*ချိုမြိန်သောအရသာ... `အောင်မြင်ခြင်း`မှာရှိတတ်ပါတယ်။
ထိခိုက်သောဝေဒနာ... `ဆုံးရှုံးခြင်း`မှာရှိတတ်ပါတယ်။
ထာဝရ`အောင်မြင်နေခြင်း`ဟာ တစ်ကြိမ်တစ်ခါ` ဆုံးရှုံးခြင်း`ကို
ဖုံးလွှမ်းမေ့ပျောက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိပါလေ။
*လူတစ်ယောက်ဟာ သူ့ ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကို သိမ်းဆည်းပြီး
ခွဲခွာခြင်း ခရီးကို စ နေတယ်.. တဲ့။
*အိမ်မက်ပဲကွယ်...တကယ်ဆိုက
အိပ်မောကျသူ ဘ၀နံနက်...နေအထွက်မှာ
ခွဲရက်ချန်ရက်..ထားခဲ့ရက်မည်
သိလျှက်မေ့မှာစိုးပါသည်။
*အပျော်အိမ်မက်.. နံနက်ကနှင်း
နေ့ ခင်းလွင့်ပြယ်..တကယ်မဟုတ်
ဘယ်ဒုက္ခနဲ့ မတူတဲ့" အချစ် " သူနဲ့ တွေ့ မှကြုံဖူးပြီ။
*သွားမည်နုတ်ဆက် သက်လုံးမမေ့
တမြေ့ မြေ့ လေ ကြေကွဲရပြီ
သည်တစ်ခါတော့ ဝေးကြတော့မည်။
ကျွန်မငယ်ငယ်တုန်းကကြိုက်နှစ်သက်ပြီးမဂ္ဂဇင်းတွေထဲကကူးယူထားတဲ့ကဗျာတိုလေးတွေပါ။
ကဗျာလေးတွေက တိုတိုလေးပေမယ့် အဓိပ္ပါယ်ပေါ်လွင်တယ်လေ။ ခုခေတ်မော်ဒန်ကဗျာတွေလိုတော့မဟုတ်ဘူးပေါ့။
ဘယ်သူတွေရေးစပ်ထားတယ်ဆိုတာတော့ မမှတ်မိတော့လို့ 
အမည်မထည့်နိုင်ဘူးဖြစ်သွားတယ်။
တိုက်ဆိုင်မှုလေးတွေကြောင့်လည်း သည်ကဗျာလေးတွေဖော်ပြဖြစ်သွားတယ်။
အနမ်း
0 ယောက်ဆွေးနွေးချက်:
Post a Comment