ကျောက်တန်းသို့ တစ်ခေါက်

ပါဒကြီးဘုရား (ဘက်စုံမွမ်းမံနေဆဲ)

ကျိုက်မှော်ဝန်းရေလယ်ဘုရား
ကျိုက်မှော်ဝန်းရေလယ်ဘုရား (မူလ ပထမ)


အဖေဆုံးတာအနှစ်၂၀တောင်ပြည့်ပါပြီလား။ အဖေဆုံးပြီးတဲ့နောက် ကျွန်မတို့  မောင်နှမတစ်တွေကို ဆက်လက်ကျွေးမွေးခဲ့ရတဲ့ အမေ့ရဲ့ ကျေးဇူးတွေက တော်တော် ကြီးမားပါတယ်။ အခက်အခဲမျိုးစုံကို အံ့တုရင်း ကျောင်းသူအရွယ်ကျွန်မတို့ ညီအစ်မ၃ယောက်ကို ပညာပြီးဆုံးသည်ထိ ဆက်လက်စောင့်ရှောက်ကျွေးမွေး ခဲ့ရပါတယ်။ ဒီကြားထဲ အဖေ့နှစ်ပတ်လည်တိုင်းမှာ မပျက်မကွက်အလှူအတန်းပြုခဲ့တာဟာ ယခုချိန်ထိပါပဲ။

ဒီတစ်ခေါက် ထူးခြားတာက အဖေ့မွေးရပ်မြေဖြစ်တဲ့ ကျောက်တန်းမှာ သွားရောက်လှူဒါန်းဖြစ်ပါတယ်။ ကျောက်တန်း ပါဒကြီးငါးထပ်ကြီး ဘုရားအနီးရှိ ဘိုးဘွားရိပ်သာမှာဖြစ်ပါတယ်။ ပါဒကြီးဆိုတာတော့ ရှေးယခင် တိုင်းပြည်တပြည်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပါဒတိုင်းပြည်တပြည်ပေါ့၊ မွန်လူမျိုးတို့ နဲ့  ကရီ လို့ ခေါ်တဲ့ ကရင်လူမျိုးများနေထိုင်ခဲ့ရာ တိုင်းပြည်လို့  ဆိုပါတယ်။ ပါဒဆိုတဲ့မြန်မာလိုအဓိပ္ပါယ်ကတော့ အရင်းအမြစ်၊ ရှေးဦး ပထမလို့ ဆိုပါတယ်။

ယခု ပါဒကြီးဘုရားကိုဘက်စုံပြန်လည်မွန်းမံ နေတာကြောင့် ငြမ်းများတပ်ဆင်ထားတာကို တွေ့ ရတာဖြစ်ပါတယ်။

သိတတ်ခါစအရွယ်မှာသာတစ်ခေါက်ရောက်ဖူးတဲ့ ကျွန်မ၊ အမေတို့ နဲ့ အတူလိုက်ပြီး ဘုရားဖူးခွင့်ရတာကိုပဲ ပျော်ရွှင်ကြည်နူးမိပါတယ်။ ဘိုးဘွားများကို ကျွေးမွေးတဲ့အစီအစဉ်ပြီးတဲ့နောက် ကျွန်မတို့ မိသားစု ကျိုက်မှော်ဝန်းရေလယ် ဘုရားကိုသွားရောက်ဖူးမြှော်ဖြစ်ကြပါသေးတယ်။
27th Sep 2009 အမှတ်တရပါ..
ဓါတ်ပုံလေးများကိုတော့ လာလည်တဲ့မိတ်ဆွေအပေါင်းဖူးမြော်ရအောင် ပိုစ့်တင်ပေးထားပါတယ်။












13 ယောက်ဆွေးနွေးချက်:

kiki said...

ဘုရားလာဖူးတယ်...
ပြုခဲ့တဲ့ ကုသိုလ် ကို အမျှမဝေတော့ဘူးလား ..

ပါဒကြီးဘုရား ဟိုးတခါပြန်လာတုံးက တခေါက်ပဲ ရောက်ဖူးတယ်... နောက်များမှ ပဲ....
နောင် အနှစ် ၂၀ မှ ဖြစ်ချင်ဖြစ်တော့မယ်ထင်ပ..
အဲ့ဒီအချိန်ဆို ....???

စည်သူ said...

