မုသားများနဲ့လူသားများ

ငါးပါးသီလထဲမှာ လူတော်တော်များများ ချိုးဖောက်မိတဲ့သီလကတော့ မုသာဝါဒပဲဖြစ်ပါလိမ့် မယ်။ စကားစကားပြောပါများ စကားထဲကအမှားပါဆိုသလိုပါပဲ စကားများများပြောခြင်း ဟာလည်း မကောင်းပါဘူး။ တစ်ချို့က စကားတော်တော်များများ ပြောနိုင်ကြပါတယ်။ အကြောင်းအရာ တစ်ခုနဲ့တစ်ခု မထပ်ရအောင် တစ်ထိုင်တည်းကို ပြောလေ့ရှိတတ်ကြ ပါတယ်။ စကားပြောရာမှာ စကားထဲက ဗဟုသုတရစရာကောင်းတာ မှတ်သားသင့်တာများ ကိုတော့ သဘောကျပါတယ်။ အဲဒီလိုမှမဟုတ်ပဲ အကျိုးမရှိတဲ့ အရေမရအဖတ်မရ အလ္လာပ သလ္လာပ စကားမျိုးကိုတော့ ကျွန်မကိုယ်တိုင် ကြာကြာနားထောင်ချင်စိတ်မရှိတတ်ပါဘူး။ ပြီး တော့ထပ်တလဲလဲ ပြောတတ်သောစကားများ၊ သိပြီးသားအကြောင်းအရာများကိုကြိမ်ဖန်များ စွာပြောခြင်းတို့ ပဲဖြစ်ပါတယ်။

တစ်ခါတစ်ရံ သူများအကြောင်းကို ကောင်း၏ ဆိုး၏ ဝေဖန်ပြောဆိုနေကြခြင်းဟာလည်း အချိန်ကုန်ပြီး အကျိုးမရှိသလို၊ ၀စီကံအပြစ်လည်းဖြစ်ပါသေးတယ်။ ကိုယ်ကောင်း၏ ဆိုး၏ ကိုသာ သိပြီးဝေဖန်ပိုင်းခြားဖို့ လိုပါတယ်။ ၀စီကံကို မုသာဝါဒ တစ်ခုတည်း ရှောင်ကြဉ်ရမှာ မဟုတ်ပါဘူး။ ၀စီကံ ၄ပါးလုံးကို သတိထားကာ ရှောင်ကြဉ်ရပါမယ်။

လူ၂ယောက်ကို အချင်းချင်းမတည့်အောင် ကုန်းချောကုန်းတိုက် စကားပြောခြင်းကလည်း ကိုယ့်အတွက် ကောင်းကျိုးဘာများရနိုင်မှာမို့လဲလို့ စဉ်းစားမိပါတယ်။ အဲဒီနောက် ကြမ်းတမ်းတဲ့ စကားများကိုဆိုခြင်းပါ. ကြမ်းတမ်းတဲ့စကားများကို ဘယ်သူမှနားဝင်ချိုမယ် မထင်ပါဘူး။ ကြမ်းတမ်းတဲ့စကားများကို ဆဲဆိုပြောဆိုနေခြင်းထက် ညင်သာတဲ့စကားကို ရွေးခြယ်ပြောဆိုခြင်းက လူချစ်လူခင်ပေါများစေပါတယ်။

ဝစီကံ၎ပါးမှာ -မုသာဝါဒ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၀ါစာ ဆိုပြီးရှိတာ လူတိုင်း သိကြပါတယ်။ ၄မျိုးစလုံးကတော့ မကောင်းပေမယ့် မုသာဝါဒကိုသာ ချိုးဖောက်လွယ်ကြ တာပါ။ ကုန်းချောစကားများနဲ့ ကြမ်းတမ်းတဲ့စကားများက ရှောင်ကြဉ်နိုင်ဖို့ လွယ်ကူပါသေး တယ်။ မုသာဝါဒ- မမှန်သည်ကို သိလျှက်နှင့် မှန်သည်ဟုပြောဆိုခြင်းကိုသာ ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ကကြွားချင်လွန်းလို့ မမှန်တာတွေပြောမိတတ်ပါတယ်။ အပိုစကား တွေပေါ့၊ ဟုတ်တာထက် မဟုတ်တာတွေကများလာတတ်ပါတယ် ။ ဒါကိုသတိထားတတ်ဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်အကျိုးစီးပွားဖြစ်ဖို့အတွက် တစ်ဖက်လူကို မဟုတ် တာ၊ မမှန်တာတွေပြောတတ်တာမျိုးပဲဖြစ်ပါတယ်။ ကိုယ့်ကိုအထင်ကြီးစေချင်တာတွေလည်း ပါမှာပါ။ ဒါတွေဟာ မုသာဝါဒဖြစ်တာပါပဲ။ မဟုတ်တာ၊ မမှန်တာမှန်းသိလျှက် ပြောနေခြင်းများ သာဖြစ်ပါတယ်။

