန်းမာပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေရှင်...

မိုးခါး said...

ထပ်တူဆုတောင်းပေးပါတယ်နော်
နောက်ကျသွားတယ် .. စိတ်မရှိပါနဲ့နော်
မအနမ်း မေမေ အသက်ရှည် အနာမဲ့ပြီး သာသနာ့အကျိုးသယ်ပိုးထမ်းရွက်နိုင်ပါစေ