တရားမရနိုင်သူများ

“ဓမ္မ” ကိုမြင်ပြီး မကြား၊ ကြားပြီးမမြင်၊ မြင်လည်းမသိ၊ သိလည်းအမှား၊ ထိုသူများ တရားမရနိုင်

တရားဆိုသည်က အကြားနှင့်အမြင်၊ အမြင်နှင့်အသိ၊ အသိနှင့်အမှန် ဤလေးတန်ကို ပေါင်းစပ် နိုင်မှ အောင်မြင် ကြရိုးဖြစ်ပါသည်။

ဘုရားက “ ဇာတိပိ ဒုက္ခ” ဟု ဟောပြောပါသည်။ နားပါသူများး ထိုတရားသံကို ကြားကြပါ သည်။

သို့သော် မွေးလာသော ခလေးနှင့် မိမိ လူဖြစ်လာသည်ကို ဒုက္ခစတင်ပြီဟု မသိ၊ အများအားဖြင့် မိဘ ဘိုးဘွား အားလုံး ၀မ်းသာနေတတ်ကြပါသည်။ ထိုအထဲတွင် သံဃာအချို့ပင် ပါဝင် နေတတ်ပြီး “ မွေးနေ့မင်္ဂလာပွဲကို နှစ်စဉ် အကြိမ်ကြိမ် ပြုလုပ်ပျော်ရွှင်နိုင်ကြပါသည်။

လောကတခွင်၌ လူအို လူနာ လူသေနှင့် ရုတ်တရက် ဘေးကျရောက်ပြီး ပျက်စီးမှု၊ သေဆုံးမှု အဖုံဖုံကို မျက်ဝါးထင်ထင် မြင်နေကြားနေ သိနေကြပါသည်။ သို့သော် ထိုဒုက္ခဘေး အဖုံဖုံထဲ၌ မိမိမပါဝင်သကဲ့သို့ လောလောဆယ် မိမိမခံစားရချိန်ကို မှတ်ယူထားပြီး မေ့လျော့နေသူများ သည် ဒုက္ခဟူသော တရားအသံကို ကြားရပြီး ဒုက္ခကိုမမြင်သူ အိုနာသေဘေး ဒုက္ခကို မြင်သော်လည်း ထိုဒုက္ခဘေးအဖုံဖုံထဲတွင် ငါမပါဝင်သေး၊ ငါမဖြစ်သေး ဝေးပါသေးသည်ဟု မှတ်ထင်ထားသူ ဇရာကို သေခြင်းဟု မသိသေးသမျှ တရားရရန် မလွယ်ပါ။

စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ

မှတ်စု (၇)

7 ယောက်ဆွေးနွေးချက်:

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ် အမရေ...
တရားရဖို့တော့ မလွယ်ဘူး။ လူအားလုံးက ယေဘုယျအားဖြင့် ကိုယ်တိုင် တွေ့ကြုံခံစားရမှ ဒုက္ခလို့ ထင်တတ်ကြတာ။

မှတ်သားသွားပါတယ်။

ကိုဇော် said...

ကောင်းတယ်ဗျာ. .
နှစ်သက်ပါတယ် တိုတို ထိထိ မိမိပဲ။

ဝက်ဝံလေး said...

အင်း အမရေ စာလာဖတ်တယ် သိလား
ဆွေးနွေးချင်ပေမယ့် အမှားပါမှာကြောက်တာနဲ့ မဆွေးနွေးတော့ဘူး နော်
ဟီးးးးးး
တရားက နာနေတဲ့အချိန်တော့ အေးချမ်းပြီး စိတ်ထဲဘာမှသိပ်မရှိဘူး
တရားလဲ နာပြီး ခဏလဲနေရော ဒုံရင်း ဒုံရင်းပဲ
ဝက်မြီးကောက် ကျည်တောက်စွပ်ဆိုတာ အဲလိုများလားလို့ တွေးနေမိတယ် နော် အမ ဟီးးးးးးးး

သော်ဇင်စိုး said...

ဟုတ်ပါတယ်...ဒါပေမဲ့ ဗုဒ္ဓဟာ ဒုက္ခများဖြစ်ကြောင်း ကိလေသာများ ငြိမ်းအေးရာ နိရောဓကိုလည်းညွှန်ပြခဲ့ပါတယ်

kiki said...

အင်းး
သူလဲလေ လောကီသားပေမို့ ..လို့ပဲ သဘောထားလိုက်ပါတော့ လေ ။

များက တရားရပြီးပြီ ဆိုရင်တော့
ခုလို ဘလော့ တွေလိုက်မလည် တော့ဘူး ၊ ...
ခုတော့ တရာ မရသေးလို့  .. ၉၉ ပဲ ရှိသေးတယ် ..
၁ ကျပ်ချေး ပါဦး ..း))

buddha said...

ဂတုံးတွေကြည့် ကိုယ့်အလုပ်ကိုမလုပ်ဘူး ဂေါတာမက နိုင်ငံရေး လုပ်ဖို့ ဘယ်တုန်းကပြောခဲ့လဲ။ဂေါတာမတောင် ဘုရင်ဖြစ်ပြီး နိုင်ငံရေးတွေ မလုပ်ချင်လို့ တောထွက်ခဲ့တာလေ။ စစ်အစိုးရက ပစ်သတ်တာတောင်နည်းသေးတယ်။ အလကားဘာသာရေဗန်းပြ ပြီး အနောက်နိုင်ငံတွေသွားချင်လို့ ကလိမ်ကကျစ်တွေလုပ်ပြနေတာ...နိဗ္ဗာန်ရောက်အောင်တော့ မသွားချင်ဘူး အမေရိကန် အနောက်နိုင်ငံတော့သွားချင် တယ်ဟုတ်လား….. ချီးဗူးဂတုံးတွေ အစားချောင် အနေချောင်တဲ့ နေရာမှာ နိုင်ငံရေး ဗန်းပြပြီး ငြိမ့်ငြိမ့်လေး နေချင်တယ်ပေါ့ ဟုတ်လား…..

ဒီမိုကရေစီနဲ့ ဂတုံးနဲ့ လားလားမှမဆိုင်ဘူး.. ....ကိုယ့်လုပ်ရမဲ့တာဝန်ကို ကျေပွန်အောင်တော့ မထမ်းဆောင်ချင်ဘူး…. နိုင်ငံရေးက လုပ်ချင်သေးတယ်

နောက်တစ်ခုလုပ်စားတာ ရှိသေးတယ် သေသွားတဲ့သူကို (၇) ရက်မြောက်မှာ ရက်လည်တဲ့ကိစ္စ ...ဂတုံးတွေက စားချင်တော့ ဂွင်ဖန်ပြီးလုပ်တာ ဂေါတမ သေတာတောင်ရက်လည်ခဲ့လို့လား.
စစ်အစိုးရက ပစ်သတ်တာတောင်နည်းသေးတယ်။