အနေတတ်ဖို့

Birds Pictures, Images and Photos
သူကမုန်းလည်း...
အမုန်းမဖက် မေတ္တာလက်နှင့်
ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။

သူကငြိုငြင်...
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။

သူကရန်ရှာ...
ပြုမူပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ
အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။

မေတ္တာ, သစ္စာ...
အနစ်နာနှင့် ဘယ်ခါမဟူ
စိတ်ထားဖြူစွာ နေတတ်ပါမှ
သင်၏ဘ၀ အေးချမ်းရလိမ့်။

15 ယောက်ဆွေးနွေးချက်:

သူကြီးမင်း (တုံးဖလား) said...

နှစ်သစ်မှာ အေးမြလှတဲ့ ကဗျာလေးဖတ်ရတာ ရင်ထဲ တကယ်အေးမြသွားပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ အမ။

နေ၀သန် said...

အဓိပ္ပါယ်ပြည့်ဝလိုက်တဲ့ ကဗျာလေးပဲ.. မအနမ်းရေ... ကောင်းလိုက်တာ....

တောသားလေး said...

အစ်မလာလည်သွားပါတယ်။ ကဗျာလေးက အဓိပ္ပာယ် ပြည့်ဝလှပါတယ်။ ငှက်ပုံလေးကိုလည်း သဘောကျလို့ ကူးသွားပါတယ်ခင်ဗျာ။
အစ်မ ကျန်းမာပျော်ရွင်ပါစေ။

Anonymous said...

very good poem

လသာည said...

တအားကို အနှစ်ပြည့်တဲ့ ကဗျာလေးပါပဲ..
ဖတ်ခွင့်ရတာ ကျေးဇူးတင်လိုက်တာ.........

kiki said...

တောထွက်ချင်စိတ်တောင် ပေါက်သွားတယ် ...

ဝက်ဝံလေး said...

နှစ်သစ်မှာ ကဗျာကောင်းလေးနဲ့ ကြိုဆိုတာ မင်္ဂလာရှိလိုက်တာ မ ရေ

နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်

Khyl said...

စိတ်ကောင်းနှလုံးကောင်းရှိလိုက်တာနော်... ခြင်လဲ ကြိုးစားရမယ်... :))

ဂျစ်တူး ( မုံရွာ ) said...

အနမ်းရေ--
သဘောထားပြည့်လိုက်တာဗျာ-
အဲလိုစိတ်မျိုးထားနိုင်အောင်ဂျစ်တူးအများကြီးလေ့ကျင့်
ယူရအုံးမယ်ထင်ပါရဲ့ ဗျာ-
ကျေးဇူးအထူးတင်မိပါတယ် အနမ်း ရေ--
ကဗျာကဝေမလေးရေ - - -

ညလင်းအိမ် said...

ကဗျာလေးထဲက အတိုင်းနေတတ်ဖို့ ကြိုးစားကြည့်ရမယ် ...
ကျေးဇူး အစ်မနမ်း

ဧပရယ်လ်ပူး@ပူးတေ said...

တကယ်အနှစ်သာရရှိတဲ့ ကဗျာလေးပါပဲ.. စဉ်းစားလေ...တွေးလေ အဓိပ္ပာယ်ရှိလေပဲ မမ....

အဖြူရောင်နတ်သမီး said...

ကဗျာလေး ဖတ်ပြီး ရင်ထဲအေးချမ်းသွားတယ် မနမ်းရေ...
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေရှင်...

Flower said...

ကဗျာလေးဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသွားတယ် အနမ်းရေ
ငါကိုယ်တိုင် လူတိုင်းအပေါ်ဒီလို သဘောထားနိုင်ရဲ့လားလို့ပေါ့..
ခုလိုသာ သဘောထားနိုင်ရင် လူတိုင်းနဲ့ အဆင်ပြေပြီး
ပျော်ရွှင်သာယာတဲ့ ပါတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာတော့သေချာတယ်နော်
ကြိုးစားပါဦးမယ်
ဒီကဗျာလေးကို လေးလေးနက်နက် ခံစားသွားပါတယ်..

မောင်ကောင်း said...

ဒီကဗျာလေးအတိုင်း နေနိုင်ရင်တော့ အတော်အေးချမ်းမှာပါပဲအစ်မရေ..။

ဂျစ်တူး ( မုံရွာ ) said...

အနမ်းရေ - - -
ဓါတ်ပုံတွေနဲ့ပြန်တင်ထားတယ်-လာပြီးတော့ဂျီကျလှည့်ပါ
အုံးခင်ဗျာ-ဘာလိုသေးသလဲလိုပါ-
ညွန်ကြားပေးခဲ့တာကျေးဇူးပါခင်ဗျာ-