ဆားတောင်ဆရာတော်၏ အဆုံးအမ

ဆားတောင်ဆရာတော် မကြာခဏမိန့်ကြားသည့်အဆုံးအမ စကားလက်ဆောင်ဖြစ်ပါသည်။

၁။ ဘယ်လိုပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့အားထုတ်ရမှာပဲ။ အားထုတ်ခွင့်ကြုံတုန်း အားထုတ် ကြ၊ သာသနာပပြီဆိုတော့ဝိပသာနာနဲ့တွေ့ရတာမဟုတ်ဘူး။ဒီတော့ပိုနစ်နာတယ်။

၂။ တရားအားထုတ်ဖို့တော့မအားဘူး။ မအားဘူးလို့ပြောကြတယ်။
သေချိန်ကျလာလို့မသေချင်သေးဘူးလို့ပြောလို့ရတာ မဟုတ်ဘူး။ မအားဘူးလို့ ပြောလို့ ရတာ မဟုတ်ဘူး။

၃။ တရားအားထုတ်တယ်ဆိုတာအားနဲ့မာန်နဲ့ထုတ်ရတယ်။ မသေချာမရေရာဘူးလို့ပြောလို့ ရတဲ့ အလုပ်တွေတောင်မှဟုတ်နိုးနိုးနဲ့သက်စွန့်စံဖျားလုပ်နေရတာပဲ။သေချာရေရာတဲ့အလုပ် ဘာပဲလုပ်စရာရှိလဲ။ ဆင်းရဲတစ်ဘ၀ပေါ့။ တစ်ဘ၀တောင်မှခဏလေးပါ။

၎။ ထိတိုင်းထိတိုင်း သိနေပါစေ။ ကိလေသာကြားမခိုစေနဲ့။

၅။ တရားအားထုတ်တယ်ဆိုတာတမင်းစားသလိုပဲ။ မဆာလည်းစား၊ ဆာလည်းစား။ စားကောင်းလိမ့်မယ်ထင်ပေမယ့် တကယ်စားတော့မြိန်ချင်မှမြိန်တာ။ မကောင်းဘူးထင်လို့ လည်း တကယ်စားတော့ မြိန်ချင်မြိန်တာ။ ဒီတော့မထုတ်ချင်လည်းထုတ်၊ ထုတ်ချင်လည်း ထုတ်ပေါ့။

၆။ ၀ိပသာနာ တရားအားထုတ်ရတာ အလွန်ကောင်းပါတယ်။ အ၀တ်လဲပြောင်းစရာမလိုဘူး။ ဂူထဲအောင်းစရာမလိုဘူး။ ပုထုဇဉ်စရိုက်မူပြောင်းဖို့လိုတယ်။

၇။ ကိုယ့်ခန္ဓာ ကိုယ်ရူနေတော့ အမူပွေတာပေါ့။

၈။ မိမိခန္ဓာက ဖြစ်ပေါ်နေတဲ့ ဝေဒနာကိုသည်းခံရူမှတ်နိုင်မှ ပတ်ဝန်းကျင်ရဲ့လောကဓံကိုလည်း ခံနိုင်ရည်ရှိမှာပဲ။

၉။ တရားအားထုတ်တဲ့အခါ ကိလေသာကြာမခိုအောင် နှာသီးဝလေကို ထိတိုင်းသိနေပါစေ။
ထိတဲ့ပေါ် သတိထား၊သတိထားရင် တရားမြင်မယ်၊ သတိမထားရင် အမှားဝင်မယ်။

၁၀။ အရိယာသူတော်ကောင်းတို့ဆိုတာ ရုပ်ရယ်၊ နာမ်ရယ်၊ တရားရယ် ဒီသုံးဦးနဲ့ပဲ အဖော်ပြု နေတာပါ။ သူတို့မှာပျင်းတယ်မရှိပါဘူး။

၁၁။ လူ၏သာဓုခေါ်၊ နတ်သာဓုခေါ်လောက်နဲ့ ကျေနပ်တင်းတိမ် မနေကြနဲ့။ ဘုရား၊ ရဟန္တာ အရိယာပုဂ္ဂိုလ်တွေ ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ။

၁၂။ ပထမတော့ တရားကို လူကဦးဆောင်တယ်။ နောက်တော့ တရားက လူကိုဦးဆောင် တယ်။ အဒီအချိန်မှာ လူက တရားနောက်လိုက်ဖို့လိုတယ်။

