ဖေဖေါ်ဝါရီနေ့ရက်များ

http://www.davidgregoryonline.com/images/l-cra/Linnea/img2L.jpg

ဖေဖေါ်ဝါရီလမှာ အထိမ်းအမှတ်နေ့များ ဆက်တိုက်ဆိုသလိုပါပဲ။ ဖေဖေါ်ဝါရီ ၁၂ရက်နေ့၊ ဖေဖေါ်ဝါရီ ၁၃ရက် နေ့နဲ့ဖေဖေါ်ဝါရီ ၁၄ရက်နေ့များဟာ ထူးခြားတဲ့နေ့များဖြစ်ပါတယ်။


ဖေဖေါ်ဝါရီ ၁၂ရကနေ့ဟာ ပြည်ထောင်စုနေ့ ဖြစ်သလို၊ ဖေဖေါ်ဝါရီ ၁၃ဟာ ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁၄ကတော့ ချစ်သူများနေ့အဖြစ် တကမ္ဘာလုံးက သတ်မှတ်ထားတဲ့နေ့ပါ။ သို့ပေမယ့် လူအများဆုံး စိတ်ဝင်စားခြင်းတွေ့ရတာကတော့ Valentine Day လို့ ခေါ်ဆိုကြတဲ့ ချစ်သူများနေ့သာ ဖြစ်ကြပါတယ်။ ပြည်ထောင်စုနေ့ကတော့ ထူးခြားတဲ့ အထိမ်းအမှတ်နေ့အဖြစ် ရုံးပိတ်ရက် သတ်မှတ်ထားတာကြောင့် လူအတော်များများဟာ ပြည်ထောင်စုနေ့ အဓိပ္ပါယ်ကို ကောင်းစွာ မသိပေမယ့်လည်း ပြည်ထောင်စုနေ့ အဖြစ်တော့ သိထားကြပါတယ်။


ကျွန်မတို့ငယ်ငယ် ကျောင်းသုဘ၀ကဆိုရင်တော့ ပြည်ထောင်စုနေ့ကို တစ်ကျောင်းလုံးရှိ ကျောင်း သား/ သူများ က ဆရာ/ဆရာမများနဲ့အတူ အလံတော်လာမယ့်နေရာကနေစောင့်ကြိုကြရပါတယ်။ ခုခေတ် ကလေးငယ်များ ကတော့ ပြည်ထောင်စုနေ့ အဓိပ္ပါယ်ကိုတောင် ကောင်းစွာသိပါ့မလားပဲ။


ဖေဖေါ်ဝါရီ၁၂ရက်နေ့ ကို ပြည်ထောင်စုနေ့ လို့သတ်မှတ်ခဲ့ပါတယ်။ ပြည်ထောင်စုနေ့ဟာ တစ်ပြည်လုံးရှိ တိုင်းရင်းသား အပေါင်းတို့နှင့်သက်ဆိုင်တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။


၁၉၄၆ခုနှစ် ဇန်န၀ါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖ.ဆ.ပ.လ ညီလာခံကြီးက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ဆောင်ရွက်ပြီး၊ အတူတကွ လွတ်လပ် သော ပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကာ၊ ဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်ရန် မြန်မာ့  ခေါင်းဆောင်ကြီးများက ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။


၁၉၄၇ခုနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်နိုင်ငံသို့ မြန်မာ့ လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြစဉ်က ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေး ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ တောင်တန်းဒေသများမပါသော လွတ်လပ်ရေးသည် မြန်မာတို့အတွက် အဓိပ္ပါယ်မရှိသော လွတ်လပ်ရေးဖြစ်သည်ဆိုတာာကြောင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ကြခြင်းပဲဖြစ်ပါတယ်။


ထို့နောက် ဖေဖေါ်ဝါရီလ နံနက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းကိုယ်စားလှယ်များ ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပကိုရေးထိုးခဲ့ပါတော့တယ်။


သို့ပါသောကြောင့် ပြည်ထောင်စုနေ့ ဆိုသည်မှာ တတိုင်းပြည်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ် မှုကိုပြနိုင်ခဲ့သောနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။


ပြည်ထောင်စုတိုင်းရင်းသားအားလုံး မမေ့အပ်သော နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဖေဖေါ်ဝါရီ၁၂ရက် ပြည်ထောင်စုနေ့ ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာကိုသိရပါတယ်။

