
သွားလာခဲ့တဲ့ပုံရိပ်တွေက
မနေ့ တစ်နေ့ ကအထိ
ထင်ကျန်နေဆဲရင်ထဲမှာ
သြော်ဘ၀ဆိုတာ…ဒါပဲလား
တွေ့ ကြုံဆုံပြီး ခွဲခွာရတာ
ဓမ္မတာလို့ သိခဲ့ပေမယ့်
ကိုယ်မသွားခင်..အရင်သွားပြီ
ခွဲခွာခြင်းကို သူ စခဲ့ပြီ။
ကျရှုံးသွားတဲ့နှလုံးသားနဲ့ 
ရင်ထဲမိုးများရွာသွန်းဆဲမို့ 
ဖြေမဆည်နိုင်သေးတဲ့.
ခဏတာမှာတော့..
ညီမလေးရေ.. သတိရနေဆဲပါ။
ညီမလေး(မွန်မွန်ကျော်)(၂၃နှစ်)သို့ …
3 ယောက်ဆွေးနွေးချက်:
အကြွေစောလို့ ဆုံးရှုံးသွားတဲ့
သူငယ်ချင်းကောင်း တစ်ယောက်အတွက်
ထပ်တူထပ်မျှ စိတ်မကောင်းပါဘူး။
ဆုပ်ကိုင်ထားလို့မရတဲ့
ကံကြမ္မာကိုပဲ နာကျင်မိပါတယ်။
လွမ်းဆွတ်မှုတွေ ဆုံးခန်းတိုင်ပါစေ ..
သေခြင်းတရားဆိုတာ မယုံကြည်နိုင်လောက်အောင်ပါဘဲ။
မယုံချင်ပေမဲ့လဲ အချိန်ကြာလာရင် ယုံကြည်သွားမှာပါ။
လွမ်းတသသရှိနေမှာကတော့ ကျနော်တို့ ပုထုဇဉ်လူသားတွေအတွက် နိယာမတစ်ခုပါဘဲလေ။
ကြွေသွားတဲ့ ကြယ်ပွင့်လေးအတွက် ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်မိပါတယ်။
ဖြေဆည်နိုင်ပါစေ။ အမ။
သေခြင်းတရားဆိုတာ ဘယ်သူမှရှောင်လွဲလို့မရပါဘူး
ထပ်တူထပ်မျှစိတ်မကောင်းဖြစ်မိပါတယ်
ကုသိုလ်တွေလုပ်ပေးပြီး ဆုတောင်ပေးရင်း
တရားနဲ့ဖြေနိုင်ပါစေနော်
Post a Comment