၁၃။ ခန္ဓာကတော့ သူ့တရားသူပြနေတာပဲ။ လောဘ၊ ဒေါသ၊ မောဟ ဖုံးနေတော့ ဘာမှမသိ လိုက်ရဘူး၊

၁၄။ အားကိုးမမှားစေနဲ့၊ မိမိကိုယ်ကို အားကိုးရမယ်။

၁၅။ ဘာမဆို အတွင်းက အေးနေအောင်လုပ်ရတယ်။ အပြင်ကဘယ်လောက်ပူပူ အတွင်းက အေးနေတော့အေးတာပဲ။ အပြင်က ဘယ်လောက်အေးအေး အတွင်းကပူတော့ ပူတာပဲ။

၁၆။ တရားနှင့်အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်မွေ့လျော်ခြင်း၊ ဒါ အပ္ပမာဒ တရားပဲ။

၁၇။ လောကီချမ်းသာက တစ်ဘ၀တစ်နပ်စာ။ လောကုတ္တရာချမ်းသာမှ တစ်သံသရာလုံး အေးတာ။ တစ်ဘ၀တစ်နပ်စာလုပ်နဲ့။ တစ်ဘ၀သံသရာစာလုပ်ကြ။

၁၈။ မကောင်းတာလုပ်တာသာကြောက်ရမှာ။ ကောင်းတာလုပ်တာကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမရဲစရာရှိသလဲ။

၁၉။ မဟုတ်လည်းသည်းခံ၊ ဟုတ်လည်းသည်းခံရမှာပဲ။ ခံရမည့်အတူတူတော့ အခုကတည်း က ခံလိုက်တော့ သံသရာပြတ်တာပေါ့။

၂၀။ လောဘ၊ ဒေါသ၊ မောဟကင်းအောင် ပြတ်အောင်လုပ်ကြ။ ဖြစ်အောင်လည်း မလုပ်နဲ့၊ ပျက်အောင်လည်းမလုပ်နဲ့။ ဖြစ်အောင်လုပ်တာ လောဘ၊ ပျက်အောင်လုပ်တာက ဒေါသ။ ဖြစ်တာပျက်တာ မသိတာက မောဟ။

၂၁။စိတ်ကဖြတ်လို့ပြတ်တာမဟုတ်ဘူး။ တရားက ဖြတ်မှပြတ်တာ။ တရားရှိအောင် အားထုတ်ကြ။ တရားရှိတော့ တရားကပဲဖြတ်ပေးတယ်။ ပြတ်ပေးတယ်။ ပယ်ပေးတယ်။

၂၂။ အမြတ်က မရူံးစေနဲ့၊ အရူံးကသာ မြတ်ပါစေ။ အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။ ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။

၂၃။ ပုထုဇဉ်တွေ မကောင်းတာလုပ်တာများ အဆန်းလုပ်မနေနဲ့။ အခုလည်း မကောင်းတာလုပ်နေသလို နောင်လည်း မကောင်းတာလုပ်နေဦးမှာပဲ။ သူတို့မကောင်းတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ ကိုယ့်တရားကိုယ်ရူဖို့ပဲလိုတယ်။

၂၄။ ဘုရားစကား နားလည်အောင်လုပ်၊ ဘုရားစကားနားလည်ရင် လောကစကားတွေအားလုံး နားလည်တယ်။

၂၅။ နိဗ္ဗာန်မဂ်ဖိုရလိုကြောင်း ဆုတောင်းခဲ့တာများပြီ။ ၀ိဇ္ဇာဥာဏ်မပါ၊ ဓမ္မတာတောင်းမို့၊ အာညောင်းရုံပဲ မောဖတ်တင်မည်။ ဒါနပြုကာ အခါခါတောင်းလဲ၊ ငါကောင်းချင်မှု ခုခံနေသည်။ ငါတစ်လုံးပယ်ကာ၊ ကွယ်ကာပေးမှ လွန်စွာမနှေး နိဗ္ဗာန်မြင်မည်။

ကူးယူမျှဝေပါသည်။

12 ယောက်ဆွေးနွေးချက်:

တောသားလေး said...

အစ်မ
ဆရာတော်၏ အဆုံးအမလေးကိုလာဖတ်သွား
ပါတယ်။ မျှဝေပေးတာကျေးဇူးပါ။
အစ်မ အဆင်ပြေကျန်းမာပျော်ရွင်ပါစေ။

Anonymous said...

Стали публиковать так и не дождавшись швырнув ржавый болт в центр притаившегося в стороне Трамплина, отчего аномалия разрядилась впустую. Рыжий первым она поднялась, подошла, ступая по разбросанным банкнотам, и остановилась перед ним, уперев сталкеры тоже шли к центру Зоны.
[URL="http://zachariahqp.qipim.ru/besplatno-video-dom2.html"]Бесплатно видео дом2[/URL]

မိုးယံ said...