ထို့အတူ ဖေဖေါ်ဝါရီ၁၃ရက်နေ သည်လည်း မြန်မာ့လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ အာဇာနည် တစ်ယောက် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ ရတဲ့ အာဇာနည်သူရဲကောင်း ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁၃ရက်ဟာလည်း ကျွန်ုပ်တို့အတွက် နေ့ထူးနေ့မြတ်တစ်ရက်လို့ဆိုနိုင်ပါတယ်။ ယခုအခါမှာတော့ လူငယ်များအနေနဲ့ ဖေဖေါ်ဝါရီ ၁၃ရက်ဖြစ်တဲ့ ဗိုလ်ချုပ်မွေးနေ့ကိုပင်မေ့လို့ ဖေဖေါ်ဝါရီ ၁၄ရက်ဖြစ်တဲ့ Valentine Day ကိုတော့ အထူးတလည် အမှတ်တရဖြစ်နေလို့ပါပဲ။ လူအတော်များများကပင် Valentine Day ကို ဘယ်သွားမလဲ။ ဘာလုပ်မလဲ စသည် ဖြင့် အရေးတယူဖြစ်နေပြီး နေ့ထူးနေ့မြတ်များကိုတော့ မေ့လျော့လို့နေပါတယ်။


ဗိုလ်ချုပ်မွေးနေ့ အမှတ်ရစေဖို့ ကျွန်မတို့ငယ်ငယ်က သင်ကြားခဲ့ရတဲ့ ဗိုလ်ချုပ်အကြောင်း ကိုဂုဏ်ပြုတဲ့ ကဗျာ လေးတစ်ပုဒ် ရှိခဲ့ပါတယ်။ ခုဆိုရင်တော့ အဲဒီကဗျာကို ကလေးလူငယ်တွေ သိပါအုံးမလားပဲ။


“ဖေဖေါ်ဝါရီဆယ့်သုံးမှာ

ဗိုလ်ချုပ်မွေးနေ့ပါ၊
တထောင်ကိုးရာတဆယ့်ငါး

ရှေ့နေဦးဖာသား၊
ဇာတိနတ်မောက်မကွေးခရိုင်

သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊

မိခင်ဒေါ်စုသား။

တထောင်ကိုးရာလေးဆယ့်ခွန်

ပြောင်းကြွတမလွန်၊
မျက်ရည်ဖြိုင်လို့ဘ၀င်ညှိုး

ဇူလိုင်တဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ

ဗိုလ်ချုပ်ချမှတ်သွား။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်

ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား’’

ခုခေတ်လူငယ်များအနေနဲ့လည်း မှတ်သားထားသင့်တဲ့ ဗိုလ်ချုပ်အကြောင်းကဗျာလေးပါ။

လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲ့ဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကိုမြတ်နိုးမှု (Love of truth) ရယ် ဒါပဲဖြစ်တယ်။ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိ လည်းရှိရမယ်။” ဒါကတော့ ဗိုလ်ချုပ်ပြောကြားခဲ့တဲ့စကားလေးပါ။


ဒီနှစ်ဟာ ဗိုလ်ချုပ်ရဲ့ ၉၅နှစ်မြောက်မွေးနေ့လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီ၁၃ရက်ရဲ့ နေ့ထူးနေ့ မြတ်အဖြစ် မှတ်တမ်းတင်ရေးသားလိုက်ရခြင်းပါ။


ဖေဖေါ်ဝါရီ၁၄ရက်နေ့ဖြစ်တဲ့ Valentine Dayအပေါ် လူတွေရဲ့ အာရုံစိုက်မှုဟာ ယခုအခါမှာ ပိုပြီး ကြီးမားနေပါတယ်။ ပုပ်ရဟန်းမင်းကြီး Gelasiusက အေဒီ(၄၉၈)ခုနှစ် အရောက်မှာ Valentine Day ကိုဖေဖော်ဝါရီလ (၁၄) ရက်နေ့အဖြစ် သတ်မှတ်တဲ့အကြောင်း တရားဝင်ကြေငြာထားပါတယ်။ ခရစ်ယန် မဟုတ်တဲ့ သူတွေရော၊ ဥရောပဒေသက မဟုတ်တဲ့သူတွေပါ ဒီပွဲလေးကို ဆင်နွှဲခွင့် ရလာပါ တော့တယ်။ အဲဒီနောက် ပိုင်းတော့ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ကျရောက်တဲ့ Valentine Day ဟာ ချစ်ခြင်းဖွဲ့ သင်္ကေတတစ်ခု အဖြစ် တစ်ကမ္ဘာလုံး လက်ခံယုံကြည်ပြီး အမှတ်တရ ကျင်းပခဲ့ကြတာ ဒီနေ့အချိန်ထိပါပဲ။ Valentine Day ဖြစ်ပေါ်လာခြင်းအကြောင်းကတော့ အမျိုးမျိုးပါပဲ။ အဲဒီအကြောင်း အရာနဲ့ပတ်သတ်လို့တော့ မရေးသားချင်တော့ပါဘူး။ Valentine Day ရဲ့ ဒဏ္ဍာရီများစွာ ရှိကြတယ်လို့ လည်းဆိုကြပါတယ်။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအကြောင်းနဲ့ပတ်သတ်လို့ ကျွန်မကိုယ်တိုင်လည်း အသေအချာ သိပ်မသိပါဘူး။