ဘယ်လိုဖြစ်တာလဲဟ..
ပေါလိုက်ချင်ဘူး.. ၂ ချစ်တွားတယ်..

ကောင်းပါတယ်ဗျာ..
အခုလိုမိဘူမေတ္တာကို နားလည်သိတတ်တဲ့ သမိးအလိမ္မာလေး အစဉ်ထာဝရ အေးချမ်းသာယာပါစေဗျာ..

အော်... အဲဒီချိန်ဆို
သသသသမိးမီးတို့ရေဟေဟေ..

တလနွန် said...

ဘုရားလာဖူးပါတယ် မအနမ်း။ ကျောက်တန်းကို တစ်ခါမှ မရောက်ဖူးသေးဘူး :)

သူကြီးမင်း (တုံးဖလား) said...

အမ ပါဒကြီးဘုရား ပြင်ဆင်မှုက အခုထိမပြီးသေးဘူးလားမသိဘူး။

ပါဒကြီးဘုရားကို ဦးခင်ညွန့်ပြင်ဆင်မွမ်းမံဖို့ အစီအစဉ်ဆွဲခဲ့သလားလို့။

ဘုရားတွေဖူးပြီး ကြည်နူးရပါတယ်ဗျာ။

poemflower said...

ဘုရားလာဖူးပြီး ကုသိုလ်တွေအတွက် သာဓုပါမအနမ်း

Dream said...

တီတီရေ...စလုံးကွန်နက်ရှင်က ကျကျနေတယ် ..း(
အခုတောင် ၂ခါပြန်ပေးမှရတာ.... ဟင့်

ဘုရားလဲ ဖူးရင်း.... ဟဲဟဲ
အော်..စာလဲဖတ်သွားပါသွားပါတယ်လို့...နော်
ကိုယ်တိုင်သွားရောက်ဖူးလိုက်ရသလိုပါပဲ...တီတီနမ်း
ကျေးဇူးပါနော့်

အာဝါးးးးးးးးးးးးးးးးးးးးးး

desertraindrops said...

မနမ်းရေ.ဘုရားလာဖူးတယ်။ ကျောက်တန်းတောင် မရောက်တာ ၃နှစ်ရှိတော့မယ်။ ဒီတစ်ခါပြန်ရင် သွားဦးမယ်။ မ့ရဲ့အဖေအတွက် ညီမလဲ ဆုတောင်းပေးတယ်နော့။

လင်းကြယ်ဖြူ said...

ပုံတွေကကြည်ညိုစရာ ကောင်းတယ်..
မိသားစု ပျော်စရာ ဘုရားဖူးကုသိုလ်တွေကြောင့်
မိသားစု ကျန်းမာပျော်ရွှင် ကြပါစေလို့..ဆုမွန်ချွေပါတယ်
ခင်ဗျာ...
အေးမြသာယာရှိပါစေနော..
လေးစားစွာ
လင်းကြယ်ဖြူ

ဝသန်မိုး said...

ဘုရားလာဖူးပါတယ် မအနမ်းရေ

Angel Shaper said...

မိဘကိုသိတတ်တဲ့ သမီးအလိမ်မာလေး မအနမ်း ကို လေးစားပါတယ်။

ကိုလူထွေး said...

ချက်ချင်းလိုက်လာတယ်နော်...
ကျောက်တန်းဆိုလို့ ငါးတွေများတွေ့ရမလားလို့...
ဘာလို့ ငါးပုံတွေ မရိုက်ခဲ့တာလဲ...
ငါးစာကြွေးကြရအောင်လေ...

းဝ)

Anonymous said...

ဘုရားဖူး ဘယ်မှမရောက်ဖြစ်တာတောင် အတော်ကြာပြီဗျာ.....။ ကျေးဇူးပါပဲဗျာ..။ အဖေ့အတွက်လဲ စိတ်မကောင်းပါဘူးဗျာ..။

ဂျေဂျူဝိုင် said...

ဓာတ်ပုံလေးတွေနဲ့ ဖူးမြော်ခွင့်ရလည်း ကျေနပ်ပါတယ်။ ဓာတ်ပုံတွေ တင်ပေးတဲ့အတွက်လည်း ကျေးဇူးပေါ့ဗျာ။ မရောက်ဖူးပေမယ့် သိရဖူးရတော့ ကျေနပ်ပါတယ်။