မှန်တာပြောတာ ဘာဖြစ်လဲ???

ရွာတစ်ရွာမှာစကားမဆင်မခြင်ပြောတတ်တဲ့ အဖွားတစ်ယောက်ရှိသတဲ့။ အဖွားစရိုက်ကတစ်မျိုး။ သူနှင့်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ၀င်ရောက်စွက်ဖက်ပြောဆို တတ်တဲ့အကျင့်ပါ။ သား သမီးတွေက အကျိုး အကြောင်းပြပြီးဆင်ခြင်ဖို့  ပြောကြပေမယ့်
“ မှန်တာကိုပြောတာ ဘာဖြစ်သလဲ” ဆိုတဲ့ သူရဲ့ လက်သုံးစကားအောက်မှာပဲ သားသမီးတွေရဲ့ ကြိုးစားမှုတွေ ပျက်ပြယ်သွားရပါတယ်။

အဖွားနဲ့ ဆက်ဆံလိုက်ရင် တစ်နေ့ မဟုတ်တစ်နေ့ မျက်နှာပျက်စရာ၊ စိတ်တိုစရာနဲ့ ကြုံရပါ တယ်။ ဒါကြောင့် အိမ်နီးနားချင်းများသာမက တစ်ရွာလုံးနီးပါး အဖွားနဲ့ ပြောဆို ဆက်ဆံမှုကို ရှောင်လာကြပါတယ်။ သားသမီးများမျက်နှာကြောင့် မလွှဲသာလို့  တစ်ခါတစ်ရံဆက်ဆံမိပြန် ရင်လည်း စိတ်ဆိုး ဒေါသထွက်စရာနဲ့ ကြုံ ကြရပြန်ပါတယ်။

အဖွားအပြောအဆိုကြောင့် ပြဿနာတစ်ခုမဟုတ်တစ်ခုအမြဲကြုံနေရလို့  သားသမီးများပင် အဖွားဒဏ်ကို မခံနိုင်တော့တဲ့အခြေအနေကိုရောက်လာပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ 

ဝေးရာရွာအပြင်ဖက် တဲလေးတစ်လုံးဆောက်ပြီး အဖွားကိုထားရပါတယ်။ အဖွားကတော့ ရွာပြင်ကိုထုတ်ခံထားရပေမယ့် သူ့ ဖက်ကတစ်ပြားသားမှအလျော့မပေးဘူး။ မှန်တယ်ထင်ရင် ဘယ်သူ့ ကိုမှအလွတ်မပေးဘူး။ ပြောမြဲ ပါပဲ။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ခရီးသွားဧည့်သည်တစ်ယောက် ရေဆာလွန်းလို့  အဖွားတဲသို့  ရောက်လာပြီး ရေတောင်းသောက်ပါတယ်။ ခရီးသွားဧည့်သည်က မျက်စိတစ်ဘက်ပျက်နေသူဖြစ်ပါ သတဲ့။ သောက်ရေသာမကပါဘူး အဖွားကအခြားစားသောက်ဖွယ်တွေကိုပါ ပျူပျူငှာငှာ ချကျွေးဧည့်ခံပါတယ်။ ဧည့်သည်က ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်ပြီး အိမ်သားတွေဘယ်ကိုသွားပြီး အလုပ် လုပ်နေကြတာလဲ၊ တစ်ယောက်မှမတွေ့ ကြပါလား လို့ မေးတော့ တစ်ယောက်တည်းနေထိုင်ကြောင်း။ အမှန်ကိုပြောလို့ ဆိုပြီး သားသမီးမြေးများသာမက တစ်ရွာလုံးကမကြိုက်ကြကြောင်း။ မိမိကိုဝိုင်းပယ်ပြီး ရွာအပြင်သို့ ထုတ်ထားလိုက်ကြောင်း ပြောပြလိုက်ပါတယ်။

အဖွားကိုကြည့်ပြီး ဧည့်သည်ကအလွန်သနားသွားပါတယ်။ ဒီလောက် အသက်အရွယ်ကြီးရင့်နေတဲ့ မိခင်အိုကိုပစ်ထားရက်တဲ့ သားသမီးများ ကိုလည်း ဒေါသထွက်မိပါတယ်။ စာနာမှုကင်းမဲ့သူတွေလို့  ယူဆပြီး ရွာသားများကိုလည်း အပြစ်တင်မိပါတယ်။ တဆက်တည်းမှာပဲ ဘယ်လိုအမှန်စကားကို ပြောလို့ ဒီလောက် ရက်ရက်စက်စက် ၀ိုင်းပယ်ထားကြတာလဲလို့ လည်းတွေးနေမိပါသေးတယ်။