မုသားမပါ လကာင်္မချောဆိုတဲ့ စကားကိုလည်း လှူတော်တော်များများသုံးနှုန်းတတ်ပါတယ်။ အမှန်တော့ အဲဒီစကားဟာလွဲမှားခြင်းအကြောင်းအရာပါပဲ။ မုသားမပါ လင်္ကာမချောဆိုတာက စကားအရာမှာချောမွေ့ဖို့အတွက် မုသားသုံးရမလိုဖြစ်နေပါတယ်။. အောက်ပါ ကံလေးပါးကို ရှောင်ကြဉ်ပြီးပြောဆိုရင်တော့ မုသာဝါဒမဖြစ်ပါဘူး။ ဒါကြောင့် မုသာဝါဒကံမမြောက်ဖို့ ရှောင် သင့်တဲ့ အင်္ဂါက လေးပါးရှိပါတယ်။

၁။မဟုတ်မမှန်တဲ့ဝတ္ထုဖြစ်တာကတစ်ပါး၊
၂။လှည့်စားလိုတဲ့စိတ်ရှိတာကတစ်ပါး၊
၃။လှည့်စားလိုတဲ့စိတ်အားလျော်စွာလုံ့လပြုတာကတစ်ပါး၊
၎။ အဲသည် အဓိပ္ပာယ်ကို နားလည်သွားတာကတစ်ပါး။

အဲဒီစိတ်အရင်းခံတာ မဟုတ်ရင်တော့ မုသာဝါဒမြောက်တယ်လို့မဆိုနိုင်ပါဘူး။ သူ့အကျိုး အတွက် သူ့ကိုညာရခြင်းမျိုးပါ။ ကိုယ်က လိမ်ညာချင်တဲ့စိတ် အမှန်တကယ်မရှိပဲ သူ အကျိုးရှိ အောင် လိမ်ညာပြောဆိုရခြင်းမျိုးပါ။ ဥပမာ။ ။ ဆရာဝန်တစ်ဦးရဲ့ ညွှန်ကြားချက်နဲ့ လူတစ်ဦး တစ်ယောက်ကို သူကျန်းမာလာဖို့ လိမ်ညာပြောဆိုပေးရခြင်းမျိုးဖြစ်ပါတယ်။ တစ်ခါတစ်ရံ လူတစ်ဦးတစ်ယောက်က အခြားသူတစ်ဦးကို စိတ်ဆိုးမည့်ကိစ္စများကြုံလာပါက စိတ်မဆိုးဖို့ လိမ်ညာကာ ကိုယ်ကကြားဝင်ပြောပေးရခြင်းမျိုးတွေရှိပါတယ်။ ဒါမျိုးတွေကို မုသာဝါဒလို့ ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အထက်ကဖော်ပြထားတဲ့အချက်၎ချက်နဲ့ မကိုက်ညီ တော့လို့ပါပဲ။

ကျွန်မမှာ အသက်အရွယ်ကြီးမားတဲ့ အဖွားတစ်ယောက်ရှိပါတယ်။ အသက်ကြီးလာတော့ စိတ်အလိုမကျတာတွေများလာပါတယ်။ သူစားချင်တာကို မရမက၀ယ်ပေးရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကျွန်မတို့တစ်တွေ အခက်တွေ့ရပါတယ်။ သူစားချင်တဲ့အစားအစာက တစ်ခါတစ်လေ မရတတ်တာမျိုးရှိသလို၊ သူစားခဲ့တုန်းက ဆိုင်တွေကလည်း ခုချိန်မှာမရှိတော့ ပါဘူး။ ဒါကြောင့်မို့ ရတဲ့နေရာကရသလိုဝယ်ပေးပေမယ့် သူက သူစားနေကျ အရသာမဟုတ် မှန်းသိတဲ့ အခါမျိုးမှာ လိမ်ညာပြောဆိုကြရပါတော့တယ်။ ဒါကလည်း အမှန်အတိုင်းပြောရင် သူက လက်မခံတတ်လို့ပါ။ အဖွားကိုလုပ်ကိုင်ပေးကြရတဲ့ ညီမငယ်များကလည်း လိမ်ညာ ပြောဆိုကြရတဲ့အတွက် အင်မတန်စိတ်ညစ်ရပါတယ်။ အသက်ကြီးတဲ့သူတစ်ယောက်ကို လိမ်ညာပြောဆိုရလို့ ငရဲကြီးမယ်လို့ထင်ကြတဲ့အတွက် မုသာဝါဒမြောက်တဲ့ ကံ၎ပါးမပါရင် မုသာဝါဒမှကင်းလွတ်ကြောင်း သိရတော့မှ ကျွန်မတို့တစ်တွေ စိတ်ဒုက္ခမှ ကင်းဝေးရပါတယ်။


