ဓမ္မစကြာအခါတော်နေ့


မဟာသက္ကရာဇ် ၁၀၃ခု ၀ါဆိုလပြည့်နေ့ ညနေချမ်း အချိန်တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား မိဂဒါဝုန်တော၌ တရားဦး ဒေသနာတော် ဓမ္မစက္ကပ၀တ္တနသုတ်ကို ဟောကြားခဲ့ပါသည်။

ဓမ္မစက္ကပ၀တ္တနသုတ်၏ အဓိပ္ပါယ်မှာ တရားဒေသနာတည်းဟူသော ဘီးကိုလည်စေခြင်း၊ လှိမ့်ပေးလိုက်ခြင်းဟု အဓိပ္ပါယ်ရပါသည်။

တရားတော်ဟောကြားသည့် ၀ါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍညမထေရ် သောတာပန်တည်ခဲ့ပါသည်။ ထို့နောက် လပြည့်ကျော် ၁ရက် ၊ ၂ရက်၊ ၃ရက်၊ ၄ရက်များတွင် အရှင်ဝပ္ပထေရ်၊ အရှင်ဘဒ္ဒိယထေရ်၊ အရှင် မဟာနာမ်ထေရ်၊ အရှင်အဿဇိထေရ်တို့ အသီးသီးသောတာပန်တည်ကြပါသည်။

၅ရက်နေ့ အနတ္တလက္ခဏာသုတ်ကို ဟောကြားတော်မူသောအခါတွင်မူ ငါးပါးလုံး ရဟန္တာအဖြစ်သို့ရောက် တော်မူခဲ့ကြပါသည်။

ယနေ့သည် ၁၃၇၂ခု ဒုတိယ၀ါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ဖြစ်ပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဟောနေသော ဤပုံတော်ဖြင့်ပူဇော်ပါသည်။


6 ယောက်ဆွေးနွေးချက်:

နေ၀သန် said...

သာဓုပါခင်ဗျာ...း))


ခင်မင်တဲ့
နေ၀သန်

ဧပရယ်လ်ပူး@ပူးတေ said...

မမနမ်းရေ...
လာရောက် ပူဇော်ကန်တော့သွားပါတယ်...

ကျေးဇူးများကြီးတင်ပါတယ်နော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အထွတ်အမြတ်နေ့ထူးရက်မြတ်ပါဘဲ...
ဒီနေ့ကို ပူဇ်ာတာ သာဓုပါ...
ကျန်းမာချမ်းသာပါစေရှင်

Nge Naing said...

ဓမ္မာစင်္ကြာနေ့ကို အတိုချုပ်လေး ဖေါ်ပြပေးထားတာ သာဓု သာဓု သာဓုပါ။

ခြင် said...

နမ်းရေ... သာဓုပါနော်

သူကြီးမင်း (တုံးဖလား) said...

ဘုရားနှင့်တရားနှင့်နေတဲ့သူဆိုတော့လဲ အခါကြီးရက်ကြီးကို သတိရတာပေါ့လေ။ ကျနော်တို့တော့ ဘာရက်တွေမှန်းတောင် ကောင်းကောင်းမသိသလောက်ဖြစ်နေပြီ။ ဘုရားမေ့တရားမေ့ဆိုသလို။ မဖြစ်ချေဘူး။ အမဘလော့ဂ်ကို မကြာမကြာလာမှတော်ကာကျမယ်။ ဒါမှ ရက်ထူးရက်မြတ်တွေကို သတိလာထားမိမှာ။