ဒီလိုနဲ့ အဖွားကျွေးတဲ့အစားကိုလည်းစား၊ ရေလည်းတ၀သောက်ရင်း တဲရှေ့  သစ်ပင်အောက်ခုံမှာ အဖွားနဲ့ အတော်ကြာအောင်စကားပြောနေမိပါတယ်။ အချိန်အတော်ကြာသွားတဲ့အခါ ခရီးသွားဧည့်သည်ဟာ ခရီးဝေးဆက်ရအုံးမှာမို့ သွားခွင့်ပြုဖို့  အဖွားကိုပြောဆိုနုတ်ဆက်ပြီးထွက်လာခဲ့ပါတယ်။ မလှမ်းမကမ်းရောက်တဲ့အခါမှာတော့ သူ့  ကိုရည်ညွှန်းခေါ်ဝေါ်လိုက်တဲ့ အဖွားရဲ့ အသံကိုကြားလိုက်ရပါတော့တယ်။ သူ့ ကို ရည်ညွှန်းပြောသံကိုကြားလိုက်တော့မှ ဘယ်လိုအမှန်စကားကိုပြောလို့ သား သမီးတွေ သာမက တစ်ရွာလုံးကအဖွားကိုဝိုင်းပယ်ထားကြတယ်ဆိုတာ ခရီးသွားဧည့်သည် ချက်ချင်း သဘောပေါက်သွားပါတယ်။ ဒါတင်မက သားသမီးများနဲ့ တစ်ရွာလုံး အပေါ်ဖြစ်ပေါ်ခဲ့တဲ့ဒေါသစိတ် အပြစ်မြင်စိတ်တွေလည်း လွင့်စင်သွားပါတော့တယ်။ ခရီးသွားဧည့်သည် ကြားလိုက်ရတာက ….


“ ဟဲ့ မျက်စိတစ်ဖက်ကန်းနေတဲ့ခရီးသွားသူငယ်၊ မင်းလွယ်အိတ် ဒီမှာမေ့ကျန်ခဲ့ပြီ” ဆိုတဲ့အဖွားရဲ့  အသုံးအနှုန်းပါ။

ဘယ်လောက်ပင်ဟုတ်မှန်နေပါစေ၊ မပြောသင့်တဲ့စကားတွေလောကမှာအများကြီးပါ။ ခိုးတတ်၊ ၀ှက်တတ်သူကို သူခိုးကြီးလို့  ခေါ်ရင် အခေါ်ခံရသူမကြိုက်သလို၊ ထောင်ကျဖူးသူကို လုရှေ့  သူရှေ့ မှာ ထောင်ထွက်ကြီးလို့ ပြောဆိုရင်လည်း မကြိုက်တတ်ပါဘူး။ "တို့ ကတော့ အမှန်ပြောတာပဲ ကြိုက်တယ်" လို့ ဆိုတဲ့သူပင် သူ့ ရဲ့ လျှို့ ဝှက်ချက်၊ အားနည်းချက်ကို တစ်ယောက်ယောက်ကထုတ်ဖော်ပြောဆို လိုက်ရင် စိတ်ဆိုးတတ်ပါတယ်။ တစ်ချို့ က အငြိုးထားတုန့် ပြန်တတ်ပါတယ်။ ဒါကြောင့် ဒီလိုစကားမျိုး ဟာမှန်ပေမယ့် အပြောခံရသူလည်းမကြိုက်၊ မိမိနဲ့ သူတစ်ပါးလည်းအကျိုးမရှိတဲ့စကားလို့ ပြောရမှာ ဖြစ်ပါတယ်။

အရှင်နန္ဒသေနာလကာင်္ရ ရဲ့ ဘာသာရေးအနှစ်သာရများ (စာစဉ် -၂) မှ
ကောက်နုတ်ရေးသားထားခြင်းဖြစ်ပါတယ်။
မှတ်ချက်။ ။ ခေါင်းစဉ်ကတော့ ကျွန်မနှစ်သက်ရာရွေးထားခြင်းပါ။ ခေါင်းစဉ်နဲ့ ပတ်သတ်လို့ ရိုင်းများနေရင် ကျွန်မသာအပြစ်ရှိသည်ဟုဝန်ခံပါသည်။

17 ယောက်ဆွေးနွေးချက်:

Chitpalonelay said...