ကျွန်မတို့နိုင်ငံ ကျွန်မတို့လူမျိုးအနေနဲ့သိသင့်တာက ဖေဖေါ်ဝါရီ ၁၂ရက်နဲ့ ဖေဖေါ်ဝါရီ ၁၃ရက်များသာဖြစ် ပါတယ်။ ကျွန်မတို့အနေနဲ့ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ များဟာ နေ့ထူးနေ့မြတ်များလို့ ဆိုရမှာဖြစ်ပါ တယ်။ Valentine Day ကတော့ ချစ်သူများအတွက် အမှတ်တရနေ့တစ်နေ့သာဖြစ်ပါတယ်။ နေ့ထူးနေ့မြတ် မဟုတ်ပါဘူး။ အမှတ်တရနေ့နဲ့ နေ့ထူးနေ့မြတ်ဆိုတာကို ကျွန်မတို့ခွဲခြားနားလည်ထားဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် လည်း ကျွန်မတို့ရဲ့ နေ့ထူးနေ့မြတ်ကို သတိတရရှိကြစေဖို့ ဒီပိုစ့်နဲ့အတူ သတိပေးကာ ဂုဏ်ပြုခြင်း သာဖြစ်ပါတယ်။


မှတ်ချက်။ ။ အကြောင်းအရာများ ဆီလျော်မှုမရှိခြင်းအတွက် ပိုစ့်လာဖတ်သူများကို အထူး တောင်းပန်ပါတယ်။

18 ယောက်ဆွေးနွေးချက်:

kiki said...

ဖေဖေါ်ဝါရီ ၁၂ နဲ့ ၁၃ ရက်တွေ ကိုတော့ သိတယ် ။

၁၄ ရက် ကိုတော့ မသိဘူး .. ကိုယ်နဲ့ မှ မဆိုင်တာ ပဲ လေ ..( အားငယ်စွာ နဲ့ ပြော သံ )..
ခုမှတော့ မသိချင်ယောင်ဆက်ဆောင်နေလိုက်တာပဲ ကောင်းပါတယ် ... ( ကိုယ့် ကိုယ်ကိုယ် အားပေးသံ..)း))

sonata-cantata said...

ဖေဖေါ်ဝါရီမှာ နေ့ထူးနေ့မြတ် နှစ်ရက်တောင် ရှိတာနော်
အပြင်မှာ အေးချမ်းသလောက် ရင်ထဲက အနွေးဓာတ်တွေနဲ့ လှပနေတဲ့ ပင်လုံက ဆောင်းမနက်ခင်လေးကို သတိရ သွားစေပါတယ် အနမ်းရေ...

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။ နေ့ထူးနေ့မြတ်ကို တန်ဖိုးထားသင့်တယ်။
ကျနော်တို့အားလုံး တန်ဖိုးထားသင့်တဲ့အရာပါ။

နေ၀သန် said...

တကယ်ကောင်းမွန်တဲ့ စာလေးပါ... အမရေ.... တကယ်တော့ မျိုးဆက်သစ်လူငယ်အတော်များများ မေ့လျော့နေကြတာ ၁၃ ရက်နေ့ပါ... ၁၂ ရက်နေ့တော့သိမှာပေါ့ ကျောင်းပိတ်တာကိုး.....း(((

မိုးစက်အိမ် said...

ကောင်းလိုက်တဲ့ ပို့ စ်လေးအမရေ ဒါတွေကိုခုလူငယ်လေး
တွေခွဲခြားသိမြင်တတ်ရင်ကောင်းတာပေါ့ဗျာ လူငယ်ဆို
တော့လည်းခေတ်ကရှိသေးတယ်လေ ဘာဖြစ်ဖြစ် ဖေဖော်ဝါရီ
14 ရှေ့ မှာ ပြည်ထောင်စုနေ့ နဲ့  ဗိုလ်ချုပ်မွေးနေ့ လို
အစားထိုးမရတဲ့  ကြီးကျယ်မြင့်မြတ်တဲ့  နေ့ ထူးနေ့ မြတ်
တွေရှိနေတယ်ဆိုတာသိကိုသိထားသင့်ပါတယ်ဗျာ

Anonymous said...