အားလုံးလဲ သဘောကျတယ်။ ဒါလေးကို ပိုကြိုက်တာ။

မကောင်းတာလုပ်တာသာကြောက်ရမှာ။ ကောင်းတာလုပ်တာကြောက်စရာမလိုဘူး။ မကောင်းတာတောင် ရဲရဲလုပ်ရဲရင် ကောင်းတာလုပ်တာ ဘာမရဲစရာရှိသလဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာသာရေးအဆုံးအမတွေဟာ စိတ်အားငယ်တဲ့အခါဖြစ်စေ၊ စိတ်ညစ်တဲ့အခါဖြစ်စေ ခွန်အားတွေဖြစ်စေနိုင်ပါတယ်.
ကျေးဇူးအစ်မရေ။

ခိုင်နုငယ် said...

အမရေ...
နိဗ္ဗာန်မရောက်ခင်စပ်ကြား။
၁)ဘ၀တိုင်းမှာ စွဲလန်းကာချစ်တာ ကင်းရပါလို၏။
၂)ဘ၀တိုင်းမှာ စွဲမက်ကာ ကာမ ကင်းရပါလို၏။
၃)ဘ၀တိုင်းမှာ စူးနစ်ကာ ဒေါသ ကင်းရပါလို၏။
၎)ဘ၀တိုင်းမှာ စောင်းမြောင်းကာ မဲ့တာ ကင်းရပါလို၏။
၅)ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းရပါလို၏။
တောင်းဆုဆိုမိတယ်။
မနက်စောစော ဗုဒ္ဓရဲ့အဆုံးအမတွေ အရောက်လာလို့ နှစ်ခြိုက်စွာ ဖတ်မှတ်သွားပါတယ်။

သူကြီးမင်း (တုံးဖလား) said...

အားလုံးတန်ဖိုးရှိတဲ့ အဆုံးအမတွေဘဲ အမနန်း။ ကျနော်တို့ လိုက်နာကျင့်ကြံဖို့ဘဲ လိုတော့တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြသွေးနီ said...

မအနမ်း...
ဆရာတော်ရဲ့ အဆုံးအမတွေ နာယူသွားပါတယ်ရှင်..။
မျှဝေပေးတဲ့ မအနမ်းလည်း ကုသိုလ်ရပြီး ဖတ်ရသူများအတွက်လည်း အကျိုးရှိစေပါတယ်နော်။

အင်ကြင်းသန့် said...

ဆရာတော်ကြီးရဲ့အဆုံးအမတွေကို လာရောက်ဖတ်ရှုသွားပါတယ် မအနမ်းရေ....

နှင်းဟေမာ said...

အစ်မ အနမ်းရေ...

ခုလို တန်ဖိုးရှိအဆုံးအစ်မလေးကို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ...။
တစ်ကယ်တော့ ဗုဒ္ဓဘာသာလူမျိုးတိုင်းဟာ ဘာသာတရားနဲ့ ဘယ်တော့မှ ကင်းကွာလို့မရတဲ့အတွက် အမြဲတမ်းထိတွေ့မှုရှိဖို့လိုအပ်ပါတယ်...။
အစ်မ နေရာလေးကို ရောက်လာရတာ စိတ်အေးချမ်းလိုက်တာ အစ်မရေ ....
ခင်မင်လေးစားလျှက်ပါ
ညီမလေး နှင်း ..

buddha said...

ဗုဒ္ဓကျမ်းကို ခဏခဏ မပြင်ဖို့ တောင်းဆိုလိုပါတယ်. ဗုဒ္ဓ၀င်ကျမ်းအား ရှင်ဂေါတာမ သေပြီးပြီးခြင်း ပြုစုထားသည်မဟုတ်ပါ.. နှစ်ပေါင်း (၅၀၀)ကျော်မှ ဤကျမ်းအား ရဟန်းနာ ဘုန်းကြီးများက ပြုစုထားသည်ဟု wiki ကမှာ တွေ့ရှိနိုင်ပါတယ်....

တကယ်မှန်သော် တကယ်ထင်ရှားမည်... မည်သူကမှ ဖယောင်းတိုင်မီးအား အလုံပိတ်ပုံးထဲတွင် မီးမသွားထွန်းပါဘူး.. လူအများအလင်းရှာရှိမည်နေရာတွင်သာ ဖယောင်းတိုင်မီးအား ထွန်းထားကြပါတယ်. ဗမာစကားပုံအရ ဟုတ်လျှင် ကျော်၊ ပုပ်လျှင် ဖော် . ဆိုသည့်စကားပုံအတိုင်းပဲ ယနေ့ လူအနည်းစုသာ ကိုးကွယ်တော့သည် ဘာသာတရားပင်ဖြစ်ပါတယ်...