ဝေး တို့တစ်ကွ ဖတ်နေရင်း တဝက်ရောက်မှ သတိယလို့ ကြည့်မိတာ တစ်ကွ
ခင်မင်လျှက်
ညီမလေး ပါးလုံး

မိုးစက်အိမ် said...

ဘာဘဲဖြစ်ဖြစ်မှန်တာပြောကောင်းတယ်
ဟိုမူသားမပါ လင်္ကာမချောကျတော.
ဖြေရခက်သွားတာပေါ.ဗျာ နော်.အမရေ :D

Chitpalonelay said...

အင်း စိတ်ဝင်တစားကို ဖတ်သွားပါတယ်။ ဟုတ်တယ်နော် ဒါကိုတော့သေချာတောင်စဉ်းစားရမယ်
မုသားလည်းမပြော တည့်တိုးလည်းမပြောရင် ဖြစ်တာပဲနော် ထင်တာကိုပြောကြည့်တာ အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

Anonymous said...

ဒီစာလေး ဖတ်ဖူးတယ်ဗျ ဘယ်မှာ ဖတ်ဖူးမှန်း မသိဘူး..။ ဘာဖြစ်ဖြစ်လေ မှန်တိုင်းလဲ မကောင်းပါဘူး...။ ကျနော့်အထင်ပေါ့လေ စကား အပြောအဆိုပေါ်မူတည်တယ် ထင်တာပဲ စကားတလုံးနဲ့ လူအသက်ပေါင်းများစွာ သေစေနိုင်သလို၊ လူအသက်ပေါင်းများစွာကို ကယ်နိုင်ပါတယ်...။

kiki said...

မှန်လွန်းလို့ အကန်ခံရတယ်ပေါ့။။
အဲဒါကြောင့် မှန်ကန်တယ် ဆိုတဲ့ စကားကိုသုံးကြတာလားမသိ ။

ဒီတော့ တခါတလေ မုသားလေးပြောသင့်တဲ့အခါပြောရမယ်ထင်ပ ။
မုသားမပါ လကာၤမေခ်ာ ဆိုတာကိုး ။
ဒါပေမဲ့ ချောတဲ့လကာင်္တိုင်း ဟာလည်း ၊မုသား ဖြစ်ချင်မှ ဖြစ်မယ်နော် ...
အဓိပ္ပါယ် ကလည်း ယူတဲ့သူအပေါ်တည်ပါသေးတယ် ။
အဓိပ္ပါယ်အကောက်လွဲလို့  အထင်လွဲတာတွေရော..ဖြစ်တတ်တာ

အို.. ရှုပ်နေတာ ။။
ဝစီပိတ် နေရတော့မလို ပါလား ။

ဘာပဲ ဖြစ်ဖြစ် မှန်တာကို ကြည့်ပြီးပြောရတော့မယ် နော် ... ။ ပိဿလေး ဘေးပစ် စကားမျိုးတွေ ..ရှောင်ရမယ် ။
ဟိ .. ခုတောင်ပြောမိနေပြီ ။ ? ? ?..
ဝစီတော့ပိတ်ပါရဲ့ ..လက်ကလျှောက်ရေး နေမိတာ ။
ဘလောဂ်ရွာ အပြင်တော့ အထုတ်ခံ ထိတော့ မှာဘဲ ။။

မျက်မှန်လေး said...

အေး လေ.။။သူခမျာ အမှန်ပြောရှာတာဘဲ။ တနားပါဒယ်။

may16 said...

ခဏ၂ကို ဖတ်ဖြစ်ပြီး အမှတ်ရနေတဲ့ပုံပြင်လေးပါ..

Min Myat Soe said...

ခေါင်းစဉ်နဲ့ လိုက်ပါတယ် မရိုင်းပါဘူး

မောင်ကောင်း said...

