တရားရလွယ်သူနှင့် တရားမရနိုင်သူ

*အသိအမှတ် စိတ်၍ မြဲသူက တရားရလွယ်ပြီး

*အသိအမှတ် ကြဲသူ မေ့ထားသူက တရားရရန်မလွယ်


ဥပမာ.. မိမိနှစ်သက်သော ၀က်သားတုံးကို ကိုက်စားနေလျှက်က ကြမ်းပြင်ပေါ်သို့လွတ်ကျခဲ့ သော်လည်း ပြန်ကောက်စားနိုင်ပါသည်။ ထိုစားဆဲ ၀က်သားတုံးက ကြမ်းပြင်သို့မကျပဲ မစင်ပုံပေါ်သို့ကျသွားပါက ပြန်ကောက်၍ မစားနိုင်တော့ပါ။ ရေဆေးပေးသော်လည်း မစားတော့ပဲ စွန့်ပစ်နိုင်ကြပါသည်။ သို့သော် အလားတူစွာသော ၀က်တစ်ကောင်သည် မစင်လူးပြီး မစင်ကိုစားနေဆဲ၊ ထိုဝက်ကို တစ်နေရာတွင် သတ်ပြီး အသားကိုလာရောင်းပါက ၀ယ်စားနိုင်ပြန်ပါသည်။

အဓိကတရားအချက်က..


ပဌမ မစင်ပုံပေါ်ကျသွားသော ၀က်သားတုံးကိုရေဆေးထားသော်လည်း မစင်နှင့်လူးခဲ့ပြီးဖြစ်သောကြောင့် မစင်ပုံပေါ်ကို ကျခဲ့သည်ကိုမြင်၍ အစွဲမပြတ်သောကြောင့် မစင်ကိုရွံရှာသဖြင့် မိမိနှစ်သက်သော ၀က်သားတုံးကို စွန့်ပစ်နိုင်ခြင်း ဖြစ်ပါသည်။


ဒုတိယ ၀က်သားဟင်းချက်ထားသော ၀က်သားသည်လည်း မကြာမီကပင် မစင်လူး၊ မစင်စားခဲ့သော ၀က်ဟု သိထားသော်လည်း အမြင်မသန် အသိမစွဲ အသိမမြဲသောကြောင့် စားနိုင်ခြင်းဖြစ်ပါသည်။ ထိုသဘောတရားကဲ့သို့ ယနေ့ ကျွန်ုပ်တို့သည် ဆင်းရဲ၊ ငရဲ၊ အကုသိုလ်တရားဆိုးများက ဘ၀သံသရာ တလျှောက်တွင် ဒုက္ခဆင်းရဲကို ကြုံတွေ့ပါမည်ဟု ဓမ္မက မည်မျှပင်ဖော်ပြဆုံးမထားသော်လည်း အသိအမှတ်ကြဲပြီး ဒုက္ခဆင်းရဲကို မေ့ထားနိုင်သဖြင့် အကုသိုလ်စရိုက်ဆိုးများကို ပြုကျင့်ရဲကြပါသည်။ မစင်လူးပြီး မစင်စားထားသော ၀က်ကို သတ်စားနိုင်သကဲ့သို့ ပင်ဖြစ်ပါသည်။

ထိုပုဂ္ဂိုလ်များ တရားရရန် မလွယ်ပါ။


စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မစာစုများ

မှတ်စု (၁) မှဖော်ပြပါသည်။

7 ယောက်ဆွေးနွေးချက်:

kiki said...

မျက်ကန်း တစ္ဆေ မကြောက် ..ဆိုသလိုလား ..
ဝက်သားတော့စားတယ်..
မစင်တော့ ..း((
ဝက်သားတုံးကြီး ရေမွှေးထဲ ကျရင်ရော..
စားရကောင်းမလား ... စဉ်းစားနေတာ ..
ဘာလို့လဲ ဆိုတော့ တရား မသိသေးလို့ ....

ဝက်ဝံလေး said...

ဟုတ်ကဲ့ ဖတ်မှတ်သွားပါတယ်နော်
ဟွန့် ဝက်သားဆိုလို့ ဂယ်များလားပေါ့
မစင်တော့ ဟီးးးးးးးးးးးးး

~ဏီလင်းညို~ said...

မအနမ်းရေ....
ကျေးဇူးဗျာ....။
ကြိုးစားရဖို့ အများကြီးလိုနေသေးတာတော့ ကိုယ့်ကိုယ်ကို သိနေဆဲဗျာ....။
ဒီလိုစာလေးတွေ ဝေမျှနေတာကို ကျေးဇူးတစ်ကယ်တင်တယ်....။
ခင်မင်တဲ့
ဏီလင်းညို

Unknown said...

အသိအမှတ် စိတ်၍ မြဲသူက တရားရလွယ်ပြီး

*အသိအမှတ် ကြဲသူ မေ့ထားသူက တရားရရန်မလွယ်

မှတ်သားသွားပါတယ်

သူကြီးမင်း (တုံးဖလား) said...

ဝက်သားစားရမှာတောင် မ၀ံ့မရဲ ဖြစ်မိတယ်။
ဒါပေမဲ့ ဒီက ၀က်တွေကတော့ မစင်မလူးဘူးရယ်။းဝ

ဥပမာလေးတွေကောင်းတယ်အမ။
မြင်သာတဲ့ ဥပမာလေးပေါ့။

သူကြီးမင်း (တုံးဖလား) said...

အပေါ်က ၀က်မလေး (၀က်ဝံလေး)ကတော့ မစင်လူးလားမလူးလား မသိဘူး။ ဒါပေမဲ့ သူက နေရာတိုင်း ရောက်နေတာဆိုတော့...းဝ(

ဂျစ်တူး ( မုံရွာ ) said...

အင်း - - - -
ဒီကနေ့ ဝက်အူချောင်းနဲ့ ထမင်းစားမယ်လို့
အခုတော့ - - -
မျက်လုံးထဲကိုကွက်ကွက်ကွင်းကွင်းမြင်တတ်အောင်ရေး
တဲ့စာရေးဆရာဋ္ဌေကာင့် - - -
မစားရတော့ဘူးလား - - - စားရအုံးမှာလား - - -