စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့အချင်းအရာလက္ခဏာ

စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်တယ်။ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။

ဆရာလေးပို့ပေးသောမေလ်းမှ ကူးယူ မျှဝေပါသည်။

13 ယောက်ဆွေးနွေးချက်:

သူကြီးမင်း (တုံးဖလား) said...

စိတ်ချမ်းသာအောင်နေတတ်ဖို့က အချက်အလက်တွေအများကြီးလိုသေးတယ်။ တစ်ခုချင်းစီ လေ့ကျင့်ရဦးမယ်။

အမ ပျော်ရွှင်ပါစေ။

ခြင် said...

ဟုတ်ပါ့ မနမ်းရေ... ကြိုက်တယ်... ဟိ

နေ၀သန် said...

အင်း.. ၂ ခု ၃ ခုလောက်ပိုင်ဆိုင်ရင်ကိုပဲ စိတ်ချမ်းသာရမယ်..း)))


ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

မမရေ....
ဒီစာလေးဖတ်ပြီး ကိုယ့်ကိုကိုယ်ပြန်စစ်ကြည့်တော့ တော်တော်များများလွဲနေတယ်။ အဲဒါကြောင့်လည်း ခဏခဏ စိတ်ညစ်နေတတ်တာ ထင်တယ်။ ကြိုက်လွန်းလို့ ကော်ပီကူးယူသွားတယ်နော်မမ။ ခွင့်ပြုပါဦး။ သိမ်းထားချင်လို့ပါ။

ခင်မင်စွာဖြင့်
ညီမလေး
အင်ကြင်း

ဧပရယ်လ်ပူး@ပူးတေ said...

တချို့အချက်တွေ ရအောင်ကျင့်ရဦးမယ်... ဒါမှ စိတ်ချမ်းသာအောင် နေနိုင်မှာ....

မအနမ်းရေ မျှဝေပေးတာကျေးဇူးပါနော် မမ....

မမဆရာလေးရော နေကောင်း ကျန်းမာပါရဲ့လား....

နေကောင်းကျန်းမာပြီး သာသနာအကျိုးကို ဒီထက်မက ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းတယ်လို့ လျှောက်တင်ပေးပါနော် မမနမ်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်သွားပါတယ် မအနမ်းရေ
ဒီအချက်တွေ အားလုံးပြည့်စုံဖို့တော့ မလွယ်လှဘူး..း)
ကြိုးစားပါဦးမယ်

Anonymous said...

မင်္ဂလာပါရှင်း
ပိုစ့်ကောင်းလေးလာဖတ်ပါ၏။
သာယာချမ်းမြေ့ပါစေနော်
မိုး

သုခုမလေဒီ said...

ပိုစ့်လာဖတ်သူ အားလုံးကိုကျေးဇူးပါ။
စီဗုံးမမြင်ရလို့ ကွန်မန့်လေးတွေဖတ်ရင်း ကြည်နူးမိနေ ရတာပါ။း))

အဖြူရောင်နတ်သမီး said...

ဒီပို့စ်ကို တွေ့နေတာကြာပြီ..မနမ်းရေ...
သေသေခြာခြာ စိတ်နှစ်ပြီး ဖတ်ချင်လို့ကို မဖတ်သေးပဲ အခုမှ လာဖတ်တာ...။

လူတွေဟာ စိတ်ချမ်းသာချင်တယ်လို့သာပြောနေကြတာ..လက်တွေ့မှာ လိုက်နာသင့်တာတွေ..ထားရမယ့်“စိတ်”တွေကို သူတို့လိုက်မလုပ်နိုင်ကြဘူး..။
အဲဒီအထဲမှာ ညီမလည်း တယောက်အပါအဝင်ပါပဲ..။

လူဆိုတဲ့ အမျိုးကလည်း လိုတဲ့စိတ်နဲ့ မလိုတဲ့စိတ်ဆိုပြီး “စိတ်”နှစ်မျိုးရှိတတ်ကြတာမို့..
အဆိုးအကောင်းကိုမျှပြီး “စိတ်”ကလေးထားတတ်မယ်ဆိုရင်...စိတ်ချမ်းသာဖို့ဆိုတာ မခက်ပါဘူး..။ ညီမလည်း ကြိုးစားကြည့်ပါအုံးမယ်..။

sosegado said...

စိတ်ချမ်းသာချင်တယ်၊ လက်တွေ့မှာတော့….. မလွယ်

Anonymous said...

အဲ့ဒီလို အရည်အချင်းတွေ ရှိနေရင်တော့ စိတ်ချမ်းသာတော့မပေါ့ အနမ်းရေ။


မအယ်

ညလင်းအိမ် said...

အများကြီးပဲ .. တော်တော်ကြိုးစားရအုန်းမယ် ..

Nge Naing said...

ဒီထဲမှာ ရေးထားတဲ့အထဲက အချက်တော်တော်များများ ကျွန်မမှာ ရှိတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တခြားသူတွေကို သိပ်ဂရုစိုက်လွန်းပြီး ဥပက္ခာတရားနည်းလွန်းလို့ စိတ်ချမ်းသာအောင်တော့ သိပ်မနေတတ်ဘူး။