ပိုင်ရှင်မရှိတော့တဲ့ Account လေး

အတူလည်ခဲ့ကြတဲ့နေ့ ရက်များစွာ
မမေ့သေးခင်နှစ်တစ်နှစ်ကိုကူးခဲ့
နှစ်သစ်ရဲ့ ပထမဆုံးလက
၁၆ရက်ဆိုတဲ့ဇန်န၀ါရီဟာ
အသက်တစ်နှစ်တိုးတဲ့သူ့ မွေးနေ့ လေးပေါ့
ပျော်ရွှင်ခဲ့လို့ မှမကြာသေးခင်
ဝေဒနာရဲ့ ပြစ်ဒဏ်များနဲ့ 
့အတိတ်ဘ၀ရဲ့ ဝဋ်ကြွေးများက
ဝင်ရောက်ကာဖျက်ဆီးလာ
နှိပ်စက်တဲ့ကံကြမ္မာကြောင့်
မကြာတဲ့အချိန်ကာလတွင်းလေး
ဆုံးရှုံးသွားရတဲ့သူ့ ဘဝ
ခုတော့ဖြင့် အားလုံးရဲ့ ဟိုးအဝေးဆီ....။
ကာရံမရှိတဲ့ ညီမလေး(မွန်မွန်ကျော်) အတွက်အမှတ်တရ စာသားလေးကိုရေးဖွဲ့ ထားခြင်းပါ။
သူ့ gtalk ကို အဲဒီဝက်ဝံပုံလေးတင်ချင်တယ်ဆိုလို့ တင်ပေးခဲ့ရတာလည်းအမှတ်တရပါပဲ။
chatting မလုပ်တတ်တဲ့ သူ့ ကို အိမ်လာရင်ပြပေးခဲ့ရတယ်။ ခုမှ online ကိုရောက်တာဘာမှမကြာသေး
တာကြောင့် သူငယ်ချင်းမရှိသေးလို့ ကျွန်မရဲ့ မောင်ငယ်လေးကို invite လုပ်ထားပေးဆဲမှာပဲ သူကမရှိ ရရှာတော့ဘူးလေ။
5 ယောက်ဆွေးနွေးချက်:
စိတ်မကောင်းစရာပါဘဲ။
ဒီလိုပါဘဲလေ ဘ၀ဆိုတာ မွေးဖွားခြင်းနှင့် သေဆုံးခြင်းတွေကို ပေါင်းစပ်ထားတာပါ။
အဲဒီနှစ်ခုကြားထဲမှာဘဲ ခဏလေး တကယ့်ခဏလေး
နေထိုင်ခွင့်ရကြတာပါ။
ရောက်ရာဘ၀မှာ ပျော်ရွှင်ပါစေလို့ဘဲ ဆုတောင်းရုံပေါ့။
ရေးထားတာလေး သဘောကျတယ်ဗျာ
ဖြူစင်တဲ့ အရေးအသားလေးလို့ ခံစားရတယ်
အားလုံးရဲ့ ဟိုးအဝေးဆီ ...
စိတ်မကောင်းဖြစ်မိတယ်
comments လေးတွေပေးသွားခဲ့လို့ ကျေးဇူးတင်ပါတယ်။
ဝမ်းနဲ စရာပဲဗျာ..ထပ်တူစိတ်မကောင်းကြောင်းပါ
Post a Comment