အစ်မပိုစ့်လေးကပညာပေးပိုစ့်လေးပါပဲ..
ဟုတ်ပါတယ်.. မှန်တိုင်းလည်းပြောလို့ မရတာတွေ အများကြီးပါအစ်မ..
ဘုရားရှင်ရဲ့ စကား(၂)ခွန်းလိုပါပဲ...
ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်.. သူတစ်ပါးနာလိုရင် ပြော..
ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်..
သူတစ်ပါးမနာလိုရင်တောင်မှ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးပြောရတာတွေ ရှိပါတယ်အစ်မ...
အစ်မဖော်ပြပေးတဲ့ ပိုစ့်လေးက တကယ် အသိတရားရစေပါတယ်...
ကျေးဇူးပါပဲအစ်မရေ...
ိစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

Sein Lyan Tun said...

မှန်တာပြောတာတော့ အကောင်းဆုံးပေါ့

တစ်ခါတစ်လေ အမှန်ပြောမရတာရှိတယ်..

လိမ်တာမဟုတ်ပေမယ့် အမှန်နဲ့ ချက်ခြင်း တုံ့ ပြန်လို့ မရတဲ့အခြေအနေမှာ အမှန်ကို ခဏ အနားပေးထားတာမျိုးတွေရှိတယ်လေ..

အကျိုးမဲ့အောင်လိမ်ညာတာတော့ မဟုတ်ဘူးပေါ့..

ိုပိုစ့်ကောင်းတယ်..

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Angel Shaper said...

မကြီးရေ.. ကောင်းလိုက်တာ။
မှတ်သားသင့်ပါပေတယ်။ အဖေပြောဖူးသလိုပေါ့။ လူတွေက သူတပါးအားနည်းချက်ပဲပြောချင်ကြတယ်တဲ့။ ဥပမာ ခြေတဖက်မကောင်းတဲ့သူ လို့ပြောတတ်ကြတယ်နော်။ ဘယ်သူမှ ခြေတဖက်ကောင်းတဲ့သူလို့ မပြောမိသလိုပေါ့။ ဟိဟိ အဲလိုပြောရင်လဲ ရွဲ့ ရာရောက်ဦးမယ်နော်။ မှတ်သားသွားပါတယ်။

ကိုလူထွေး said...

"အပြောမတတ်တော့ ဆဲသလို"

...ဆိုတဲ့ ဗမာစကားလည်း ရှိတယ်လေ...

ပိဿာလေးနဲ့ ထုသလိုပဲတဲ့...

းဝ)

Dream said...

အဲဒီပို့စ်လေး ဖတ်ဖူးတယ် တီတီနမ်း...

အခုတခါ ပြန်ဖတ်ရတော့ ပိုမှတ်မိတာပေါ့။

လောကမှာ မှန်တာပြောတိုင်းလဲ အကျိုးမရှိပါဘူးနော်။

ဘုရားရှင်ဟောကြားတဲ့အတိုင်း စကားပြောရမှာ
မှန်လဲမှန်မယ် အကျိုးလဲ ရှိမယ်ဆိုမှ ပြောသာကောင်းပါတယ်..

တီတီရေ...ကျေးဇူး
အာဝါးးးးးးးးးးးးးးးးးးးးးးးး
မပေးရတာတောင်ကြာပေါ့
အဟီးးးး

တာ့တာ

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ် အစ်မရေ... အမှန်ပြောတာ ကြိုက်တယ်လို့ ပြောပြောနေမိပေမယ့် နားဝင်မချိုအောင် ပြောတဲ့ အမှန်တရားတွေနဲ့တွေ့ရင် တုန်လှုပ်မိပြန်ရော။ အမှန်ကို အမှန်လို မြင်နိုင်အောင်၊ ဘယ်လို စကားလုံးမျိုးနဲ့ သုံးပြောပြော ကြံကြံခံနိုင်အောင် ကြိုးစားရပါဦးမယ်...း)

သူကြီးမင်း (တုံးဖလား) said...

မှန်တိုင်းလဲ မကောင်းဘူးလေ အမရဲ့ ။ နော်။

ကိုရဲ said...

ဒါလေးကိုတော့ သဘောကျပါတရ်း) ဆုတောင်းအတွက် ကျေးဇူးပါး)

(ကိုရဲ)

~ဏီလင်းညို~ said...

ဒီပို့စ်လေးအတွက် ကျေးဇူးပါခင်ဗျာ...။