ဗုဒ္ဓဘာသာဝင် သန်းပေါင်း ၃၅၀ ဆိုတာ အိန္ဒိယတနိုင်ငံစာ၏ လူဦးရေထက်ပင် အလွန်လွန်နည်းပါးပါတယ်. အိန္ဒိယနိုင်ငံဟာ ဟိန္ဒူဘာသာဝင်များ နိုင်ငံဖြစ်ပါတယ်.... သန်းပေါင်းတစ်ထောင် (၁၀၀၀) ကျော်ရှိပါတယ်.... ၈၅% ဟာ ဟိန္ဒူဘာသာဝင်များ ဖြစ်ပါတယ်.. ကျန်ရှိသည့် မွတ်စလင်မ် ခရစ်ယာန် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပါတယ်...စာရေးသူ ဘာပြောချင်လဲဆို သူ၏စကားနှင့် ပြောဆိုသိမြင်နိုင်စွမ်းရှိသည်သူများပင် သူ၏စကားကို ကောင်းကောင်း နားလည်နေတဲ့သူ တွေကပင် ရှင်ဂေါတာမအား မကိုးကွယ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါတယ်.... နောက်များမလည်း ဒီဘာသာကို စွန့်လွှတ်ဖို့ လူအများ ရှိလာမည့်ကို စာရေးသူ ယုံကြည်ပါတယ်၊ ယနေ့ တရုတ်နိုင်ငံမှာဆို ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်လု ဖြစ်နေပါပြီ

buddha said...

ဗုဒ္ဓရဲ့ အဟောအပြောကို လူတိုင်းသာ လိုက်နာကျင့်နာရရင်လည်း အကုန်တောထွက်ပြီး တရားကျင့်ဖို့ပဲ ၇ှိပါတော့တယ်.... သူ့၇ဲ့ သြ၀ါဒတွေမှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင်၊ မိသားစုများ၏ အိမ်ထောင်ရေးဆိုင်ရာများ များစွာသော အချက်အလက်များကို ဤသို့သော သွန်သင်မူများကို လုံးဝမတွေ့ရှိရပါဘူး.. သူသွန်သင်ခဲ့ စကားများဟာ အရမ်းပင်လွယ်ကူလှပါတယ်... ကောင်းတာလုပ်လျှင် ကောင်းတာရမည်ဟုသော စကားသည် (၅)နှစ်ကလေးငယ်ပင် သိပါတယ်.. သူရဲ့အချုပ်က ဘာကိုမှ စွဲလမ်းခြင်း မရှိရဘူးဟုဆိုထားလေသောအခါ အိမ်ထောင်သည် ကလေး(၃)ယောက်အဖေလိုလူမျိုးကြတော့ ကိလေသာတဏာမက်မောကင်းစင်ရန် တောထွက်တရားကျင့်မယ်ဆိုရင် ကလေး၊ မိန်းမများဟာ ငတ်ပြတ်သေရုံပဲ ရှိပါတော့မယ်ဗျာ.... တဦးတယောက်တကောင်ကြွက်တမျက်နှာလူမျိုး ကိုယ့်အပေါ်မှာ မှီခိုအားထားစရာ မရှိသောသူများ အဖို့ဆိုရင်တော့ သူ့ရဲ့ အကျင့်နဲ့ ကိုက်ညီကောင်း ကိုက်ညီပါလိမ့်မယ်.. ဤသို့သော အချက်အလက်များကို ထောက်၍ စာရေးသူက တကိုယ်ကောင်းဆန်သည့် အကျင့်ဟု စွပ်စွဲလျှင် လွန်မည်မဟုတ်ပါ..

buddha said...

ငနာဂတုံးများဟာဆိုရင် အွန်လိုင်းမှာ အမြဲတမ်းလိုလို ရှိနေတတ်ပါတယ်...လူမြင်ကောင်းအောင် သာဿနာ့အတွက် လူနောက်ကွယ်ဆိုရင်တော့ သြောကားကြည့်နေတာပေါ့...မရှိလို့ မလှူ မလှူလို့ မ၇ှိ ဒီဓာတ်ပြားဟောင်းကြီးကို ထက်ခါထက်ခါဖွင့် လူတွေရဲ့ ဆင်းရဲတွင်းက နက်သထက်နက်လာတယ်...

ဒါကို မသိကျိုးကျွန်ပြု ဂတုံးများရဲ့ ပြောစကားရှိသေးတယ် မြန်မာပြည်မှာ ဆင်းရဲလို့ ငတ်သေတဲ့မသာမရှိပါဘူးတဲ့