ဒါကတော့ ဒီလိုရှိပါတယ် ဟိုဟာကတော့ဟိုလိုရှိပါတယ်
ယောင်ဝါးတွေများနေတဲ့လောကကြီးထဲ ယောင်ဝါးဝါးတွေဖြစ်ကုန်ပြီ နောင်ဆိုရင် ရင်လေးစရာအနေအထားပါပဲ ဖေဖော်ဝါရီ ၁၂၊၁၃ မှာဘာလုပ်မလဲဆိုတာထက် ၁၄ မှာဘာလုပ်မလဲဆိုတာကို အလေးအနက်ထားနေကြပြီလေ ၁၄ ရက်နေ့ဆို အိမ်တိုင်ရာရောက်ပန်းစီး ပို့ပေးမယ့်အစီအစဉ်တွေ ပျော်ပွဲရွှင်ပွဲတွေ ၁၄ ရက်နေ့ကြီးပဲ နေ့ထူးနေ့မြတ် အထင်ကရ နေ့ကြီးလိုဖြစ်နေတာကလား ပြောရရင် ရင်တွေ မောတယ်ဗျာ

ရေတစ်ခွက်လောက် အနမ်းရယ် ကျွန်တော်မောင်ဖိုးနမ်းပါ ဟိဟိ

ဂျစ်တူး ( မုံရွာ ) said...

ပုလင်းကလေးနဲ့ ပန်းကလေး-(လှလိုက်တာဗျာ)
စိတ်ကူးကောင်းလိုက်တာ-အနမ်းများစွာပေးသွားတယ်
ဓါတ်ပုံကလေးကိုပါ-လူကိုတော့ပေးရဲဘူး(စိတ်ဆိုးမှာစိုးလို့ )

စည်သူ said...

ဘာမှ မပြောချင်ပါဘူးဗျာ..

ခုလိုရေးသားဖော်ပြမှုအတွက် ကျေးဇူးတင်ပါတယ်..

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..

လေးစားစွာဖြင့်
စည်သူ

စည်သူ said...

ဘာမှ မပြောချင်ပါဘူးဗျာ..

ခုလိုရေးသားဖော်ပြမှုအတွက် ကျေးဇူးတင်ပါတယ်..

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..

လေးစားစွာဖြင့်
စည်သူ

စည်သူ said...

ဘာမှ မပြောချင်ပါဘူးဗျာ..

ခုလိုရေးသားဖော်ပြမှုအတွက် ကျေးဇူးတင်ပါတယ်..

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..

လေးစားစွာဖြင့်
စည်သူ

ကိုလူထွေး said...

ရှိသေးတယ်.. တရုတ်နှစ်သစ်ကူးနေ့.. ဒီတနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကျတယ်တဲ့...

းဝ)

နွေဆူးလင်္ကာ said...

ရှိသေးတယ်လေ။ ဖေဖော်ဝါရီဟာ လေးနှစ်တစ်ခါပဲ သူ့သားလေးကို တွေ့ခွင့်ရတဲ့ မိခင်တစ်ယောက်ပေါ့။

ကိုတိုး said...

မ အနမ်းရေ လာလည်သွားတယ်ဗျာ ဖေဖော်ဝါရီလမှာ အမှတ်တရစရာလေးတွေ အများကြီးရှိတာပဲနော်။ 14 ရက်နေ့တော့ဆိုင်တယ်ထင်တာပဲနော်။
အဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

~ဏီလင်းညို~ said...

မအနမ်းရေ...
ကျွန်တော်ပြောချင်တာကို အစ်ကိုလူထွေးက အရင်ပြောသွားတယ်....ဟွင်းးးးးး
အဲ့ဒီရက်တွေ....မှာဆင်နွဲခဲ့ရဖူးတဲ့ ကျောင်းသားငယ်လေးတစ်ယောက်....
အဲ့ဒီနေ့အထိမ်းအမှတ်ကဗျာလေးကို မူလတန်းကျောင်းသားဘ၀မှာ နှုတ်တိုက် အော်ကျက်ခဲ့ရတဲ့ ကျောင်းသားငယ်လေးတစ်ယောက်ဖြစ်ခဲ့ရတာမို့ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူးဗျာ....း(
ခင်မင်တဲ့
ဏီလင်းညို

မောင်ကောင်း said...

အမှတ်တရနဲ့ နေ့ထူးနေ့မြတ်အကြောင်းလေး ဖတ်မှတ်သားသွားပါတယ်အစ်မရေ..
အခုလို သတိတရဖြစ်အောင် ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါပဲ..။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပါစေ...။

စံလင်းထွန်း said...

ဗိုလ်ချုပ်မွေးနေ့ကဗျာလေး ဖတ်သွားပါတယ်။

Unknown said...

သတိပေးတဲ့ပိုစ့်လေးပါ
ကျေးဇူးတင်ပါတယ်

သဒ္ဓါလှိုင်း said...

အခုလိုအမှတ်တရဖေါ်ပြပေးတာကျေးဇူးတင်မိပါတယ်။။

ခင်တဲ့
သဒ္ဓါ