ခုလို မုသာဝါဒမြောက်တဲ့ ကံ၎ပါးကိုသေချာသိမှပဲ သူတို့လည်း နားလည်သဘောပေါက်ခဲ့ရ ပါတယ်။ ဒါကြောင့် ဒီကံ၎ပါးကိုနားလည်ရင်ဖြင့် မုသာဝါဒကံကို ကျူးလွန်တယ် မကျူးလွန်ဘူး ဆိုတာ ကိုယ့်ကိုကိုယ်သိနိုင်ပါတယ်။

ကျွန်မတို့တစ်တွေ မုသားကင်းနိုင်ကြအောင်ပါ။

မှတ်ချက်။ ။ ဤပိုစ့်ကြောင့် မည်သူ့ကိုမျှမထိခိုက်စေလိုပါ..

3 ယောက်ဆွေးနွေးချက်:

ယွန်း said...

အရမ်းကောင်းတဲ့ ပို့ စ်လေးပါပဲ..

buddha said...

ဂတုံးတွေကသိတဲ့အတိုင်း သပုတ်လေလွင့်အရမ်းတော်တာ...ဂတုံးတွေကို နိပ်ကွပ်ချင်တာလည်းပါတယ်.......... ဒီဂတုံးတွေကို ကြည့်မရဘူးဗျာ..... ဘာကြောင့်ကြည့်မရလဲ လမ်းမှန်ကိုမပို့ပေးလို့ ..... သူတို့ထမင်းငတ်မှီအရေးကိုပဲ ရှေ့တန်းတင်တယ် ..... ကိုးကွယ်တဲ့ကောင်က ကုလားမှန်းလည်းသိတယ် ကုလားဖြစ်ကြောင်းကို မပြောဘူး...
သင်္ကန်းခြုံဂတုံးတို့။ အဘယ့်အချိန်ကာလပတ်လုံးထိ လိမ်ညာသောလမ်းမှမရုန်းထွက်ဘဲ ရှိနေအုံးမှာလဲ??? အိုး အဆွေသင်္ကန်းခြုံဂတုံးတို့ သင်တို့သည် ရှေးဦးစွာ မိမိ့လက်နှင့်မိမိ့ဝမ်းစာကို ရှာပါစေ။ မိမိ့ဝမ်းစာအတွက်ပင်လျှင် သူတောင်းစားကဲ့သို့ ဝမ်းစာရှာနေသော သင့်တို့အား ကျွန်ုပ်အဘယ်ကဲ့သို့ ယုံကြည်ရမည်နည်း။အလှူဒါနပြုသူများက သင်တို့အား ငွေအလှူကိုပြုပြီးသည့်တိုင်မှ မတင့်တိမ်၊ မရောင့်ရဲနိုင် ထပ်၍ပင် စားဖွယ်သောက်ဖွယ်အလှူများကိုပင် ထပ်၍တောင်းနေကြသည့်မှာ သင်တို့သည် သူတောင်းစားထက်ပင် ပို၍ဆိုးနေကြသည့် မဟုတ်လော့။ သင့်တို့နေ့စဉ်ရက်ဆက် စားသောက်နေရသော် အစားအသောက်ပင်လျှင် မိမိ့လက်နှင့် မချက်မပြုတ်နိုင်။ ထို့ကြောင့် အပျင်းတကာအပျင်းဆုံးသူများသည် သင်တို့ပင် ဖြစ်ကြသည်။ သင်တို့သည် ကျွေးမွေးလှူဒါန်းကြသော်၊ အစားအသောက်ပင်လျှင် ကဲ့ရဲ့ရှုံ့ချလျက် အသား၊ငါးများမသတ်ရ ဥပဒေကို ကိုယ်တိုင်ချမှတ်လျက်နဲ့ပင် ကျွေးမွေးသည့်အခါ မြိန်ရေရှက်ရေ စားသောက်ကြသည်။ ထို့ကြောင့် သင်တို့သည် ကျွေးသောသခင့်လက်ကို ပြန်ကိုက်သော်၊ ခွေးနှင့်ပင် ခိုင်းနှိုင်းစရာ ရှိသည်။

လေ့လာရေးခရီးသည် said...

၁။မဟုတ်မမှန်တဲ့ဝတ္ထုဖြစ်တာကတစ်ပါး၊
၂။လှည့်စားလိုတဲ့စိတ်ရှိတာကတစ်ပါး၊
၃။လှည့်စားလိုတဲ့စိတ်အားလျော်စွာလုံ့လပြုတာကတစ်ပါး၊
၎။ အဲသည် အဓိပ္ပာယ်ကို နားလည်သွားတာကတစ်ပါး။

ဒီအချက်လေးချက် ကို သိပ်နားမလည်လို့ နည်းနည်းလောက် အကျယ်လေး ရှင်းပေးစေလိုပါတယ်
ကျေးဇူးတင်ပါတယ်