သီတင်းကျွတ်ရာသီ




candles Pictures, Images and Photos ဗုဒ္ဓမြတ်စွာဘုရားအား ဆီမီးအလင်းရောင်များဖြင့် ပူဇော်ကြသော ချစ်စရာညီမလေးများ
ရဲ့ အပြုမူလေးပါ။ အိမ်နီးချင်းဖြစ်တဲ့ အဲဒီကလေးငယ်နှစ်ဦးက သိတတ်စအရွယ်ကတည်းက နှစ်တိုင်း သူတို့ ရဲ့ လမ်းကလေးကနေ ဆီမီးဖယောင်းတိုင်များ ထွန်းညှိကာ မြတ်စွာဘုရား ကြွလာတာကို ကြိုဆိုကြပါသတဲ့။
လိမ္မာရေးခြားရှိတဲ့ကလေးငယ် နှစ်ဦးဟာ ကျွန်မရဲ့ အိမ်နီးချင်းဖြစ်သလို ကျွန်မချစ်တဲ့ ကလေး နှစ်ဦးလို့ ပြောလို့ ရပါတယ်။ ဒါကြောင့် သူတို့ ပုံကလေးတွေကို အမှတ်တရရှိနေအောင် ပိုစ့် တင်ထားလိုက်ခြင်းပါ။






ဗုဒ္ဓမြတ်စွာဘုရားရှင်ကို အလင်းဖြင့်ပူဇော်နေကြသော ညီအစ်မနှစ်ဦး





လမ်းတစ်လျှောက်ကို ဆီမီးဖယောင်းတိုင်များ ထွန်းညှိနေကြပုံ



ညီအစ်မ ၂ဦးရဲ့ ဆီမီးအလှူ


ဆီမီးထွန်းညှိထားသောလမ်းကလေး

ကွန်နက်ရှင်အားမကောင်းလို့ ပိုစ့်တင်ရက် တစ်ရက်နောက်ကျသွားပါတယ်။
သီတင်းကျွတ်ရာသီ မှာ အားလုံးသောသတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ။
(မ) အနမ်း







11 ယောက်ဆွေးနွေးချက်:

kiki said...

ကလေး လေး နှစ်ယောက်က ဒီလောက်တောင် လိမ္မာတယ်နော် .. ဟိုတယောက်က ဗျောက်အိုးဖေါက်ဖို့ ပဲ စိတ်ကူးနေတယ် ..

အဲ့ဒီ လမ်း မှောင်မှောင်ရဲ့  အဆုံး ကို သေချာ စိုက်ကြည့် လိုက်... တွေ့ လားးးး အဖြူ အရိပ် လေးထောင့်ကွက်လေးး
အဲဒါ ဘာကြီးလဲ ..


ဟားဟား... တွေ့ ပြီလား ..လန့် သွား လားးး
(မခိုင်တို့ အိမ်က အုတ်ထရံ ကြီး .. )
နောက်နှစ်ဆို သူတို့ ကို လာပြီး ကူထွန်းပေးဦးမှပဲ ..
ဒါမှ ကိုယ့်ပုံ ပါ အမှတ်တရ ပါလာ မှာ ဟီးဟီး

မောင်ကောင်း said...

ဘုရားရှင်ကိုကြိုဆိုတဲ့ ကလေးလေးနှစ်ယောက်ကို သာဓုခေါ်ပါတယ်ဗျာ.. ဖော်ပြပေးတဲ့ အစ်မလည်း သီတင်းကျွတ်လပြည့်နေ့မှသည် စာကောင်းပေမွန်များ ဆက်လက်ရေးသားဖြန့်ဝေနိုင်ပါစေလို့ .. ဆုမွန်ကောင်းတောင်းပေးပါတယ်...။

Unknown said...

သာဓုပါဗျာ...

ဝါကျွတ်ပြီဗျ.. အမ အနမ်း ပျော်ရွှင်ပါစေနော်... :) :) :)

လမ်းလေးနဲ့ တည်နေရာလေးကို သဘောကျတယ်...

မိုးစက်အိမ် said...

ဆီမီးထွန်းထားတာလေးက ကဗျာဆန်တယ်ဗျာ :)

နွေဆူးလင်္ကာ said...

ပျော်စရာကောင်းတဲ့ သီတင်းကျွတ်လေးပါ။ အားလုံးပဲ သံသရာကြီးက ကျွတ်ကြဖို့ မေတ္တာပို့လိုက်ပါတယ်။

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်

သီတင်းကျွတ်ပွဲတော်မှာ လိုရာ၊ တောင့်တရာကို ပြည့်ဝကြပါစေကွယ်။

သာဓုပါဗျာ.....။

Anonymous said...

အေးဗျာ.. အဲလိုပွဲတွေ မနွှဲဖြစ်တာတော် အတော်ကြာနေပြီဗျာ...။

ဝက်ဝံလေး said...

ဖွားကိ အားဂျီးနောက်တယ် သိလား အနမ်း သူနဲ့မခေါ်နဲ့ သူ လူဇိုးးး သိလား ဟိဟိ ငယ်ငယ်က သီတင်းကျွတ် ကစားခဲ့တာတွေ သတိရတယ် ကွယ် ဟိဟိ လူကြီးလေသံနဲ့ပြောသွားတယ်နော်

အခုတော့သိပြီမလား ဝက်ဆိုတိုင်း အထင်မသေးရဘူးလို့ ဟားဟားးးးးးးးးးးးးးး

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

ဆီမီးထွန်းထားတဲ့ လမ်းလေးကို ကြည့်ပြီး ရင်ထဲမှာ တမျိုးလေးပဲ... ကြည်နူးမိတယ် အစ်မ အနမ်းရယ်... သမီးလေးနှစ်ယောက်ရဲ့ ကုသိုလ်ကိုလည်း သာဓုခေါ်ပါတယ်...

Younggun said...

သာဓု ခေါ်သွားပါတယ် ပီတိလဲ ဖြစ်မိပါတယ်။ ကောင်းသော အမွေကို နောင်နှစ်များစွာတိုင် ထိန်းသိမ်းနိုင်ပါစေ..လို့