ငါလိုချင်တာ၊ ငါ့တဏှာကို
ငါသာမွေးဖွားပေးလိုက်၏
ငါစားချင်တာ၊ ငါ့တဏှာကို
ငါသာရှာဖွေပေးလိုက်၏
ငါဝတ်ချင်တာ၊ ငါ့တဏှာကို
ငါသာဝယ်ယူပေးလိုက်၏
အော်..ငါ၏ခြေရာ၊ ငါ့တဏှာကို
ငါသာလိုလား၊ ငါလိုက်စား၍
အမှားတွေစုံ၊ တောင်လိုပုံလျှက်
ဝဋ်ဘုံသံသရာ၊ မျှောနေပါပြီ
ငါသာငါလျှင်၊ မကယ်တင်ပဲ
ငါပင်ငါနှစ်၊ ရေစုန်နစ်သည်
မချစ်မုန်းသူ ငါတကား။
ဘုတလင်-အရှင်ညဏိန္ဒ
ဖတ်မိတာလေးမျှဝေပေးခြင်းပါ။ (၁၃၄၄ခုနှစ်က ဓမ္မဗျူဟာစာစောင် အတွဲ၂၁၊ အမှတ်၎) မှ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
6 ယောက်ဆွေးနွေးချက်:
အင်း မချစ်မုန်းသူ ငါတကားးးးးးးးးး
ငါ ငါ ငါ မချစ်သောငါ....
ကောင်းလိုက်တာ မျှဝေလိုက်လို့ ဖတ်ရတာ။ ကျေးဇူးနော်။
စကားမစပ် တစ် ရ တယ်။ ဟိဟိ
အို ကဗျာလေးက ကောင်းလိုက်တာ မအနမ်းရယ်
ငါ ငါ ဒီငါကြောင့်ပဲ ငါနစ်မွန်းကြရတယ်နော်
ဪ .. တဏှာ .. တဏှာ ..
နှစ်ဏှာ ဆို တွေးရဲတော့ဘူး ...
တွေးတော့ဘူး .... စိတ်ကုန်လို့  ..
ရေနစ်မှာ အကြောက်ဆုံး မို့  ...
လိုချင်တာထပ် လိုအပ်တာကို ဦးစားပေးမိလို့လား
ဟုတ်တယ်နော်..
ငါလိုချင်တာ၊ ငါ့တဏှာကို
ငါသာမွေးဖွားပေးလိုက်၏တဲ့....
ငါပင်ငါနှစ်၊ ရေစုန်နစ်သည်
မချစ်မုန်းသူ ငါတကား....
မချစ်မုန်းသူ ငါတကား...
အခုလိုမျှဝေပေးတာ ကျေးဇူးမ အနမ်း
ဟုတ်ပါတယ်ဗျာ....
စာပေမှာ နှံ့စပ်သူတစ်ယောက်ဖြစ်လို့
ဒီဆုံးမစာကို ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးး
အ၇င်ကတည်းက မဖတ်ဖူးပါဘူး...
အခုမှဖတ်ဖူးတာ..
အဲလောကိကို နှံ့စပ်တာ..
အခုလိုတင်ပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..
ဆင်ခြင်စရာလေး ရသွားတာပေါ့..
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။
မ့ရေ မှတ်သားသွားပါတယ်။ သိပ်ကောင်းတဲ့ဝေမျှမှု့လေးပါ။ ငါ ငါ ငါ နဲ့ ငါတကောကောနေမိတာလေးကို ဆင်ခြင်မိသွားတယ်။
Post a Comment