သင် ကံထူးသူလား ? ကံဆိုးသူလား ?

ကံထူးသူများ...........တရားအားထုတ်ခွင့်ရကြသည်။
ကံဆိုးသူများ...........တရားနှင့်လွဲကြသည်။
ကံအလွန်ဆိုးသူများ..တရားကိုရှောင်ကြသည်။
သင်လူ့ ပြည်မှထွက်ခွာဖို့ အချိန်နီးလာပြီ။

တရားမမေ့ပါနှင့်။
သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိအသုံးချပါ။
သင်သေရင် အားလုံးထားခဲ့ရမှာ...။

ဆရာတော်တစ်ပါးရဲ့ဆုံးမစာလေးလို့ ထင်ပါတယ်။ ဘယ်ဆရာတော်လည်းတော့အသေအချာမသိတော့ပါဘူး။
ကျွန်မကိုဓမ္မဒါနပြုသူကတော့၊ကျွန်မနဲ့ဆေးရုံမှာခင်မင်လာတဲ့ညီမလေးတစ်ယောက်ပဲဖြစ်ပါတယ်။
ကျွန်မလည်းပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။
သင်တို့ လည်း ကံထူးသူလား၊ ကံဆိုးသူလားဆိုတာ ခွဲခြားကြည့်နိုင်အောင်လို့ ပါ။

0 ယောက်ဆွေးနွေးချက်: