တရားတော်ကိုကြည်ညိုရင်..

ဘုရားဟောထက် ဗေဒင်ကို ယုံကြည်သူတွေ၊ နမန္တာကျမ်းကို ယုံသူတွေက များပါတယ်။

တစ်နှစ် တစ်ခါ ထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ

တစ်ယောက်လက် တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား။


မတ်စွာဘုရားက နတ်၊ ဗြဟ္မာတို့၏ ခန္ဓာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေလျှင် မီးတောက်သဖွယ် ပျောက်ကွယ်တတ်တာလို့ ဟောတယ်။

ဗေဒင်က ယခုထိခေါင်းပြတ်ကြီး မပုတ်သေးဘူး၊ မြန်မာပြည်က ယုံကြည်လက်ခံသမျှပုတ်မှာ မဟုတ်ဖူး၊ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို မဓာနထားသကွဲ့ ၊ မြတ်စွာဘုရားက ကုသိုလ်နဲ့  အကုသိုလ်ကို ပဓာနထားသကွယ့်၊ ဗေဒင်က မဟာဘုတ်ကို မဓာနထား၍ထူသကွဲ့ ၊ မြတ်စွာ ဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။

ကဲ မဆန့်ကျင်ပါလား။ မြတ်စွာဘုရားနဲ့ ဆန့်ကျင်တာကို ယုံလျှင် ဘုရား၊ တရားကို မယုံရာ ကျမှာပေါ့။ မြတ်စွာဘုရား ဟောတာ " သဗ္ဗေ ကမ္မဿကာသတ္တာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဖတိ"တဲ့။
ကဲ ဘယ်မှာလဲကွဲ့ နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လည်းမပါ။ မသာကို စုန်ချရင် တစ် လောင်းနဲ့ မပြီးတတ်ဖူးလို့ လည်းမပါ။

အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မင်္ဂလာဆောင်တာ ရက်မရွေး ရလို့ ပျက်စီး တတ်တယ်လို့လည်း မပါ။ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာကျလို့ ပျက်စီးတာလည်းမပါ။ သားဦးစနေ မီးလိုမွှေဆိုတာလည်း မပါ။ တနင်္ဂနွေ၊ တနလာင်္၊ အင်္ဂါ ဆိုတာတွေဟာ ပညတ် သင်္ကေတတွေပဲ၊ လူကို ကောင်းအောင် ဆိုးအောင်မလုပ်နိုင်ပါဘူး။ ကုသိုလ်ကံသာလျှင် ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံ သာ မကောင်းအောင် လုပ်နိုင်တယ်။ ဒါကြောင့် အကုသိုလ်ဆိုရင် မြွေဆိုး၊ ကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး၊ ကုသိုလ်ကံကို ကုစ္ဆာသယ ပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံ သရဏံ ဂစ္ဆာမိ ဖြစ်မှာ မဟုတ် လား။

ကချင်ပြည်နယ်၊ နမ္မားမြို့ ၊ မင်္ဂလာရာမေကျောင်း ဆရာတော်ဦးညာဏ၏ တရားစစ်တမ်း ဆွေနွေးခန်းမှ စာကို မေတ္တာရှင်ဆရာတော်က ပြန်လည်ပို့ ချထားခြင်းဖြစ်ပါတယ်။

2 ယောက်ဆွေးနွေးချက်:

Anonymous said...

တီချယ်ရေ..ရှေးသုံးကိုလဲ မပယ်နဲ့ ဈေးသုံးကိုလည်း မလွယ်နဲ့လို့လဲ ရှိသေးတယ်လေ..ဗေဒင်ကိုယုံပါလို့လဲ ပြောတာ ဟုတ်ဘူးနော်..တပည့်ကတော့ အဲဒါတွေ သိဘူး..လေ့လာရဦးမယ် :P
အဆင်ပြေပျော်ရွှင်ပါစေဗျာ

Admin said...

ဒီဆောင်းပါးကို ကြိုက်ပါတယ်။ ဒီလိုရေးသားချက်တွေကို ဖတ်ရတာတန်ဖိုးရှိပါတယ်။ ဆက်လက်၍ ထေရဝါဒသာသနာတော် သန့်ရှင်းစင်ကြယ်အောင် နိုင်တဲ့ဘက်က ဝိုင်းဝန်းဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုလျှက်...